ထိုင်းမင်းသမီးနဲ့ ဇာတ်ကားမှာ တွဲရိုက်ကူးရတာ ပညာရတယ်လို့ ပြောတဲ့ ဆုမြတ်နိုးဦး


ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးနေတဲ့The Spa  ရုပ်ရှင် ဇာတ်ကားကို ဆုမြတ်နိုးဦးက အောင်ရဲလင်း၊Lily Panipak တို့နဲ့ အတူ ရိုက်ကူး နေပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့ အခါမှာလည်း ဇာတ်ရုပ်အလိုက် အပိုအလိုမရှိအောင် အာရုံစိုက်ထားပြီး ကြိုးစားသရုပ်ဆောင်နေတယ်လို့ ဆုမြတ်နိုးဦးက ဆိုပါတယ်။
“ဒီဇာတ်ကားလေးမှာ အခက်အခဲတော့ အများကြီးမရှိပါဘူး။ မြတ်နိုးနဲ့ ထိုင်းမင်းသမီးက သူငယ်ချင်း တွေပါ။ သူတို့က ထိုင်းလိုမပြောဘူး။ အင်္ဂ လိပ်လိုပဲပြောတယ်။ သူနဲ့တွဲရိုက်ရတာ၊ စကားပြောရတာက အခက်အခဲမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာကိုယ့်ဘာသာကိုယ် အင်္ဂလိပ်စ ကား ပြောတယ်ဆိုပေမယ့် ဒီဇာတ်ကားထဲမှာကျတော့ သူတို့ရေးပေးထားတဲ့ ဒိုင်ယာလော့ခ်ကFlow  လည်း မှန်ကန်အောင် အိုက် တင်လည်းေ ပ်ါအောင် ပြောရတာဆိုတော့ နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ဒီ ဇာတ်ကား လေးရိုက်ရတာ အတွေ့အကြုံလည်း အများကြီးရပါတယ်။ သူဆိုရင်လည်း တအားကို အိုက်တင် လုပ်နိုင်တဲ့ သူပါ။ သူ့ဆီကနေပြီး အချင်းချင်း ပညာယူတဲ့အနေနဲ့လည်းရတယ်။ တအားကြီးတော့ စိတ်ဖိစီး မှုမရှိပါ ဘူး” လို့ ပြောပါတယ်။ ဆုမြတ်နိုးဦးက ဘန်ကောက်မှာ မျက်လုံးကို လေဆာနဲ့ သွားရောက်ကုသထားတဲ့ အတွက် အခုဇာတ်ကားရိုက် တဲ့အခါမှာ မျက်လုံးကိုပဲ ဂရုစိုက်ပြီးရိုက်ကူး နေရတယ်လို့ဆိုပါတယ်။
“မြတ်နိုးကို ပရိသတ်က အရင် ထက်ပိုပြီး လက်ခံလာတာပဲရှိသေးတယ်။ ကိုယ့်ဘာသာကိုယ် အောင် မြင်တယ်လို့ မယူဆသေးပါဘူး။ ဆက် လက်ပြီးတော့ လေ့လာရမှာတွေလည်း အများကြီးရှိသေးတယ်။ ပညာတစ်ခုလိုပါပဲ။ ကိုယ့်ဘယ် လောက်လေ့လာလာမကုန်နိုင်တဲ့ ပညာရပ် တစ်ခု ပါပဲ။ အစွမ်းကုန် ကြိုးစားသွားပါမယ်။ အနုပညာ အလုပ်ကို တကယ်တတ်ကျွမ်းတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ် ချင်ပါတယ်။ အခုလည်း   မြတ်နိုးက မျက်လုံးမှာ ပါဝါက ငါးရာ ရှိတယ်။ အဲဒါကြောင့် ဘန်ကောက်သွားပြီးတော့ လေဆာ နဲ့ဖျောက်ထားတယ်။ လေဆာဖျောက်ပြီး ဇာတ် ကားပြန် ရိုက်ကူးတာ The Spa ဇာတ်ကားက ပထမဆုံးပါ။ မျက် လုံးက လုပ်ထားတာ တစ်လပဲရှိသေးတယ်။ဒါပေမဲ့ ကိုယ့်အတွက် အနုပညာေ လာကကလည်း အရေးကြီး တယ်လေ။ မနားလိုက်ချင်ဘူး။ ကိုယ့်ဆီ ရောက်လာ တဲ့ အခွင့်အရေးကို လက်လွတ်မခံချင်ဘူး။ ဘန် ကောက်မှာ တစ်လတစ်ခါ ပြန်သွားပြီးပြနေရ တယ်။ ပါဝါကတော့ လုံးဝပျောက် သွားပြီ။ အချိန်ရ တာနဲ့ မျက်လုံးကို အတတ်နိုင်ဆုံး အချိန် ပေးပြီး အနားပေး တယ်။ အိပ် ရေးလည်း ဝအောင်အိပ်ခိုင်း တယ်။အဲဒါကြောင့် ဇာတ်ကား ရိုက်လည်း မပျက်သွားချင် တာနဲ့ မျက်လုံးကို ဂရုစိုက်ပြီး ရိုက်ကူးနေရပါ တယ်” လို့ ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ- မင်းမင်းထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment