ခေါက်ဆွဲရောင်းနေသည့် အမျိုးသမီး တစ်ဦး ဓါးဒဏ်ရာ ၁၁ ချက်ဖြင့် ပွဲချင်းပြီးသေဆုံး



ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးသည် ၎င်း၏ ဆိုင်၌ပင် ဓါးဒဏ်ရာ (၁၁)ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဖေဖော်ဝါရီလ (၂၃)ရက် ညနေ (၃)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသည် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် ဖွင့်လှစ် ထားရှိသည့် ခေါက်ဆွဲဆိုင်တွင်ဖြစ်ပြီး သေဆုံးသူသည် "ဝ"တိုင်းရင်းသူ ဖြစ်ကြောင်း သိရသည်။

ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ (၁၁)ချက်၊ လည်ပင်းတွင် ထိုးသွင်းဓါးဒဏ်ရာ (၁)ချက်ဖြင့် ပက်လက် အနေအထားအတိုင်း နေအိမ်ဈေးဆိုင်၏ ရေချိုးခန်းအတွင်း၌ သေဆုံးနေသော အမျိုးသမီးသည် ရှမ်းခေါက်ဆွဲ ရောင်းနေသော အသက်(၄၇)နှစ်ရှိ ဒေါ်ယေ့တောင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

"ကျွန်တော်တို့ အသင်းအနေနဲ့ သတင်းကြားကြားချင်း အမြန်ဆုံးသွားလိုက်ပေမဲ့လည်း အသက်က မရှိတော့ဘူး၊ အသက်မရှိတော့တဲ့ အတွက် ရင်ခွဲရုံကိုဘဲ သယ်လာခဲ့ရပါတယ်၊"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ ပြောပြသည်။

"ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကလည်း တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် အတွက် စုံစမ်းနေပါတယ်"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

ဓါးဖြင့် အချက်ပေါင်း (၁၁)ချက်ထိုး၍ ထွက်ပြေးတိမ်းရှောင်နေသော တရားခံအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၇/၂၀၁၅၊ ပြစ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ကာ ထားရှိပြီး တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

⊰❂ Tachileik Online News ( www.tachileik.net ) ❂⊱
http://www.tachileik.net/2015/02/11s.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment