ကိုးကန့်ခေါင်းဆောင်ကို လက်ခံထားခြင်းမရှိဟု ယူနန် အစိုးရပြော

ဖုန်ကြားရှင် (Photo Tom Kramer)
တရုတ်နိုင်ငံ ယူနန်ခရိုင် အစိုးရက မြန်မာသူပုန်ခေါင်းဆောင်ကို လက်ခံမထားသလို မြန်မာ အစိုးရနဲ့ တိုက်ပွဲတွေမှာလည်း သူကို ထောက်ပံ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

မတ် ၇ ရက် အစောပိုင်းမှာ  ယူနန်ကွန်မြူနစ်ပါတီ အကြီးအကဲ လီဂျင်းဟန်က ဘီဂျင်းမှာ ပြုလုပ်တဲ့ ပါလီမန်ဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ပြောကြားတာလို့ ဆော့ချိုင်းနား မောနင်းပိုစ်သတင်းကရေးပါတယ်။

လီဂျင်းဟန်က (ဓာတ်ပုံ -scmp)
“မြန်မာရဲ့ အချုပ်အခြာအာဏာကို တရုတ်က အမြဲတမ်း လေးစားပါတယ်၊ ယူနန် နယ်စပ်က လူတွေကို ဒုက္ခဖြစ်စေတဲ့ တိုက်ပွဲတိုင်းကို ကျနော်တို့က ဆန့်ကျင်ပါတယ်” လို့ပြောပါတယ်။

တရုတ်နိုင်ငံမှာ တရုတ်တိုင်းရင်းသားတွေဖြစ်တဲ့ အတွက် ဖုန်ကြားရှင်ကို လူတွေက စာနာသနား ကြသလို တရုတ် အစိုးရရဲ့ထောက်ပံ့မှုကို ရနေတယ်ဆိုတဲ့သံသယတွေလည်း မြင့်တက်နေတယ်လို့ သတင်းက ရေးပါတယ်။

“အစိုးရကို လက်နက်နဲ့ ဆန့်ကျင်ဖို့ ဖုန်ကြားရှင်ကို ကျနော်လို့ မထောက်ခံပါဘူး၊ မြန်မာ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို ကျနော်တို့ ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး၊ မြန်မာအစိုးရနဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)တို့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”လို့ လီက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ ၆ သောင်းလောက် တရုတ်ကို ထွက်ပြေးလာတယ်လို့လည်း လီက ပြောပါတယ်။

မြန်မာကလည်း တရုတ် ကြေးစားတွေ သူပုန်တွေနဲ့ အတူ တိုက်နေတယ်လို့ စွပ်စွဲထားသလို အကြမ်းဖက် တိုက်ခိုက်မှုကို ကာကွယ်ဖို့ တရုတ်ကို ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကွန်မြူနစ်ပါတီအကြွင်းအကျန် အမ်အန်ဒီအေအေတပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့ မကြာသေးမီက တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က အမ်အန်ဒီအေအေနဲ့ အစိုးရတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီအဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် တရုတ်ကို ထွက်ပြေးသွားတယ်လို့ ယူဆနေသလို နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာလည်း သူက ဒီဒေသကို ထိန်းချုပ်နိုင်ဖို့ ပြန်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။

မကြာခင်က မြန်မာကို ပြန်သွားပြီး ၂၀၀၉ ခုနှစ် ကတည်းက ဖုန်ကြားရှင်က ယူနန်မှာ နေထိုင်နေတယ်ဆိုတာကို မဟုတ်ဘူးလို့လည်း လီက ပြောပါတယ်။

ဒါအပြင် လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားရာမှာ ဖုန်ကြားရှင်နဲ့ အတူ တိုက်ခိုက်ဖို့ တရုတ်နိုင်ငံသား တဦးတယောက်မှ နယ်စပ်ကို ဖြတ်ကျော်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

By ကို​ထွေး​(ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment