အာဏာတံတိုင်း နှင့် ကျောင်းသားသပိတ်

ရန်ကုန်၊ မတ် ၃)
အမျိုးသား ပညာရေး ဥပဒေ နှင့် ပတ်သက်၍ ပင်မသပိတ်မှောက် ကျောင်းသားများနှင့် လုံထိန်းများ ထိပ်တိုက်တွေ့နေချိန် မြို့ကြီးအချို့ တွင် ဆန္ဒပြကျောင်းသား များ အား ထောက်ခံသည့် ဆန္ဒပြပွဲများပြုလုပ် လာကြသည်။
လွှတ်တော်မှ အတည်ပြုရန် ကျန်ရှိနေသည့် အမျိုးသား ပညာ ရေး ဥပဒေအား ကျောင်းသားများ က လက်ပံတန်း မြို့၌ စောင့်ကြည့် နားထောင်နေချိန် တွင် ဆန္ဒပြရာ ၌ ပါဝင်သည့် ကျောင်းသား ကျောင်းသူ များအား တစ်စုံတစ်ရာ အရေးယူခြင်း မပြုဟု ဆိုသော သဘောတူ ထားချက်ကို ဖောက် ဖျက်ခဲ့ပြီး ကျောက်ဆည်မြို့ မှ ကျောင်းသား ငါးဦးအား အမှုဖွင့် အရေးယူမှုပြုလုပ်ခဲ့သည်။
ထို့အပြင် ကျောင်းသား များက မတ်လ ၁ ရက်နေ့မှ တစ်စုံတစ် ရာမ ထူးခြားလျှင် ရပ်နားထား သည့် ကျောင်းသား သပိတ်အား ရန်ကုန်သို့ ဆက်လက် ချီတက် မည်ဟု ကြွေးကြော်ထားရာ ရဲတပ် ရင်း သုံးရင်းခန့်ဖြင့် လက်ပံတန်းမြို့ အောင်မြေ ဗိမာန် ဘုန်းကြီးကျောင်း အထွက် လမ်းမတွင် ဝိုင်းဝန်းပိတ် ဆို့ထားသည်။ ယင်းနေ့ နံနက်ပိုင်း ကျောင်းသားထုက လက်ပံတန်းမှ သာယာဝတီ သို့ဆက်လက် ချီတက်စဉ် လုံထိန်းများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ပြီး ကျောင်းသူ အချို့ဒဏ် ရာရရှိခဲ့သည်ဟု ဆန္ဒပြ ကျောင်း သားများက ဆိုသည်။
ပိတ်ဆို့ခံနေ ရသော ပင်မသပိတ် ကျောင်းသား အဖွဲ့တွင် ပါရှိသော ကျောင်းသားများနှင့် ဘုန်းတော် ကြီးများက အစာငတ်ခံ ဆန္ဒပြနေ ကြသကဲ့သို့ ရန်ကုန်သို့ ချီတက်ခွင့် မပေးပါက အခြားမြို့များတွင်လည်း အလားတူ ဆန္ဒပြမှုများနှင့် ရင်ဆိုင် ရလိမ့်မည်ဟု ကျောင်းသားများက သတိပေး ပြောဆိုလိုက်သည်။
”အာဏာပိုင်တွေက လွယ် တာကို ခက်အောင်လုပ်နေတာ။ ကျွန်တော်တို့ သာယာဝတီ အထိ ခြေလျင် ချီတက်မယ် ဆိုတာက သူ တို့ ပြောပြောနေတဲ့ ရန်ကုန်အဝင် မခံဘူး ဆိုတာနဲ့ ဘာဆိုင်လို့လဲ။ အဲ့ဒီကနေ ရန်ကုန်ကို ကားနဲ့သွား မယ်။ သီချင်းဖွင့်မယ်။ အလံထောင် မယ်။ ဒါဘာထူးလို့လဲ။ ရပ်ကွက် ဘောလုံးအသင်း အနိုင်ရရင်တောင် ကျွန်တော် တို့ ဒီလို လှည့်ပတ်အောင် ပွဲခံနေကြတာပဲကို” ဟု ကိုမင်းသွေး သစ်ပြောသည်။
လက်ပံတန်းရှိ ကျောင်းသား သပိတ်ကို တားဆီးမှုများမှာ လူမှု ကွန်ရက်နှင့် ပြည်သူလူထု အကြား ချက်ချင်း ပျံ့နှံ့ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မြင်းခြံ မြို့များ မှ တစ်ပြိုင်နက်ထဲ ဆန္ဒပြ ကျောင်းသားများအား ထောက်ခံ ကြောင်း ထပ်ဆင့်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
”ဆရာမကတော့ ဆန္ဒပြကျောင်း သားတွေကို ထောက်ခံတယ်။ ကျွန်မ ကိုယ်တိုင် ဒီပညာရေး ဥပဒေ ကို ရေးဆွဲတုန်းက မသိလိုက်ဘူး။ သူတို့တောင်းဆိုနေ တာ မှန်ပါတယ်။ သူတို့ကို တစ်ခုခု လုပ်လိုက်မှာကို လည်း အရမ်းကို စိုးရိမ်တယ်။ အစိုး ရကိုပြောချင်ပါတယ်။ အကြမ်းဖက် ပါနဲ့လို့။ ကျွန်မတို့ ဌာနချင်း မှာ တောင်ရှိတယ်။ ရာထူး တိုးတာက အစမှန်ကန်မှု မရှိဘူး။ ကျောင်း သားထုကို ထောက်ခံပါတယ်” ဟု ရန်ကုန်မြို့ သပိတ်မှောက် ကျောင်း သားများအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ပွဲ သို့ လာရောက်ခဲ့သူ က ထိကတာဝန်ထမ်းဆောင်နေသော စာရေးဆရာမရာသက်ပန်(တောင် ငူဆောင်)က ပြောသည်။
မတ်လ ၃ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ ဝင်များ ထိပ်တိုက် တွေ့ဆုံခဲ့ကြ သော်လည်း ဆူပူမှုများ မဖြစ်ပေါ် ခဲ့ပေ။ သို့ရာ တွင် ရဲတပ်ဖွဲ့၏ အသံ ချဲ့စက်သုံးကာ သပိတ် စစ်ကြောင်း အား နောက် ၆ နာရီအကြာတွင် ငြိမ်းချမ်းစွာ လူစုခွဲရန် သတိပေးမှု က နှစ်ဖက် အကြား တင်းမာမှု ကို ဖြစ်ပေါ်စေခဲ့သည်။
ပဲခူးတိုင်း နယ်စပ်ရေးရာ လုံ ခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက် ထွန်းကမူ ”ဘယ်လိုနည်း နဲ့မှ ပေး ချီတက်ခိုင်းလို့ မဖြစ်ပါဘူး။ ပြည် သူတွေကလည်း ဒီကိစ္စကို စိုးရိမ် နေ ကြပါပြီ။ ကားနဲ့ တိတ်တိတ် ဆိတ်ဆိတ်ချီတက်။ ပြီးရင် လူစုခွဲ။ ကိုယ့်အိမ်ကိုယ်ပြန်ကြ။ လွှတ်တော် က သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကို ပြင်ဆင်ပေးလိမ့်မယ်”ဟု ဆို သည်။
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အစပ် လမ်းမပေါ်တွင်လည်း အကာ အရံ အတားအဆီး များနှင့် ရဲတပ် ဖွဲ့ဝင်များ ချထားသည်ကို တွေ့ခဲ့ရ ကြောင်း အဆိုပါ နေရာသို့ ရောက် ရှိနေသည့် Popular News သတင်း ထောက်က သတင်းပေးပို့သည်။
၎င်းနေ့ ညနေ ၅ နာရီ ၂ဝ မီနစ်ခန့် အချိန်ထိ အင်အားသုံး ဖြိုခွင်းခြင်းမျိုး ပြုလုပ်ခြင်း မရှိသေး ဘဲအေးဆေးစွာ လူစုခွဲ၍ အိမ်ပြန် ကြရန် ရဲတပ်ဖွဲ့ဝင်များက ပြောကြား ထားသော် လည်း ကျောင်းသားများ ကမူ နောက်ဆုတ်ခြင်း မရှိပေ။
 ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စာ ကြမ်းစီ ထားသည်ကို သိရှိထားပါ ကြောင်း ရက်စွဲ မပါသေးသည်သာ ရှိကြောင်း ဆန္ဒပြခေါင်းဆောင် များ အဖမ်းခံရပါက အပြင်မှ ကျန်ရှိခဲ့ သူများက ဆက်လက် တိုက်ပွဲဝင် ကာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးဆောင် ပါဝင်သူ ကိုကျော်ကိုကို က ပြောသည်။
ဥရောပသမဂ္ဂ ကလည်းကျောင်း သားများအား အကြမ်းဖက်နှိမ်နင်း ခြင်းမပြုရန် ယနေ့တောင်းဆိုထား သည်။
ရန်ကုန်၊ မြင်းခြံနှင့် မန္တလေး တွင် ပင်မကျောင်းသား သပိတ်စစ် ကြောင်းအား ထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ပွဲတွင် အစိုးရ အနေ ဖြင့် ကျောင်းသား စစ်ကြောင်းအား ရန်ကုန်သို့ ဝင်ခွင့် မပေးပါက ဝန်းရံ အကူအညီပေး သွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့ များတွင် များပြားသည့် လူအင်အားဖြင့် နေရာအနှံ့ ဆန္ဒ ထုတ်ဖော် သပိတ်မှောက် သွား မည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် မင်းဓနက ပြောကြားထားသည်။
 ကျောင်းသားစစ်ကြောင်းအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ရာတွင် ဆူးလေဘုရားအား…
တစ်ပတ်ပတ်ကြွေးကြော်မှုများ ပြု လုပ်ရာတွင်ပြည်သူ ၅ဝခန့်က အ နောက်မှလိုက်ပါ ဝန်းရံခဲ့သည်ကို တွေ့ရသည်။
 ကျောင်းသား များက အစိုးရ အား အချက် ၈ ချက် တောင်းဆိုထား ကာ ယင်းအချက် များကို လိုက် လျောပါက အဆင်ပြေပြေ ပြီးဆုံးသွားမည်ဖြစ်ကြောင်း ဆိုသည်။
တောင်းဆိုချက် ၈ ချက်မှာ လက်ပံတန်းမှ သာယာဝတီ အထိ လမ်းလျှောက် ချီတက်ရန်၊  သာယာ ဝတီမှ ရန်ကုန်မြို့  အထိ ကိုယ့်ကား များနှင့် ကိုယ်သွားရန်၊ ကားများ တွင် သမဂ္ဂအလံ လွှင့်ထူခွင့်ပေးရန်၊ ပြန်ကြားရေးကား မှ သီချင်းများ ဖွင့်ခွင့်ပေးရန်၊ ကားတန်းများကို မနှေးမမြန် ပုံမှန်မောင်းနှင်ခွင့် ပေးရန်၊  ရန်ကုန်မြို့ ရောက် လျှင် ရွှေတိ ဂုံစေတီပေါ် ရှိ ၁၉၂ဝ ပထမ ကျောင်းသား သပိတ် ကျောက်တိုင် နေရာ သို့မဟုတ် ရန်ကုန် တက္ကသိုလ် ဝင်းအတွင်းရှိ သမဂ္ဂမြက်ခင်းပြင် သို့အရောက် သွားကာ အခမ်း အနား ကို အချိန် ခေတ္တခဏ ကျင်းပပြီး လူစုခွဲ၍ ကိုယ့်အရပ်ဒေသသို့ပြန် ကာ စာမေးပွဲများ ဆက်လက်ဖြေ ဆိုသွားရန်၊ မိမိနေရပ် သို့ပြန်သည့် အခါ ကိုယ့် အစီအစဉ်နှင့် ကိုယ်ပြန် ကြရန်၊ မိမိတို့ ကားတန်းနှင့်အတူ လုံခြုံရေးရဲများ ကိုယ့် ကားနှင့်ကိုယ် လိုက်ပါနိုင်သော်လည်း မိမိတို့ကား တန်း၏ ရှေ့နှင့်နောက်မှ ခပ်ခွာခွာ လိုက်ပါနိုင်ရန် စသည့် အချက် ၈ ချက်ကို ထုတ်ပြန် တောင်းဆိုထား သော်လည်း အစိုးရဘက်မှ ခွင့်မပြုသေးကြောင်း သိရသည်။
ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး သန့်ဇင်ဦး က ”အခုလို အခြေအနေ ဆို ကျွန်တော် တို့ စောင့်ကြည့် ရုံပဲ စောင့်ကြည့် နေရ မှာပါ။ ကျောင်းသားတွေ ဘက်က အတင်း ဖောက် တက်မလာဘူး လို့ ယုံကြည် ပါတယ်။ ဖောက်တက် လာရင်တော့ သတ်မှတ်ချက်တွေ နဲ့အညီ ကိုင်တွယ် ဖြေရှင်းရမှာပေါ့” ဟု ဆိုသည်။
ကျော်ရဲလင်း၊ ဖိုးလပြည့်
Source:http://www.popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment