ငွေကြေးဖောင်းပွမှု ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သဖြင့် တည်ငြိမ်သော ငွေလဲနှုန်းဖြစ်ရန် လိုအပ်

အခြေခံစားသောက်ကုန်များရောင်းသော ကုန်စုံဆိုင်တစ်ခု (ဓာတ်ပုံ− ကျော်ဇင်သန်း)
 လာမည့်ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွမှု ၇ ရာခိုင်နှုန်း  အထိ မြင့်တက်လာနိုင်သဖြင့် တည်ငြိမ်သော ငွေလဲနှုန်းများ ဖြစ်ပေါ်စေရန် ဂရုပြုဆောင် ရွက်ရန်လိုအပ်ကြောင်း ပြည် ထောင်စုလွှတ်တော် ဥပဒေ မူ ကြမ်းပူးပေါင်းရေးကော်မတီ၏ လေ့လာတွေ့ရှိချက်သဘောထား မှတ်ချက်အစီရင်ခံစာ၌ ဖော်ပြ ထားသည်။
‘‘စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးဖောင်းပွမှုက အခက်ခဲ ဆုံးပြဿနာပဲ’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ် ခိုင်ကပြောကြားသည်။
ပြည်တွင်းစီးပွားရေးလုပ် ငန်းများသည် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေအ ပေါ် မူတည်နေ၍ ရှေ့မျှော်မှန်းပြီး လုပ်ကိုင်ရသည်မှာ အတားအဆီး အခက်အခဲဖြစ်နေကြောင်း ၎င်းကပြောကြားသည်။
စီးပွားရေး လုပ်ငန်းများတွင် ငွေလဲနှုန်းသည် များစွာ အရေးကြီးနေပြီး ၂၀၁၅ ၌ ငွေလဲနှုန်းတည်ငြိမ်မှုကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
‘‘ဒီနှစ်မှာ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးအနေနဲ့ အစိုးရိမ်ဆုံးက တော့ ငွေလဲနှုန်းပဲ’’ ဟု ပြည်ပသို့ ဆန်တင်ပို့ရောင်းချနေသူ ဦးမျိုး သူရအေးကပြောကြားသည်။
စီးပွားရေးလုပ်ငန်းများတွင် ငွေလဲနှုန်း မတည်ငြိမ်မှုသည် အခက်ခဲဆုံးသော ပြဿနာတစ်ခု ဖြစ်ပြီး စီးပွားရေးတည်ငြိမ်မှုကို အတားအဆီးဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်များကပြောကြားနေ သည်။
မြန်မာနိုင်ငံတွင် ငွေလဲနှုန်း သည် ၂၀၁၄ ဇွန်လမှစ၍ မြန်မာငွေတန်ဖိုးကျဆင်းခဲ့ပြီး ဒီဇင်ဘာ၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၀၂၅ အထိ ဈေးမြင့်လာကြောင်း ပြည်ထောင်စု လွှတ်တော်သဘော ထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment