အိပ်မက်မျှဝေ ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ‘အီဖေကိုယ်တို့ ရွေးကောက်ပွဲ ‘ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲပြုလုပ်


အိပ်မက်မျှဝေ ရုပ်ရှင် ထုတ်လုပ်ရေး ကနေ ရိုက်ကူးထုတ်လုပ်မယ့် “အီဖေကိုယ်တို့ ရွေးကောက်ပွဲ” လို့ အမည်ပေးထားတဲ့ ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲ အခမ်း အနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၉ နာရီက Sule Shangri- La Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ “အီဖေ ကိုယ်တို့ရွေးကောက်ပွဲ” ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင် ကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးသွားမှာ ဖြစ်ပြီး အကယ်ဒမီ ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုးသင်း နှင့် ရုပ်ရှင် သရုပ်ဆောင် များစွာ ပါဝင်ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်လမ်း ကတော့ လူနေရဲ့ ဝတ္ထုကို ဇာတ်ညွှန်းလွင် မင်းအံ့ ကရေးသားပေး ထားတာ ပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကား ကြီးကို မတ်လ ၁ ရက်နေ့ မေမြို့မှာ သွားရောက် ရိုက်ကူးမှာဖြစ် ကြောင်း သိရပါတယ်။ ကိုယ်တိုင် ထုတ်လုပ်ပြီး ရိုက်ကူး သွားမယ့် “အီဖေ ကိုယ်တို့ရွေးကောက်ပွဲ” ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖြစ်ခဲ့ပုံနဲ့ပတ် သက်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် က “ဟာသတွေလည်းပါမယ် ၊ချိုအီ ဆိုတဲ့ ကောင်မလေး ကို ရရှိရေး အတွက် သူတို့တွေက အပြိုင် အဆိုင် မဲတွေဆွယ်ကြ တယ် ။နောက်ဆုံး မဲပေးလိုက်တာက ဥာဏ်ပညာ ကြီးမားတဲ့ သူကိုပေးရမယ်၊ လက်ရုံးရည် သမား ထက် နှလုံးရည် သမားကိုပေးရမယ်။ အဲဒါ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်လည်း အလှည့်အပြောင်း ဖြစ်လာတော့မယ့် ရွေးကောက်ပွဲမှာ အင်မတန်ကို အရေး ကြီး တယ်။ သိတဲ့အတိုင်းပဲ ကျွန်တော် တို့မြန်မာနိုင်ငံက နှစ်ပေါင်း များစွာ အမှောင် ကမ္ဘာထဲမှာ စုန်းစုန်း ကို နစ်မြုပ်ခဲ့တယ်။ အဲဒီတော့ကျွန်တော် တို့အတွက်ရောင်ခြည် သန်း လာတော့မယ့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် နဲ့ လူရွေးမမှားဖို့၊မဲ ထည့်မမှားဖို့၊ ဥာဏ်ပညာ ကြီးမားတဲ့ သူကိုရွေးရမယ်။ ရွာသား တွေရဲ့ စား ဝတ်နေ ရေး ပညာရေး၊ ကျန်း မာရေး အလုံးစုံအတွက် အာ မခံချက် ပေးနိုင်မယ်၊ ပညာတတ် လက်ရုံးရည် ထက်နှလုံးရည် ရှိဖို့ဆိုတဲ့ အကြောင်း မဲထည့် မမှားဖို့ အဲဒီ မက်ဆေ့ခ်ျလေး ကိုပေးချင်လို့ ဒီ ကားကို ရိုက်တယ်။ ရွေးကောက် ပွဲ အမီဒီဇာတ်ကား တင်ချင်လည်း တင်မယ် ။နိုင်ငံသူ၊ နိုင်ငံသားတွေ ကိုမက်ဆေ့ခ်ျပေးမှာ။ ဘယ်လို လူမျိုး ကိုပဲထည့်သင့်သလဲ၊ အသည်း ကြားက မဲတစ်ပြားကို ကျွန်တော်တို့ နိုင်ငံ အတွက် အလှည့် အပြောင်း ဖြစ်သွားမယ့် ရွေးကောက်ပွဲက အင် မတန် အရေးကြီး တယ် ဆိုတဲ့ အကြောင်း လေးကို သိစေချင်လို့ ဒီဇာတ်ကား လေး ကို ရိုက်ကူး ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
သိမ့်သိမ့်၊
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment