မော်တော်ယာဉ် တင်သွင်းမှု မြင့်တက်လာ သော်လည်း ရန်ကုန် ကားဈေးကွက်တွင် ၀ယ်လက်နည်းပါး



ရန်ကုန် ဖေဖော်ဝါရီ ၂၇

၂ဝ၁၄ ခုနှစ်အတွင်း မြန်မာပြည်မော် တော်ယာဉ်တင်သွင်း ရောင်းချမှု ကဏ္ဍတွင် သက်ဆိုင်ရာမှ မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ၊ အများ မျှော်လင့်ထားသကဲ့သို့ အခွန်နှုန်းထား လျှော့ပေါ့မှုမရှိသည့်အပြင် သတ်မှတ်အချိန် ကာလတစ်ခု အတွင်း ပြည်တွင်းသို့မော်တော် ယာဉ်တင်သွင်းမှု များပြားလာသော်လည်း ဂျပန်လေလံဈေးကွက်တွင် လေလံဈေးနှုန်း ကျဆင်းမှုမရှိသည့်အတွက် မော်တော်ယာဉ် များဈေးနှုန်းကျဆင်းမှု မရှိသည့်အပြင် ပင်မကားဝယ်ရောင်းဈေးကွက်ဖြစ်သည့် ရန်ကုန်ကားဈေးကွက်အတွင်း ယနေ့အထိ ဝယ်လက်နည်းပါးနေဆဲဖြစ်ကြောင်း ပြည်တွင်းကားဈေးကွက်လုပ်ငန်းရှင်များအသိုင်း အဝိုင်းမှသိရသည်။
''ဒီလထဲမှာပဲ ဂျပန်လေလံဈေးကွက် ကနေလေလံအောင်လာတဲ့ ကားတင် သင်္ဘောခြောက်စင်းခုနစ်စင်းလောက် ဆိုက်ကပ်လာတယ်။ ရန်ကုန်ကတော့ ကားတွေတိုးလာတယ်ဆိုပေမယ့် အရောင်း အဝယ်ဈေးကွက်ကတော့ မှန်းထားသ လောက်မဖြစ်သေးဘူး။ ၂ဝ၁၄ နှစ်ကုန် ပိုင်းမှာ သက်ဆိုင်ရာက ပြောင်းလဲမှုလေး တွေလုပ်တဲ့အချိန်မှာ CIF တန်ဖိုးတွေ လျှော့မယ်။ အခွန်ဆောင်ရမယ့်နေရာ တွေမှာလျှော့မယ်ဆိုပြီး သတင်းတွေထွက် ပေါ်လာပေမယ့် တကယ်တမ်းကြေညာ ချက်ထုတ်ပြန်တော့ ကန့်သတ်ချက်တွေ များလာတာကလွဲပြီး ဘာမှထူးခြားမှုမရှိ ခဲ့ဘူး။ Free ပါမစ်နဲ့သွင်းတဲ့ ကားတွေ ဈေးတက်၊ ရှိပြီးသားစလစ်တွေဈေးကျ၊ ယာဉ်အိုယာဉ်ဟောင်းစနစ်ပျောက်ပြီး အခုချိန်မှာကားသွင်းမယ်ဆိုရင် တစ်စီးပေး တစ်စီးယူစနစ်လိုဖြစ်သွားပြီ။ မော်တော် ယာဉ်တွေနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေ လို အပြောင်းအလဲမျိုးမရှိသေးဘူး။ Market လည်း မတွင်ကျယ်သေးဘူး။ ဂျပန် နိုင်ငံထုတ်တစ်ပတ်ရစ်ကားတွေကအရောင်း အဝယ်အမြင့်ဆုံးပါပဲ။ ကိုရီးယားနဲ့တရုတ် က ကားတွေတင်သွင်းနေတယ်ဆိုပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ဂျပန်ကား ဈေးကွက်ကို ယှဉ်လို့မရသေးဘူး။ လက်ရှိ ရန်ကုန်ကားဈေးကွက်နဲ့အခြေအနေကတော့ နယ်အဝယ်လာကြည့်တဲ့ အခြေအနေပဲ ရှိသေးတယ်။ အရောင်းအဝယ်ဈေးကွက် မကောင်းသေးဘူး။ ရှိပြီးသားကားတွေက တည်ငြိမ်တဲ့ဈေးတန်း တစ်ခုနဲ့ခေါ်ဈေးပဲ ရှိတယ်။ အဝယ်မရှိဘူး'' ဟု ပြည်တွင်း ပြည်ပလေလံကားလုပ်ငန်းရှင်ဦးမင်းဦးက ပြောသည်။

ယခုလအတွင်း မော်တော်ယာဉ်ဝင် ရောက်မှုအနေအထားမှာ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာသော စာရင်းများအရ မော်တော်ယာဉ်တင်ဆောင်လာသည့် သင်္ဘောသုံးစင်းဆိုက်ကပ်ခဲ့ရာ ကားအစီး ရေ ခြောက်ထောင်ကျော်ပါရှိခဲ့ပြီး ယခု သီတင်းပတ်အတွင်း၌လည်း ကားတင် သင်္ဘောသုံးစင်း ဆက်လက်ဆိုက်ကပ်ခဲ့ရာ မော်တော်ယာဉ်အစီးရေ လေးထောင်ကျော် ပါရှိခဲ့ခြင်းကြောင့် ယခုလအတွင်း စုစုပေါင်း ကားအစီးရေတစ်သောင်းကျော် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
''အခုအချိန်မှာကားတွေက ဈေးကွက် ထဲမှာ တော်တော်များများရောက်နေပြီဆို ပေမယ့် ဆိပ်ကမ်းမှာ ထပ်ဝင်လာတဲ့ ကားတွေ၊ သွားမထုတ်ရသေးတဲ့ကားတွေ က အများကြီးရှိနေပါသေးတယ်။ လက်ရှိ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်ပါး နေတုန်းပဲ။ ပုံမှန်အရောင်းအဝယ်အနေ အထားအောက်ကို ရောက်နေတယ်။ ရန်ကုန်မှာရှိတဲ့ ကားဝယ်ရောင်းဈေးကွက် တွေမှာရောကြိုးကြားကြိုးကြားအရောင်း အဝယ်လုပ်ကြတဲ့ ဈေးကွက်အသေးလေး တွေကအစ တစ်စီးစနှစ်စီးစလောက်ပဲ အရောင်းအဝယ်ရှိတယ်။ အခုအချိန်ထိ မူဝါဒနဲ့ထုတ်ပြန်ကြေညာချက်တွေက မပြီး ပြတ်လောက်သေးဘူး။ လူကြိုက်များတဲ့ ဂျစ်စလစ်တွေတောင် ကားသွင်းမယ့်သူ တွေလောက်ပဲ ဝယ်ကြတယ်။ ၁က၊ ၂က တွေလဲအရောင်းအဝယ်ပါးတယ်။ လက်ရှိ ကားဈေးကွက်တစ်ခုလုံးရဲ့ အနေအထား အရ တစ်နိုင်တစ်ပိုင် လူတန်းစားတွေ အသုံးပြုတာများတဲ့ ကာလပေါက်ဈေး သိန်းတစ်ရာနဲ့သိန်းတစ်ရာအထက်စွန်းစွန်း လောက်ရှိတဲ့ ကားလေးတွေလောက်ပဲ အရောင်းအဝယ်ရှိတယ်။ မိုဒယ်မြင့်ကား တွေကတော့ ဈေးမေးတဲ့အခြေအနေပဲရှိ တယ်။ အခုနောက်ပိုင်း ခိုင်းကားလို အသုံးပြုလို့ရတဲ့ Alphard,Hiace နဲ့ Super Custrom တွေလောက်ပဲ အရောင်း အဝယ်ရှိပါတယ်။ ကာလပေါက်ဈေး သိန်း ၅ဝ၊ ၆ဝ လောက်တန်ဖိုးရှိတဲ့ Suzuki ပစ်ကပ်ကားလေးတွေလဲ လုပ်ငန်းသုံး အတွက် အရောင်းအဝယ်အနည်းငယ်ရှိ ပါတယ်''ဟု သီရိမင်္ဂလာယာဉ်ရောင်း ဝယ်ရေးစခန်းမှဦးသန်းဌေးက ပြောသည်။

ရွှေအောင်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=13494&path=CarAndAutoMobile.aspx
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment