အမျိုးသမီးတွေရဲ့အမွေးအမျှင်တိုင်း မတူညီကွဲပြားတဲ့ နှုန်းနဲ့ ဖွံ့ဖြိုးနေကြပါတယ်။ အများအားဖြင့် (၂) ပတ်ကနေ (၆) ပတ်ကြား မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေပေါ် မူတည်သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုရှိနေပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မိမိအသားအရေ အမျိုးအစားနဲ့ အမွေးအမျှင်ရဲ့ ချောမွတ်တောက်ပြောင်မှုပေါ် မူတည်ပြီးတော့ ရွေးချယ်မှုလုပ်တာ ပိုမိုကောင်းပါတယ်။
အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကတော့ သေးမျှင်သေးသွယ်တဲ့ အမွေးအမျှင်နဲ့ အသားအရေရှိသူတို့အတွက် အရောင်ချွတ်တာ ပိုအဆင်ပြေပါလိမ့်မယ်။ ပိုမိုနက်မှောင်ကြမ်းထော်တဲ့ အမွေးအမျှင်ပိုင်ရှင် အမျိုးသမီးတွေ အတွက်ကတော့ ဖယောင်းသွင်းခြင်းနဲ့ ဆွဲနုတ်တာ ပိုပြီး ထိရောက်ပါတယ်။ အရေပြားအပေါ်ယံလွှာ ဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် အကြမ်းမခံတဲ့ အသားအရေအတွက်ဆိုရင် အမြစ်မှ ဆွဲနုတ်တာ အန္တရာယ် အကင်းဆုံးပဲဖြစ်ပါတယ်။
Ref: Cosmopolitan
Victor
Source:trend.com.mm
0 comments:
Post a Comment