ဝှိုက် ကတ်တွေ အပ်ဖို့ စစ်တွေမှာ စပြော

ဝှိုက်ကတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွား
ရခိုင် ပြည်နယ်က ဝှိုက်ကတ် ကိုင်သူ တွေကို ဝှိုက် ကတ်တွေ ကို ပြန်အပ်ဖို့ သက်ဆိုင်ရာ က စအကြောင်းကြား လာပြီ ဖြစ်ပါတယ်။

လဝက ထုတ်ပေး ထားတဲ့ ဝှိုက်ကတ် သက်တမ်း မတ်လ ၃၁ ရက် နေ့မှာ ကုန်ဆုံး တော့မှာ ဖြစ်ပြီး မေလ ၃၁ ရက် နောက်ဆုံး ထား ဝှိုက်ကတ် တွေ ပြန်အပ် ရမယ် လို့ စစ်တွေ မြို့ အောင်မင်္ဂ္လာ ရပ်ကွက် မှာ ခရိုင် လဝက မှူး က တနင်္လ࿿ာ နေ့က အကြောင်းကြား တယ်လို့ သိရ ပါတယ်။

ဝှိုက်ကတ် သိမ်းပြီးတဲ့ နောက်ပိုင်း ဝှိုက်ကတ် မှာ နံပတ်နဲ့ ပါတဲ့ အထောက်အထား စာရွက် တစောင်စီ ထုတ်ပေးမယ်လို့ ပြောဆို ရှင်းပြ ခဲ့တယ်လို့ အောင်မင်္ဂ္လာ ရပ်ကွက် က မွတ်ဆလင် ခေါင်းဆောင် ဦးအောင်ဝင်းက ဆိုပါတယ်။

မွတ်ဆလင် လူကြီးတွေ က အသိုင်းအဝိုင်း တခုလုံးနဲ့ တိုင်ပင်ပြီး ဝှိုက်ကတ် အပ် မအပ် ပြန်အကြောင်းကြား မယ်လို့ ခရိုင်မှူး ကို ပြောဆို ခဲ့တယ်လို့ ပြောပါတယ်။

ဝှိုက်ကတ် သိမ်းပြီး နောက် ဘယ်လို ဆက်လက် ဆောင်ရွက်မယ်၊ အဲဒီကတ် သိမ်းပြီး နောက်ပိုင်း ဘယ်လို ကတ်တွေ ထုတ်ပေးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောတာ မရှိဘူး လို့ ဆိုပါတယ်။

ဝှိုက်ကတ် တွေကို ပြန်မအပ်ရင် ဘယ်လို အရေးယူ မလဲဆိုတာလည်း ညွှန်ကြားချက် ထုတ်တာ မရှိသေးဘူးလို့ သိရ ပါတယ်။

ရခိုင် ပြည်နယ် ဟာ ဝှိုက်ကတ် ကိုင်သူ အများဆုံး ရှိတဲ့ ပြည်နယ် တခု ဖြစ်တာကြောင့် ဥပဒေကြောင်း အရ ရှင်းရှင်း လင်းလင်းနဲ့ လူထုကို အသိ ပေးမထား ရင် ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ရခိုင်တွေရော မွတ်ဆလင် အသိုင်းအဝိုင်းက ပါ ဒီဝှိုက်ကတ် ပြန်အပ်ရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်း ရှိဖို့ လိုလား နေကြ ပါတယ်။

ရခိုင် ပြည်နယ် လဝကမှူးကို ဆက်သွယ် ပေမယ့် ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပါဘူး ။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150223_arakan_white_cards
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment