သေဆုံးသူ မိသားစုအတွက် က.လ.လ.တ လျော်ကြေးပေးမည်


ကရင်နီလူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) တပ်သားတဦး ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဖိုးသား၏ ကျန်ရစ်သူ မိသားစုအား လျော်ကြေး ပေးဆောင်ရန် အတွက် က.လ.လ.တ နှင့် မိသားစုများ ဆွေးနွေး သဘောတူမှု ရပြီ ဖြစ်ကြောင်း သိရသည်။

က.လ.လ.တ မှ သေဆုံးသူ၏ ဈာပန တွင်ကုန်ကျခဲ့သော ကုန်ကျစရိတ် ၂၅ သိန်း၊ ကျန်ရစ်သူ ဇနီးနှင့် ကလေးအတွက် ထောက်ပံ့ငွေ သိန်း ၁၀၀ ကို ပေးလျော်ရန် သဘောတူ ခဲ့ကြောင်း က.လ.လ.တ လူငယ်အဖွဲ့မှ သိရသည်။

ကျန်ရစ်သူမိသားစုများမှ လျော်ကြေးငွေအပြင် တရားခံအား နိုင်ငံတော်ဥပဒေ အပြင် အဖွဲ့အစည်း၏ မူဝါဒအရ အရေးယူပေးရန်၊ အခွန်ကောက်ခံသည့်ကိစ္စများနှင့်ပါတ်သက်၍ တိကျပြတ်သားစွာ ရှင်းလင်းပေးရန်၊ မလိုအပ်သော ဂိတ်များကို ဖြုတ်ပေးရန် စသည့် အချက် ၈ ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

အဆိုပါ မိသားစု၏ တောင်းဆိုချက်များကို က.လ.လ.တ လူငယ် အဖွဲမှ ထောက်ခံကြောင်း နာယက ဖြစ်သူ မအယ်ဗာလင်းကပြောသည်။
“ဒီရှစ်ချက်လုံးကို အမတို့ ကလလတ လူငယ်တွေ အနေနဲ့ လုံးဝထောက်ခံတယ် ဒီလိုတောင်းဆိုရမယ် လူထုတွေကလည်း အမြင်ကြီပြီး သဘေားထားလည်းအရမ်း ကြီးတယ်လို့ မြင်တယ် အချက်ရှစ်ချက်ကို ကလလတ ကလည်းလက်ခံတယ် ဆိုပြီးဆွေးနွေးသွား ကြတယ် ” ဟု မအယ်ဗာလင်းက ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

သေဆုံးသူအတွက် အခုလိုဆောင်ရွက်ပေးရာတွင် ကျေးနပ်မှုမရှိခဲ့ပေမယ့် အဆင်ပြေနိုင်အောင် ညှိနှိုင်းခဲ့ရခြင်းဖြစ်ပြီး နောင်တွင်လည်း ယခုလိုအခြေနေမျိုး မဖြစ်စေနိုင်အောင် ပြဿနာ ထပ်မံ မဖြစ်ပွားဖို့ရန် အတွက် သဘောတူညီခဲ့တယ်ဟု သေဆုံးသူ ၏ ယောက္ခမ ဖြစ်သူကပြောသည်။

“ကိုယ့်သားသမီးကို ရောင်းတာမဟုတ်ဘူး ကိုယ့်သားသမီးပဲပြန်လိုချင်တယ် ဒီပိုက်ဆံ သိန်းတစ်ရာမပြောနဲ့ သိန်းတစ်ထောင်ပေးလည်း မလိုချင်ဘူး အသက်တချောင်း သိန်းတစ်ရာလဲရတာ အမျိုးမှမဟုတ်ဘဲ ”ဟု ပြောသည်။

၎င်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် က.လ.လ.တ အဖွဲ့အစည်းအနေဖြင့် လက်နက်ကိုင်ဆောင်မှုနှင့်ပါတ်သက်သော စည်းမျဉ်းစည်းကမ်းများ ပြန်လည်သတ်မှတ်သွားရန် လိုကြောင်း မအယ်ဗာလင်းကဆိုသည်။

သေဆုံးသူ ခွန်ဖိုးသားမှာ မဲပြာကျေးရွာမှ ထင်းတင်၍ ထော်လဂျီ နှင့်အပြန် လွိုင်လင်လေး ကျေးရွာ အထွက်တွင် ကလလတ တပ်သား မောင်အို့မှ M-16 သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Written by ဆန်းဖြိုးထွန်း
ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment