ကိုယ်တိုင်က ပြည်သူလူထု ဖြစ်နေတဲ့အတွက် ကျောင်းသားတွေဘက်က မခံမရပ်နိုင် ဖြစ်ရပါတယ်လို့ ဖွင့်ဟလိုက်တဲ့ ထားထက်ထက်




Miss တစ်ယောက်လဲ ဖြစ်တဲ့အပြင် လက်ရှိမှာ ရှိုးတော်တော်များများနဲ့ ဇာတ်ကားရိုက်ကူးမှု အပိုင်းတွေမှာပါ တွေ့လာရတဲ့ ထားထက်ထက်ကို လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားအချို့ကို ဘယ်လိုမြင်မိ သလဲဆိုတာ မေးမြန်းကြည့်လိုက်တော့ သူမက “စစ်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် မဖြစ်ရင်အကောင်းဆုံးပေါ့။ ထားထက်ထက်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို ရချင်ပါတယ်။ လိုလားပါတယ်။ လတ်တလောမှာဆိုရင် ကျောင်းသားတွေနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖြစ်ပျက်နေတာတွေက အများကြီးပဲ။ ကိုယ်ကိုယ်တိုင်လဲ ပြည်သူလူထုဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် မခံနိုင်ဘူး။ ကိုယ်ကိုယ်တိုင် ခံစားရသလိုပါပဲ။ သူတို့နာကျင်သလို ကိုယ်လဲနာကျင်တယ်။ သူတို့ခံစားရသလို ကိုယ်လဲ ခံစားရတယ်။ အကုန်လုံးကိုတော့ အဆင်ပြေပြေလေးနဲ့ ငြိမ်းချမ်းရေးလေး ရစေချင်တယ်။ ဘယ်သူ့ကိုမှလဲ အနာတရ မဖြစ်စေချင်ဘူး။ ထားထက်ထက်တို့ ဓာတ်ပုံတွေထဲမှာ ဆိုရင်လဲ ကျောင်းသားတွေကို အနိုင်ကျင့်တဲ့ ပုံစံမျိုးတွေဖြစ်နေတယ်ပေါ့။ တာဝန်အရဆိုပြီး တကယ်တာဝန်ရှိသူလား၊ မရှိသူလားဆိုတာလဲ မသိရဘူးပေါ့။ အဲ့ဒီလိုမျိုး တုတ်တွေနဲ့ရိုက်တာမျိုးတွေ တွေ့ရတဲ့အတွက် အရမ်းလဲခံစားရတယ်။ အရမ်းလဲ စိတ်မကောင်းဖြစ်ရပါတယ်။ ၂၀၁၅ ကို ထားထက်ထက် ဖြစ်စေချင်တာကတော့ အဓိကကတော့ အကောင်းဆုံးကိုပဲ ထားထက်ထက် မျှော်လင့်ပါတယ်။ အားလုံးကလဲ ဘယ်လိုမျိုး အကောင်းဆုံးဖြစ်လာမလဲလို့မျှော်လင့်နေကြတယ်။ ကိုယ်လဲ ပြည်သူလူထု တစ်ယောက်အနေနဲ့ ဘယ်လို ဖြစ်လာမလဲလို့စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ပြောင်းလဲတဲ့ အပြောင်းအလဲမှာ ကောင်းသောနည်းနဲ့ပြောင်းလဲခြင်းကိုပဲ အကုန်လုံးက လိုချင်ပါတယ်။ ထားထက်ထက်တို့အပြင် ပြည်သူအားလုံးကလဲ ကောင်းသောပြောင်းလဲခြင်းကို ပဲလက်ခံပြီး လိုချင်ကြမယ်လို့မြင်မိပါတယ်”တဲ့။
ထားထက်ထက်ဟာ လတ်တလော ခေါ်စာဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးထားတယ်လို့ သိရပြီး ဖြိုးငွေစိုး၊ ခိုင်နှင်းဝေတို့နဲ့အတူ သရုပ်ဆာင်ထားကြောင်း ပြောပြသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment