ပလောင်(တအာင်း)တပ်ဖွဲ့ကို အစိုးရတပ် တပ်မ ၇၇ ပိုက်စိတ်တိုက် လိုက်လံတိုက်ခိုက်


  ဩဂတ်စ် ၂၇ ရက် ၂၀၁၅

  သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွားလာ လှုပ်ရှားနေသည့် ပလောင်(တအာင်း)လက်နက်ကိုင်တပ် TNLA တပ်ဖွဲ့များ အား တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများက နေ့စဉ်ရက်ဆက် ပိုက်စိတ်တိုက် နောက်ယောင်ခံလိုက်ကာ တိုက်ခိုက်နေ ကြောင်း ကြားသိရသည်။

ဩဂတ်စ် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော် နမ့်ဆန် မြို့နယ် အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကြောင်း၊ အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက် ခံစစ်ကြောင်းက TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၃၄ အား လိုက်လံတိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်နိုင် ကြောင်း TNLA ကပြောသည်။

‘ကျနော်တို့ဘက်က တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး ချောမွေ့နိုင်ေ အာင် ထောက်ပံ့မှုဖြစ် အောင် အတတ်နိုင်ဆုံး တိုက်ပွဲတွေလျှော့ချမယ် လို့ဆုံးဖြတ်ထားတာ။ ဒါပေမယ့် အစိုးရတပ်က ကျနော်တို့ရှောင်ပေး တဲ့ နေရာတွေ ဝင်ရောက် စခန်းလာတယ်။ ပြီးတော့ ကျနော်တို့ကို ပိုက်စိတ်တိုက် လိုက်လံရှာဖွေပြီးတော့ တိုက်ခိုက်တဲ့အနေ အထားရှိနေတယ်၊ ရှောင်လို့ မရတော့ ခုခံတိုက်ခိုက်တာပဲဖြစ်တယ်’ - ဟု TNLA ၏နိုင်ငံခြားရေးဌာနမှူး တာ့ဘန်းလှ ကပြောသည်။

တိုက်ပွဲကြောင့် နှစ်ဘက်အကျအဆုံးမသိရသေးကြောင်းလည်း တာ့ဘန်းလှ ကပြောသည်။

နှစ်ဘက်ဖြစ်ပွားလာနေသောတိုက်ပွဲကြောင့် ကျောက်မဲမြို့ဘက်မှ အစိုးရ တပ်များ နမ့်ဆန် ဘက် အင်အားထပ်ဖြည့်လာနေသောကြောင့် တိုက်ပွဲ ပိုမိုဖြစ်ပွားလာမည်ကို အထူးစိုးရိမ် နေ ကြောင်း၊ ဒေသခံ အများအပြား လဲ တောင်ယာလုပ်ငန်း၊ လက်ဘက်ခြံ လုပ်ငန်းများ သွားရောက် လုပ်ကိုင်ခြင်း မဝံ့ရဲကြကြောင်း ဒေသခံ ဦးမိုင်းအိုက်ကပြောသည်။

ထို့အတူ ဩဂတ်စ် ၂၃ ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ခရိုင် ကျောက် မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း TNLA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေး သည်ဟုသိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း မြန်မာစစ်တပ် နှင့် တိုက်ပွဲဖြစ်ပွါးနေဆဲ အဖွဲ့ဖြစ်သည့် ပလောင် တပ်ဖွဲ့TNLA အပါအဝင် ရခိုင်တပ်မတော် AA ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နိုင်ငံတော် ဂုဏ်သိက္ခာကို ထိပါးစော်ကား သဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ ပါဝင်လျှင် လက်နက်အပြီး ချဖို့ လမ်းတခုသာ ရှိသည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင် က မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) ကို ပြောကြားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment