ကျောက်ဆည်မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပြ ဌာန်းပေးဖို့ ကျောက်ဆည်ခရိုင်နဲ့ မန္တလေးခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ကျောက်ဆည် မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန္ဒပြနေစဉ်။ Photo: Nay Thwae/RFA
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပြဌာန်း ပေးဖို့ ကျောက်ဆည်ခရိုင်နဲ့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ က ကျောက်ဆည်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

အဲ့ဒီဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပေးဖို့အတွက် အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်ကို တောင်းဆိုတာဖြစ် တယ်လို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်မင်းခန့်က ပြောပါတယ်။

"အမျိုးသားပညာရေးဥပဒေကို လက်ရှိလွှတ်တော်နဲ့ အစိုးရကနေ အမြန်ဆုံး ကျနော်တို့လိုချင်တဲ့ ဥပဒေဖြစ်အောင် ပြင်ဆင်အတည်ပြုပေးဖို့ရယ်၊ ပင်မသပိတ်စစ်ကြောင်းကိုထောက်ခံတဲ့အနေနဲ့ ကျနော်တို့ဒီပွဲလေးကိုလုပ်ရတာပါ၊ ပညာရေးဥပဒေ ဟာ ကျနော်တို့လိုချင်တဲ့ ဥပဒေမဖြစ်ခင်အထိ၊ ကျနော်တို့လိုချင်တဲ့ဥပဒေမရခင်အထိ ကျနော်တို့ကျောက်ဆည်ခရိုင်ကတော့တိုက်ပွဲဝင်သွားပါမယ် "

ဆန္ဒပြကျောင်းသား ကျောင်းသူ ၇၀ ကျော်ဟာ ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ ကျောက်ဆည်ဈေးနဲ့ ဗိုလ်ချုပ် ပန်းခြံမှာ လှည့်လည်ဆန္ဒပြပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သွားရောက်အလေးပြုခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/kyaukse-students-protest-support-02252015110306.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment