ရန်ကုန်အဝင် မိုင်တိုင် (၁၉/၂)၌ ကုန်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျ


ရန်ကုန် ဖေဖော်ဝါရီ ၂၅

ဟင်္သာတမြို့နယ် ရှားခဲကျေးရွာနေ ဦးထွန်းလွင် ပိုင်ဆိုင်သော ၁၄ ဘီး ၆ဂ/... ယာဉ်အား ဦးဝင်းဌေး (၄၅)နှစ် မောင်းနှင်လာစဉ် ရန်ကုန် အဝင် မိုင်တိုင်အမှတ်(၁၉/၂)တွင် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂ နာရီ ခန့်တွင် လမ်းဘေးသို့ထိုးကျသွားကြောင်း မျက်မြင်တွေ့ရှိသူ ကိုနေမျိုးက ပြောသည်။

အဆိုပါယာဉ်တွင် ပီလောပီနံမှုန့် အိတ် ၃၇ဝ တင်ဆောင်လာပြီး ရန်ကုန်တွင် ကုန်ချသည့်အခါ အမှတ် စဉ်ဦးရန်အတွက် အပြိုင်မောင်းနှင်လာစဉ် လမ်းဘေးသို့ ထိုးကျသွားခြင်း ဖြစ်သည်။ အိတ်ရေအနည်းငယ် ရေစိုပျက်စီးပြီး ကားခေါင်းပိုင်းပျက်စီးမှု များကြောင်း၊ ယာဉ်နောက်လိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘုရင့် နောင်ပွဲရုံဝင်းနေ ပဲကုန်သည်တစ်ဦးက ဆိုသည်။

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်တွင် မကြာခဏ အထူးသဖြင့် ညပိုင်းတွင် အိမ်စီးယာဉ်ငယ်များ၊ ထော်လာဂျီ ယာဉ်များ၊ ကုန်တင်ယာဉ်များမှာ လမ်းပေါ်တွင် ယာဉ်ချင်းတိုက်မှု၊ သစ်ပင်ဖြင့်တိုက်မှု၊ လမ်းဘေးထိုးကျမှု များဖြစ်ပွားလေ့ရှိရာ ယာဉ်မောင်းများ အနေဖြင့် သတိထားမောင်းနှင်ရန် အထူးလိုအပ်သည်ဟု ကုန်တင်ယာဉ် ပိုင်ရှင်တစ်ဦးက ဆိုသည်။

(မောင်စေအောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment