ကိုးကန့်ခေါင်းဆောင် ဦးပယ်စောက်ချိန်နေအိမ်ဝင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်ရဲ့ နေအိမ်ဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကိုးကန့်လုံခြုံရေးအဖွဲ့ဝင် ၁ ဦး သေဆုံးကာ  ၄ ဦး ဒဏ်ရာရ သွားတယ်လို့  အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက် ၆ နာရီခွဲလောက်က ကိုးကန့်တိမ်းရှောင်တပ်တွေက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာဘက်ကနေ  လောက်ကိုင်မြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ မှာ ဦးပယ်စောင်ချိန် နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်တိမ်းရှောင်အဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းကတော့ အစိုးရတပ်ဟာ တိမ်းရှောင်နေတဲ့ရွာသားတွေကို နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ လောက်ကိုင်မြို့ပေါ်  အတင်းအကျပ်ရွှေ့ပြောင်းနေထိုင်စေတာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ရတာလို့ပြောပါတယ်။

“အဲဒီအိမ်ထဲမှာ ပယ်စောက်ချိန်လည်း မရှိဘူး။  သူ့သားလည်း မရှိဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အစိုးရတပ်ဖွဲ့ဝင်နဲ့ ပယ်စောက်ချိန်သားက နေလို့ရပြီ ဆိုပြီး ဒုက္ခသည်တွေကို မြို့ထဲအတင်းပြန်ခေါ်လာတယ်။ မြို့ထဲရောက်တော့ သူတို့ဘက် ပါခိုင်းတယ် ၊ မပါဘူးဆိုရင် ပစ်သတ်တယ်။  ၂ ယောက်အသတ်ခံရတယ် ၊ လူရော ကားရော ဖမ်းသွားတာလည်းရှိတယ်။ ၂ ယောက်  ၃ ယောက် ရှိတယ်။ အဲဒါ သတိပေးတဲ့အနေနဲ့ သွားပစ်တာ။ ပယ်စောက်ချိန် အဖွဲ့ကို အဲဒီအိမ် နောက်မှာရှိတဲ့ အစိုးရတပ်ကလည်း ကူပြီးပစ်ပေးတယ်။ ၂ ဖက်ပစ်ကြတာ မိနစ် ၄၀ လောက် ကြာပါတယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ ကျည်ဆံတွေဟာ  ပယ်စောက်ချိန် နေအိမ်ကို အနည်းအကျဉ်းထိမှန်ခဲ့တဲ့ အကြောင်းနဲ့   အမ်အန်ဒီအေအေ အဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅  ရက်မှာပဲ လောက်ကိုင် အရှေ့ဘက် တာရွှေထန်ဒေသဘက်မှာလည်း အစိုးရတပ်ဘက်က သူတို့ကို လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး ကြည်းတပ်နဲ့ ထိုးစစ်ဆင်လာတဲ့ အတွက် သူတို့အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်သြဂုတ်လမှာ  ကိုးကန့်ခေါင်းဆောင်ဟောင်း  ဦးဖုန်ကြားရှင် ထွက်ပြေး တိမ်းရှောင်သွားပြီးနောက်  အထူးဒေသ (၁)နယ်မြေကို ဦးစီးဆောင်ရွက်ဖို့ ကိုးကန့်ဒေသ ယာယီ ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးပယ်စောက်ချိန်ကို အစိုးရက  ခန့်အပ်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါ တယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/83280
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment