မအူပင်မြို့နယ်မှ ဆရာ၊ ဆရာမ လစာငွေများတွင် ကျပ်သိန်းငါးဆယ်မှာ စက္ကူအဖြူများဖြစ်နေဟုဆို

မအူပင်မြို့နယ်အတွင်း ရှိ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား လစာထုတ်ပေး ရန် မြန်မာ့စီးပွားရေးဘဏ်(မအူ ပင်)မှ ကျပ်သိန်းနှစ်ထောင်ခန့်ထုတ်ယူခဲ့ရာ ကျပ်သိန်းငါးဆယ် ခန့်မှာ စက္ကူအဖြူများ ဖြစ်နေ သောကြောင့် ဆရာ၊ဆရာမများ လစာလျှော့ယူခဲ့ရကြောင်း သ တင်းရရှိသည်။
ဖေဖော်ဝါရီ ၂၇ရက်က မအူ ပင်မြို့နယ်အတွင်းရှိ ဆရာ၊ဆရာ မ၀န်ထမ်း ၁,၅၁၄ ဦးကို လစာ ထုတ်ပေးရန် မအူပင်မြို့နယ်ဒုပ ညာရေးမှူးဦးမြင့်စိုးနှင့် ဆရာ၊ဆ ရာမ ငါးဦးသည် မြန်မာ့စီးပွားရေး ဘဏ်(မအူပင်)မှ ငွေကျပ်သိန်း နှစ်ထောင်ခန့် ထုတ်ယူခဲ့သည်။
‘‘ထုတ်တာက ဒုတိယမြို့ နယ်ပညာရေးမှူး ဦးမြင့်စိုးက ထုတ်ယူလာတယ်။ ထုတ်ပြီး တော့ ပိုက်ဆံထုပ်က ဆာလာ အိတ်နှစ်ထုပ်နဲ့သယ်လာတယ်။ ပြီးတော့ ဘဏ်နဲ့ မျက်နှာချင်းဆိုင် မှာ ဦးမြင့်စိုးရဲ့အိမ်ရှိတယ်။ အဲဒီ မှာ အုပ်စုလေးအုပ်စုခွဲတယ်။ ခွဲ ပြီးတော့ သိန်း ၁,၉၀၀ ကျော်ကို လစာထုတ်တဲ့နေရာကို သွား တော့ မှ တွေ့တာ။  ပိုက်ဆံကို ထုပ်ထားတာ စနစ်တော်တော် ကျတယ်။ ဆယ်အုပ်စည်းတွေမှာ ဖြစ်တာ။ အဲဒါကိုအဆင့်ဆင့်တင် ပြပြီးတော့ အခုပိုက်ဆံထုပ်ကို ဘယ်သူမှအထိမခံဘူး။ အခု လောလောဆယ် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှာဌာနဆိုင်ရာအုပ်ချုပ်ရေးမှူး၊ ရဲမှူး၊စ ခန်းမှူး၊ သတင်းတပ်ဖွဲ့ရော၊ ဘဏ်ကရော၊ ဥပဒေကရော ခေါ်ပြီးတော့ စိစစ်နေပါတယ်’’ဟု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့  ရောက်ရှိနေသည့် မအူပင်မြို့နယ် ပညာရေးမှူးရုံးစာရေးကြီးဦး ကျော်အောင်ကပြောသည်။
စက္ကူများပါလာခြင်းနှင့်ပတ် သက်၍ဖေဖော်ဝါရီ ၂၇ရက် ည ပိုင်းအထိ ဖြေရှင်းနေကြဆဲဖြစ် ကြောင်း ၎င်းကပြောသည်။
ထုတ်ယူလာသော ကျပ်ငါး ထောင်တန်အုပ်ထဲမှ ငါးထောင် တန် ငါးသိန်းအုပ် ၁၀ အုပ် ပေါ်၌ ငါးထောင်တန်ငွေစက္ကူအ စစ်များသာကပ်ထားပြီး အလယ် တွင် စက္ကူများဖြစ်နေခြင်းဖြစ် သည်။ ထိုသို့ စက္ကူများပါလာ သော ငါးသိန်းအုပ်၁၀အုပ်ကို မြန် မာ့စီးပွားရေးဘဏ် (မအူပင်) သို့ ပြန်လည်ပေးအပ်ထားကြောင်း သတင်းရရှိသည်။
စက္ကူများပါလာ၍ ငွေလျော့နေသောကြောင့် လစာ ခွဲဝေပေးရမည့် ဆရာ၊ ဆရာမ ၁,၅၁၄ ဦးအား တစ်ဦးလျှင် ၃၃၀၃ ကျပ်စီလျော့နည်း၍ ထုတ်ယူရကြောင်းသတင်းရရှိသည်။
‘‘ပိုက်ဆံတွေက များ နေတော့ ငွေကိုစစ်မလာဘူးလို့ ပြောတယ်။ ဒီရောက်လို့သူ့နယ် အလိုက် ငွေထုပ်တွေခွဲတော့မှ စက္ကူတွေပါလာတာသိရတာ။ အဲ ဒီလိုဖြစ်လို့ ဆရာ၊ ဆရာမတွေအ စည်းအဝေးထိုင်ပြီး ဆုံးဖြတ်တာ အားလုံးသဘောတူပြီးတစ် ယောက်ကို သုံးထောင်ကျော်စီ နုတ်လိုက်တာ။ ဆရာတစ်ဦးက တော့ နုတ်တာကိုလက်ခံတယ်။  အမှုမှန်ပေါ်အောင်လုပ်ပေးပါလို့ တောင်းဆိုတယ်’’ဟု မအူပင်မြို့ ဗောဓိအခြေခံပညာမူလတန်း ကျောင်းမှ ဆရာမတစ်ဦးကပြော သည်။
ပိုက်ဆံထုတ်ရာတွင် စက္ကူ များပါလာခြင်းနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်(မအူပင်)မှ ဘဏ်မန်နေဂျာထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မရရှိခဲ့ပေ။
Byငြိမ်းချမ်း၊ ဇော်မျိုးလှိုင်                                                                                                                                        Source:7daydaily.com


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment