နိုင်ငံရေးသမားကြီး စာရေးဆရာ သခင်တင်မြ အသက် ၉၁ နှစ်ဟာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၇ နာရီက ရန်ကုန်၊ ဒဂုံမြို့သစ်အရှေပိုင်း နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ဘုံဘ၀မှာဖြင့် စာအုပ်နဲ့ ထင်ရှားတဲ့ သခင်တင်မြဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ အသက် ၁၃ နှစ်အရွယ်လောက်ကတည်းက နိုင်ငံရေးလောကထဲ ရောက်ရှိခဲ့တဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးဖြစ်ပါတယ်။
သခင်တင်မြဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလောက်ကတည်းက ဦးနှောက်ကျုံ့တဲ့ရောဂါနဲ့ မမာမကျန်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာမှာလည်း နမိုးနီးယားဝင်ပြီး နောက်တကြိမ်ဆေးရုံတက်ခဲ့ရပါတယ်။ ဒုတိယအကြိမ်ဆေးရုံတက်ရပြီး အိမ်ပြန်ရောက်လို့ ၅ လလောက်အကြာ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ကျန်ရစ်သူ ဇနီးသည် ဒေါ်သန်းသန်းညွန့်က ပြောပါတယ်။
ဆရာကြီးရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်ကို ပို့ဆောင်ထားပြီး ဈာပနကျင်းပမယ့်ရက်နဲ့ အချိန်ကို အတိအကျ မသိရသေးပါဘူး။
By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83552

0 comments:
Post a Comment