ကျောက်မဲ ခဲစက္ကူလုပ်ငန်း မီးလောင်မှု အိမ် ၅ လုံး ဆုံးရှုံး


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အရှေ့ဘက် ၂ မိုင်အကွာ နမ့်ဟူးတောင်းအပေါ်ရွာမှာ မတ် ၂ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားတယ်လို့  မြို့နယ်မီးသတ်ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ် ။

ညနေ ၄ နာရီက ခဲစက္ကူ အိမ်တွင်းမှုလုပ်ငန်းတခုကနေ စတင် မီးလောင်ပြီး နေအိမ် ၅ လုံး လောင်ကျွမ်းသွားတယ်လို့  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မျိုးဇော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“ခဲစက္ကူထုတ်တာကို ပါကင်ပိတ်ရင်းနဲ့ ဖယောင်းတိုင်က ခဲစက္ကူပေါ် ကျပြီး စလောင်တာပါ။ သတင်းရရချင်း ကျနော်တို့ မီးသတ်ကား ၅ စီးနဲ့ သွားငြိမ်းပါတယ်။ ရာသီဥတုပူပြီး လေပူတွေပါ တိုက်နေလို့ အိမ် ၅ လုံး မီးထဲပါသွားတယ်။ ၂ လုံးက အားလုံးပြာကျသွားတယ်။”လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏတန်ဖိုးကို ရဲစခန်းက ကျပ် ၃၅ သိန်းလို့ ခန့်မှန်ထားပြီး မိသားစုဝင် ၄ အိမ်ထောင်စု နေစရာမဲ့သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းတဲ့ အိမ်ပိုင်ရှင် စိုင်းထွန်းတင်ကို မီးပေါ့ဆမှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment