ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို အား တရားစွဲမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းမည်



ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် လက်ပံတောင်း ကြေးနီ စီမံကိန်း၏ ပဋိပက္ခအတွင်းတွင် အာဏာပိုင်များ၏ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံဃာတော်မျာ့း် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို တရားမ၀င် ဖော့စ်ဖရပ် လက်နက်များ အသုံးပြုရန် စေခိုင်းမှု ပြုလုပ်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုအား တရားစွဲဆိုမည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း Justice Trust က သိရသည်။

"ကျွန်တော်တို့က တရားမျှတမှုကို ရှာဖွေနေတာပါ၊ဒါမှလည်းနောက်ထပ် ဒီလိုအဖြစ်မျိုးထပ်မဖြစ်တော့မှာ"ဟု ဘန်ကောက်ဆေးရုံတွင် မီးလောင်ဒဏ်ရာများကို ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းတွင် ရရှိခဲ့၍အကြိမ်ခွဲစိတ် ကုသခံခဲ့ရသူ ဆရာတော် ဦးသီဟနန္ဒက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေးတိုးတက်စေရန် လုပ်ဆောင်နေသော လူအခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Justice Trust သည် ဤကိစ္စတွင် သံဃာတော်များအားထောက်ခံပေးလျက်ရှိကြောင်း၊သံဃာတော်များပထမသတင်းမှတ်တမ်း စာရင်းသွင်းရန် ဆားလင်းကြီးရဲစခန်းအားမတ်လ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြောင်း၊ဤအမှုအားရှေ့ဆက်ဆောင်ရွက်ရန်ခွင့်ပြုမှုနှင့်စပ်လျင်း၍ မေတ္တာရပ်ခံသော စာတစ်စောင်အား သမ္မတကြီးဦးသိန်းစိန်ထံပေးပို့ခဲ့ကြောင်း Justice Trust ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ သို့သော်လည်းရဲတပ်ဖွဲ့မှ ဤအမှုအားမှတ်တမ်းမတင်သေးကြောင်း၊ဥပဒေအရသိသာထင်ရှားသော အထောက်အထားရှိသည့်မှုခင်းအတွက် ပထမ သတင်းမှတ်တမ်း (FIR) မှတ်တမ်းတင်ရန် လိုအပ်ကြောင်း Justice Trust က သတင်းထုတ်ပြန်သည်။ "ဒါပေမယ့်သူတို့ကသာ အမှုကျူးလွန်သူတွေဖြစ်မယ်ဆိုရင်တော့ မှတ်တမ်းတင်မှာမဟုတ်ဘူး"ဟု Justice Trustနှင့်လုပ်ကိုင်လျက်ရှိသော အကြီးတန်းရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

သံဃာတော်များအားဓါတုလက်နက်များ အသုံးပြုခြင်းသည် တစ်နိုင်ငံလုံးဂုဏ်သိက္ခာ ထိခိုက်စေနိုင်သောကြောင့် အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းသောအကြမ်းဖက်မှုဖြစ်သောကြောင့် တရားရုံးချုပ်ထိရောက်စေရန် အဆိုပါအမှုကိုရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားဥပဒေအရတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ဤကိစ္စက မြန်မာ့ဥပဒေစနစ်အတွက် ကြီးမားသောစမ်းသပ်ချက်ဖြစ်တယ်၊အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်မှာ တရားဥပဒေချိုးဖောက်မှုမှ အပြစ်လွတ်ကင်းခြင်းဟာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်။အကယ်၍ ဒီနိုင်ငံရဲ့အပြောင်းအလဲအတွင်းမှာ တရားဥပဒေစိုးမိုးရေးမတိုးတက်ဘူးဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်ပွါးစေတဲ့ ညွှန်ကြားချက်တွေအတွက် အစိုးရထိပ်တန်းအရာရှိကြီးတွေများက တာဝန်ယူဖို့အရေးကြီးလှပါတယ်။"လို့Justice Trust၏တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ Roger Normand က ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲကို ရွှေဝါရောင်တော်လှန်ရေးမှ သံဃာတော်များသည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ NW

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment