သပိတ်စစ်ကြောင်း မနက်ဖြန် သာယာဝတီကို ခရီးဆက်မည်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း ကနေ မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ကို ချီတက်လာ မယ့် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားစဉ်။ Photo: Kyaw Zaw Win/RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က အောင်မြေ ဗိမာန်ကျောင်းတိုက်မှာ သပိတ်စခန်းဖွင့်ထား တဲ့ ကျောင်းသူ ကျောင်းသားတွေဟာ မနက်ဖြန် သာယာဝတီမြို့ကို ဆက်လက်ချီတက်မှာဖြစ်ပြီး ရန်ကုန်ရောက်ရင် သပိတ်စခန်းကို ယာယီရပ်နားလိုက် မယ်လို့ ကြေညာလိုက်ပါတယ်။

သပိတ်စစ်ကြောင်းတွေအနေနဲ့ မဟုတ်တော့ဘဲ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တိုးတက်မှုကို စောင့်ကြည့်သွားမယ်လို့ ဒီနေ့ အောင်မြေဗိမာန်ကျောင်းတိုက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမိုးထက်နေ ကပြောပါတယ်။

"၁ဝ တန်းစာမေးပွဲမတိုင်ခင် တစ်ပတ်လောက်အလိုမှာ သပိတ်စစ်ကြောင်းကို သိမ်းလိုက်ချင်တာပါဗျ၊ စောင့် ကြည့်ရေးအတွက် ကျနော်တို့ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ရုံးခန်းပေါ့နော်၊ အဲ့လိုမျိုးတစ်ခုခု အဲ့လိုဟာအတွက် ကျနော်တို့ စဉ်းစားထားတာမျိုးရှိပါတယ်ဗျ၊ သပိတ် စစ်ကြောင်းအနေနဲ့သာ မရှိတော့တာ၊ ကျနော်တို့က လွှတ်တော်ကလုပ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ နောက်လေး ပွင့်ဆိုင်ကိစ္စတွေ ကျနော်တို့ဒါမျိုးတွေကို လိုက်ပြီးတော့စောင့်ကြည့်မယ်၊ ကျနော်တို့ လိုအပ်တာတွေပြောမယ်"

ဒီနေ့ မနက်ပိုင်းက အဲဒီကျောင်းတိုက်က ကျောင်းသူ ကျောင်းသားတွေ ထွက်ဖို့ပြင်ဆင်ချိန်မှာ ရဲတပ်ဖွဲ့ အင်အား ၃၀၀ လောက်က ကျောင်းတိုက်အ၀င်ပေါက်မှာ ပိတ်ဆို့ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းသား ခေါင်းဆောင် ၅ ဦးကို ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်သဘောတူညီချက်အရ သပိတ်စစ်ကြောင်းဟာ မနက်ဖြန် လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို လမ်းလျှောက်ချီတက်မှာဖြစ်ပြီး သာယာဝတီကနေ ရန်ကုန်ကို ကားနဲ့ထွက်ခွာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-heading-to-tharyarwaddy-tomorrow-03022015102218.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment