မူးယစ်တိုက်ဖျက်ရေး မြန်မာအစိုးရ အားနည်း

ဘိန်းခင်းတစ်ခင်းပုံ။ Photo: Nay Thwae/RFA
မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ် မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် တည်ရှိနေ ဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့တဲ့ နိုင်ငံတကာမူးယစ် တိုက်ဖျက်ရေး နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားအစိုးရတွေဟာ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သူတို့ပေးခဲ့တဲ့ ကတိတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဖေါ်ပြထားပါတယ်။

အခုလို ထိရောက်စွာ ဆောင်ရွက်ခြင်းမရှိပေမယ့် သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံအစိုးရ အနေနဲ့ နိုင်ငံရေးပြုပြင်မှုတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ထားတာ သုံးနှစ်ရှိပြီလို့လည်း ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးက အာဖဂန်နစ္စ တန်နိုင်ငံဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment