မြန်မာလက်နက်ကိုင်များထံ လျှို့ဝှက်ချက် ပေါက်ကြားစေသည့် တရုတ်အရာရှိကို တရားစွဲ


ဗိုလ်ချုပ်ဝမ်ဇင်း (photo-SCMP)
မြန်မာ လက်နက်ကိုင်အဖွဲ့တွေဆီကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေတဲ့ တရုတ်လူထု လွတ်မြောက်ရေး တပ်မတော် (PLA)က ဗျူဟာမြောက် တွေးခေါ်မျှော်မြင်တတ်သူ အဆင်မြင့် အရာရှိတဦး လိမ်ညာမှုနဲ့ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တရုတ် စစ်ဘက်ဆိုင်ရာ တက္ကသိုလ် တခုက သုတေသနဆိုင်ရာ အကြီးအကဲဟောင်း ဗိုလ်ချုပ်ဝမ်ဇင်းကို စည်းကမ်းချိုးဖောက်မှုနဲ့ ဒီနှစ်အစောပိုင်းက အရေးယူထားတယ်လို့ ဆော့ချိုင်းနား မောနင်းပိုစ်သတင်းက ရေးပါတယ်။

အရင် ၂ လက အဂတိ လိုက်စားမှုနဲ့  ဖမ်းဆီးထားတဲ့ ဗိုလ်ချုပ် ၁၄ ဦးထဲမှာ ၀မ်ဇင်းဟာလည်း တဦးအပါအ၀င် ဖြစ်တဲ့အကြောင်း PLA ရဲ့ မတ် ၂ ရက်ထုတ် နေစဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် စွပ်စွဲထားတဲ့ ကိုးကန့်နဲ့ ဆက်ဆံရေး အခြေအနေကို ဖော်ပြခြင်းမရှိပါဘူး။

၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကိုးကန့်ဒေသက သူပုန်တွေဆီကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုက အဓိက ပြစ်မှု ဖြစ်တယ်လို့ ၀မ်နဲ့ နီးစပ်သူကို ကိုးကားပြီး သတင်းက ရေးပါတယ်။

ကိုးကန့်ဒေသကမှာ လှုပ်ရှားနေတဲ့ အဓိက သူပုန်တပ်ဖွဲ့ကတော့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ဖြစ်ပါတယ်။

အမ်အန်ဒီအေအေ ပြောခွင့်ရ ဦးထွန်းမြတ်လင်းကတော့ တရုတ်ရဲ့ ဗိုလ်ချုပ်တဦးနဲ့ အဆက်အသွယ်မရှိသလို လျှို့ဝှက်ချက်တွေ ပေးခဲ့တာမရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ သာမန်ပဲ ရိုးရိုး ဒီ ၂၀၀၉ မတိုင်ခင်ပေါ့၊ ရိုးရိုး ဒီ နှစ်ဖက် အရပ်သားအနေနဲ့ပဲ ဆက်သွယ်ကြပါတယ်” လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ဝမ်နဲ့ နီးစပ်သူအဆိုအရတော့ ယွမ် ၁ သန်းနီးပါး လိမ်လည်ခဲ့တဲ့အတွက် စွဲဆိုခဲ့တာ ဖြစ်သလို အသေးစိတ်ကို မသိရဘူးလို့ သတင်းက ရေးပါတယ်။

တခြားဖမ်းဆီး စွဲဆိုခံထားရတဲ့ ဗိုလ်ချုပ်တွေကတော့ ဒီထက်ပိုတဲ့ ငွေကြေးတွေကို လာဘ်ပေးလာဘ်ယူ လုပ်ဆောင်ခဲ့တဲ့ အတွက် ၀မ်ကို ဖမ်းဆီးတာဟာ မခိုင်လုံသလို သူကို ဖြုတ်ချချင်သူတွေ ရှိနေတယ်လို့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းက ရေးပါတယ်။

တရုတ် စစ်သားဟောင်းတွေဆီကနေ သင်တန်းနဲ့ အကြံဥာဏ်ကို ကိုးကန့်တပ်ဖွဲ့တွေက ရရှိခဲ့တယ်လို့ မြန်မာ ထိပ်တန်း စစ်တပ်အရာရှိက စွပ်စွဲခဲ့သလို တရုတ်ရဲ့ အထောက်အပံ့ကို ရရှိခဲ့တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရနဲ့ ကိုးကန့် ခေါင်းဆောင်တွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment