က​ၽြန္မ​တို​႔​ဘာ​ေ​ၾ​ကာ​င့် စာ​ဖ​တ်ြ​က​တာ​လဲ

လွယ်လွယ်ပြောရရင်တော့ စိတ်ပျော်ရွှင်ချင်လို့ပေါ့ရှင်။ လူတိုင်း စိတ်ထဲမှာ တစ်ခုခု ခံစားချင်တယ်ဆိုတာ ပျော်ရွှင်မှု လို့ပဲ ကျွန်မတော့ထင်တယ်။ စာဖတ်ခြင်းက ကျွန်မတို့ကို ဘဝတစ်ခုထဲက ဆွဲထုတ်သွားတတ်တယ်။ လည်နေတဲ့ သံသရာစက်ဝန်းထဲက ဆွဲခေါ်သွားတတ်တယ်။ နေ့စဉ် ရိုးအီနေတဲ့ ဝန်းကျင်ထဲကနေ တစ်ခုခုထဲမှာ ဝင်စားသွားအောင် လုပ်ပေးတတ်တယ်။
စာဖတ်ချိန်မှာ ကျွန်မကတော့ အခြားကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားမိတယ်။ စာထဲက အကြောင်းအရာ တွေကကျွန်မကို ဖမ်းစားထားပြီဆိုရင် သူဘာပြောပြော ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေအပထား ကျွန်မက တော့ အဲဒီစာရေးသူခေါ်တဲ့နောက် ကောက်ကောက်ပါအောင်လိုက်ပြီး ပကတိဘဝနဲ့ ကင်းကွာသွားတော့တာပဲ။
စာဖတ်ရင် ကြည်နူးစိတ်တွေ ဝင်လာတယ်ဆိုတာ ထွက်ပေါက်တစ်ခုလို့ ခံယူထားသလို၊ အဲဒီထွက်ပေါက်ရဲ့ အခြားတစ်ဘက်မှာ ဘဝတစ်ခုနဲ့ ပြန်လည်ရှင်သန်လိုက်ရသလိုလည်း ခံစားမိသပေါ့။
စာဖတ်တာ အထီးကျန်စိတ်တွေကို ဖြေဖျောက်နိုင်အောင်လည်းပါတယ်။ တစ်ကိုယ်တည်း အထီးကျန်နေရင် ကျွန်မကတော့ စာအုပ်ကို ကောက်ကိုင်လိုက်တာပဲ။ ကျွန်မအဲဒီအချိန်မှာ မထင်မှတ်ထားသူတွေ၊ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေနဲ့ ပျော်မွေ့ရတော့မယ်လို့လည်း စိတ်ထဲခံစားလိုက်မိတယ်။
ကျွန်မ ဘာကြောင့်စာဖတ်သလဲဆိုတော့
အမှန်တရားကို သိချင်လို့ဖတ်တယ်
ဘာသာစကားကို မြတ်နိုးလို့ဖတ်တယ်
ကျွန်မကိုယ်ကျွန်မ ပြန်ပြီးနိုးထလာအောင်ဖတ်တယ်
လူတွေအကြောင်း သိချင်လို့ဖတ်တယ်။
ကျွန်မ စာအုပ်တွေကိုချစ်တယ်
စာအုပ်တွေက ကျွန်မကို ငြိမ်းချမ်းစေလိမ့်မယ်လို့ ယုံတယ်
စာအုပ်တွေက ကျွန်မကို လုံခြုံနွေးထွေးစေမယ်လို့ ယုံတယ်
စာအုပ်တွေထဲမှာ ကျွန်မနစ်မြောနေချိန်ဟာ
ကျွန်မ အရာရာကနေ လွတ်မြောက်နေတယ်လို့ ခံစားနေရတယ်။
(Isabelle Cartwright ရေးတဲ့ Why do we read? ဆိုတဲ့ စာလေးကိုဖတ်ပြီးတော့ ပြန်လည်ခံစား ရေးကြည့် တာပါ)
Source:maukkha.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment