အမြန်လမ်းပေါ် အပူလွန်ကဲရာမှ ကားမီးလောင်


ပဲခူး မတ် ၂

ပဲခူးမြို့နယ် ဘောနတ်ကြီး ကျေးရွာအနီး ရန်ကုန်မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄/ ၃)နှင့်(၃၄/၄)အကြားတွင်မတ် ၁ ရက် နံနက်၆နာရီ၂ဝမိနစ်ခန့်က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ယာဉ်မောင်း ဦးမြင့်ကျော်အသက် (၅၁)နှစ် မဂ္ဂင်လမ်း၊ မရမ်းကုန်းရပ်ကွက် မော်လမြိုင်မြို့နေသူ မောင်းနှင်လာသည့် ဘောက်စ်ဝက်ဂွန်း အမျိုးအစား အစိမ်းရောင်ကိုယ်ပိုင် မော်တော်ယာဉ်မှာ အင်ဂျင်အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ အရန်မီး သတ်တပ်ဖွဲ့ဝင်၁၄ဦး၊ ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင်ငါးဦး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်သုံးစီးအရန် သန္ဓေ၁၉ဦးနှင့် ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည်။

ယင်းနေ့ နံနက်၆နာရီ၎ဝခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးယာဉ်မောင်းဖြစ်သူ ဦးမြင့်ကျော်အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်းက (ပ)၁/၁၅ ပုဒ်မ၂၈၅ အရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သီဟရာဇာ(ဘုရားကြီး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment