မြန်မာစစ်ရှောင် ဒုက္ခသည် ၁ သောင်းကျော် တရုတ် နေရာချပေး


တရုတ်နိုင်ငံက ယာယီအခြေချစခန်းတွေကို တည်ဆောက်ပြီး ကိုးကန့်ဒေသက စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို နေရာချထားပေးတယ်လို့ အစိုးရပိုင် တရုတ်နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ ဒုက္ခသည်တွေကို တရုတ်က အစားအသောက်နဲ့ ဆေးဝါးအထောက်အကူတွေ ပေးနေတယ်လို့ ယူနန်ခရိုင် လင်စန်းမြို့က သတင်းအချက်အလက်ရုံးက ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းမှာ ရေးပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက် မြန်မာဒုက္ခသည်တွေဟာ တရုတ်နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်မှု အကြိမ် ၆ သောင်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ် စီမံခန့်ခွဲမှုကိုလည်း လင်စန်း မြူနီစပယ်က တင်းကျပ်ထားတယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
ကိုးကန့်ပဋိပက္ခမှာ တရုတ်နိုင်ငံသား တဦးတယောက်မှ ပါဝင်ပတ်သက်မှု မရှိကြောင်းနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားစေမယ့် အဖွဲ့အစည်း၊ တစုံတဦးကိုမှ တရုတ်နယ်မြေကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ ရက်ကတည်းက မြန်မာအစိုးရစစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(အမ်အန်ဒီအေအေ)တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment