လောက်ကိုင် တိုက်ပွဲ အရပ်သားတွေ သေဆုံးခဲ့

လောက်ကိုင် ပြည်သူတွေ စစ်ပြေးရှောင်ခဲ့ရ
လောက်ကိုင် ဒေသတိုက်ပွဲ တွေကြား အရပ်ဝတ် နဲ့ သူတွေ ၆၀ ကျော် သေဆုံး ခဲ့ရပြီ လို့  အလောင်း တွေကို အခု ရက်ပိုင်း မှာပဲ မီးသင်ဂြိုလ် ပေးခဲ့ ရတဲ့သူ က ပြောပါတယ်။

လောက်ကိုင် မြို့ တွင်း မှာ တော့ အလောင်းတွေ မရှိ တော့ဘူး လို့ ဆိုပါတယ်။

သေဆုံးသူ တွေဟာ သေနတ် ဒဏ်ရာနဲ့  ဦးခေါင်းနဲ့  ကိုယ်ခန္ဓာ တွေမှာ ထိမှန် သေဆုံး ကြတာ ဖြစ်ပြီး အမျိုးသမီးနဲ့  သက်ကြီးရွယ်အို တွေ ပါဝင်တယ် လို့ အလောင်း တွေကို မီးသင်ဂြိုလ် ပေးခဲ့တဲ့ အမည် မဖော်လိုသူ အဖွဲ့ ဝင် တဦးက ပြောပါတယ်။

အလောင်း တွေကို ချက်ချင်း မကောက်နိုင်ဘဲ တပတ် လောက်ရှိမှ မြို့ ထဲ ပြန်ဝင်နိုင်တာမို့  အခြေအနေ ဆိုးရွားတဲ့ အလောင်းတွေကို စုပုံ မီးရှို့ ခဲ့ရတာ လို့လည်း သူက ပြောပါတယ်။

ဒါဟာ ကိုးကန့် နယ်မှာ အရင်က မကြုံဖူး မမြင်ဖူးတဲ့ ဆိုးရွားမှု တခု ဖြစ်ကြောင်း ကိုးကန့်  ဒေသခံ တွေက ဘီဘီစီ ကို ပြောကြားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment