ရွှေပြည်သာကိစ္စ ပြေလည်ပြီလို့ ၀န်ကြီးပြောပေမဲ့၊ အလုပ် သမားတွေ ငြင်းဆို


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံ ၃ ရုံထဲက ၂ ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ညှိနှိုင်းမှု ပြေလည် သွားပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။

အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အလုပ် သမားဝန်ကြီးဌာနက မနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောကြား ခဲ့တာပါ။

"စက်ရုံတွေမှာ အလုပ်ဝင်လုပ်တဲ့ စာရင်းတွေကို ကျနော်တို့နေ့စဉ်မှတ်ထားပါတယ်၊ Costec စက်ရုံ ဟာဆိုရင် ၂၃ ရက်နေ့မှာလက်မှတ်ထိုးပါတယ်၊ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ အလုပ်ကိုဝင်ကြ တဲ့အတွက် ၂၈ ရက်နေ့မှာ အလုပ်ဝင်တဲ့သူက ၉၄၇ ဦးရှိတဲ့အတွက် ၇၇ ရာခိုင်နှုန်း အလုပ်လုပ်ကြပါတယ်၊ ကျန်တဲ့သူကတော့ လောလောဆယ်မဝင်တာလား၊ နောက်ကျရင်ဝင်မှာလား ကျနော်တို့လဲ မပြောတတ် ပါဘူး၊ အီလန်မြန်မာမှာလဲ သဘောတူညီချက်ညှိနှိုင်းနေတဲ့ အခြေအနေမျိုးရှိနေပါသော်လည်း၊ စက်ရုံမှာ ဝင်လုပ်နေတဲ့ လုပ်သားဦးရေကတော့ ၂၄ ရက်ကစပြီးတော့ တချို့တွေဝင်ပြီး အလုပ်လုပ်ကြပါတယ်"

သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အလုပ်သမားတွေကတော့ အခုချိန်ထိ ညှိနှိုင်းမှုမပြေလည်သေးဘူး လို့ ပြောပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အီလန် မြန်မာ၊ Costec နဲ့Ford Glory စက်ရုံ ၃ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အခြေခံလုပ်ခလစာကျပ် ၃သောင်းတိုးမြှင့်ရရှိဖို့အတွက် အီလန်မြန်မာစက်ရုံရှေ့မှာ ဆန္ဒပြနေတာ တစ်လနီးပါး ရှိနေပြီဖြစ်ပါတယ်။

အလုပ်သမားတွေက တစ်ရက်ကျပ်တစ်ထောင် တိုးပေးဖို့ တောင်းဆိုထားရာကနေ တစ်ရက်ကျပ် ၅၅၀ ပေးဖို့ ပြောင်း လဲတောင်းဆိုခဲ့ပါတယ်။

အလုပ်ရှင်ဖက်က အဲဒီ့တစ်ရက် ၅၅၀ ကျပ် တောင်းဆိုချက်ကို လိုက်လျောပေးဖို့ သဘောတူခဲ့ပေမဲ့၊ သီးသန့်ပေးတာ မဟုတ်ဘဲ အလုပ်သမားတွေ အရင်ကတည်းက ရရှိခဲ့တဲ့ခံစားခွင့်တွေထဲက ခေါင်းစဉ်ပြောင်းပြီးပေးဖို့ သဘောတူ တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment