လွှတ်တော်ကြားနာပွဲ အရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်ဆွေးနွေး

အမျိုးသားလွှတ်တော်မှာ မတ်လ ၅ ရက်နေ့က အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲ ကျင်းပစဉ်။ Photo: Myo Thant Khaing/RFA
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကြားနာပွဲကို နေပြည်တော် အမျိုးသားလွှတ်တော်မှာ ကျင်းပရာမှာ ဒီနေ့အရပ်ဖက်လူမှုအဖွဲ့အစည်း ၄ ဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) က ပညာရေး အကြံပေး ဒေါ်နီလာဘာရာဒွါဂျာက အမျိုးသားပညာရေး ဥပဒေမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပြဌာန်းပေး သင့်ကြောင်း တင်ပြခဲ့ပါတယ်။

"သူတို့အနေနဲ့မြင်တာက ဒီမိုကရေစီစစ်မှန်တယ် ဆိုရင် ကျောင်းသားသမဂ္ဂကို ပေးရဲရမယ်၊ ဒီမိုကရေစီစနစ် ထူထောင်မယ်ဆိုရင် ကျောင်း သားသမဂ္ဂရှိကိုရှိရမယ်၊ ဒီကလေးတွေဟာ ဒီသမဂ္ဂကဖွဲ့လိုက်မယ်ဆိုရင် တိုင်းပြည်တိုး တက်အောင် ချီတက်နေတဲ့လမ်းစဉ်မှာ သူတို့ အနှောက်အယှက် ပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး မဖြစ်နိုင်ပါဘူး၊ ပိုပြီးတော့ ကောင်း မွန်အောင်ပေါ့"

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ဦးနေလင်းစိုးက အစိုးရအနေနဲ့ မသန်စွမ်းသူတွေ ပညာသင်ခွင့် ရရှိဖို့အတွက် ပညာရေးဥပဒေမှာထည့်သွင်း ပြဌာန်းပေးဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

"နိုင်ငံသားတွေဖြစ်တဲ့ မသန်စွမ်းသူတွေ အရေးကိစ္စကို ဥပဒေကြောင်းအရပေါ့နော်၊ ကျနော်တို့ အသိအမှတ်ပြုပြီးတော့မှ တာဝန်တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာကိုပဲ ကျနော်တို့ လိုချင်တာဖြစ် ပါတယ်၊ NGO တွေ၊ INGO တွေ၊ ကုလသမဂ္ဂအဖွဲ့တွေဆိုတာက သူတို့ဘက်ဂျက်ရှိရင်လုပ်တယ်၊ ဘက်ဂျက်မရှိရင်ရပ်ထားတယ်၊ ကျနော်တို့က ဘာမှသွားပြောလို့မရဘူး၊ သူတို့ စေတနာရှိမှပဲ ကျနော်တို့ ဒီအခွင့်အရေးရမယ်၊ ဥပမာဆိုလို့ရှိရင် ဒီအခွင့်အရေးရမယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် မသင့်တော် ဘူးပေါ့၊ ဒါကြောင်မို့လို့ပဲ နိုင်ငံတော်ကပဲ ဒီဟာကို ပင်မဥပဒေထဲမှာ ကဏ္ဍတစ်ခုအနေနဲ့ ပါပြီးတော့ မဖြစ်ဖြစ်အောင် ထည့်သွင်းပေးပြီးမှ အကောင်အထည်ဖော်ပေးတော့မှသာလျှင် ကျနော်တို့ အခွင့်အရေးတွေကဟာ သေချာလာပါပြီ"

ဒီနေ့ ကြားနာပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နဲ့ ရခိုင်သဟာယအသင်း စတဲ့ အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment