ပြည်မြို့တွင် မီးလာင်မှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံး


ပဲခူးတိုင်း ပြည်မြို့မှာ မီးလာင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် (၄)ဦး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

မတ်လ ၃ ရက် မနက် ၂ နာရီခွဲလောက်က ပြည်မြို့ န၀င်းနယ်မြေ၊ ရွှေလက်လှရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အခန်းထဲက လူတွေမထွက်နိုင်ပဲ မီးခိုးမွှန်လို့ သေဆုံးခဲ့တာလို့ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့က ဦးဝင်းညွှန်က ပြောပါတယ်။

‘သေတာက လူကြီး နှစ်ယောက်၊ ကလေး နှစ်ယောက်ပေါ့ ၄ ယောက်စလုံးက တယောက်မှ မီးလောင်လို့ လောင်တာမဟုတ်ဘူး။ သူတို့နေအိပ်ခန်းမှာ မီးခိုးမွှန်တာကြောင့် သေဆုံးရတဲ့ အနေအထားဘဲ။ ကျန်တဲ့အပိုင်းတော့ အားလုံးပြီးမှ ရှာလို့ရမယ် အခုမှ မီးကြွင်းမီးကျန်တွေ သတ်နေတုန်းပဲ ရှိပါသေးတယ်။’

သေဆုံးသွားသူတွေကတော့ ဒေါ်နွယ်နွယ်ဝင်း အသက် ၃၅ နှစ်၊ မစန္ဒီ အသက် ၂၀၊ မရွှေဇင်ထက်မြက် ၁၁ နှစ်နဲ့ မရတီ ၇ နှစ်တို့ဖြစ်ပါတယ်။

အမျိုးသမီးတဦးကတော့ ပြတင်းပေါက်ကနေခုန်ချပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြည်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်လို့ အိမ်နီးနားချင်းဖြစ်သူ ဦးကျော်ဦးက ပြောပါတယ်။

‘အစ်မ ခုန်တော့ ခုန်လို့ပြောတော့ ဒီကနေဖမ်းတာ သူ့ကိုယ်လုံးနဲ့ မနိုင်တော့ အုတ်ခုံနဲ့ အစ်မနဲ့ သွားဆောင့် လိုက်သေးတယ်။ ခြေထောက်တွေလည်း မီးတွေလောင်နေတယ်။ ကျနော်တို့ ရောက်လာတဲ့ အချိန်မှာ၊ ဒီကနေ မီးတွေပန်းထွက်နေတယ်။ လူကတော့ ၄ ယောက်သေတယ်။ ဟိုမှာ အလောင်းတွေ ထမ်းနေတယ်’လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ၂ ထပ်အိမ်တလုံး၊ ဘေးကကပ်နေတဲ့ ၄ ထပ်တိုက်အိမ်၊ Soft Guide ကွန်ပြူတာသင်တန်းနဲ့ သင်တန်းက ကွန်ပြူတာ ၃ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ လည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ပန်းစကားလက်ဖက်ရည်ဆိုင် အိမ်တလုံးတို့မီးထဲမှာ ပါသွားခဲ့ပါတယ်။
ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်း ၁၂၀၀ ကျော်ရှိမယ် ခန့်မန်းထားကြပြီး မီးဖိုခန်းက မီးကြွင်း မီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁ ရက်နေ့ကစပြီး ပြည်မြို့မှာ မီးလောင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment