ကြံခင်းမြို့နယ် ချောင်းခွရွာတွင် မီးလောင်မှုဖြစ်ပွား နေအိမ်သုံးလုံးမီးလောင်ဆုံးရှုံး


ကြံခင်း မတ် ၃

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကွေ့မအုပ်စု ချောင်းခွကျေးရွာ တွင် မတ် ၃ ရက် နံနက် ၁ဝ နာရီခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၃ ရက် နံနက် ၁ဝ နာရီခန့်က ကြံခင်းမြို့နယ် ကွေ့မ အုပ်စု ချောင်းခွရွာနေ ဒေါ်ပေါက်စ(ခ) ဒေါ်ခင်အုန်းမြင့် (၄၆နှစ်)သည် နေအိမ်မီးဖိုတွင် ခရမ်းသီးပြုတ်အိုးတည်ထားခဲ့ပြီး နွားလှန်သွားနေစဉ် မီးဖိုမှ နေအိမ်အကာထရံသို့ မီးကူးစက်လောင်ကျွမ်းရာ ကြံခင်းမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ် ရဲဘော် ၁၁ ဦး၊ အရန်မီးသတ် ၂၅ ဦး အချိန်မီရောက်ရှိလျက် ကျေးရွာ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးဘေးဒုက္ခသည် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၁ ဦးတို့အား ချောင်းခွရွာ-မြင်သာ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေရာ ချထားပြီး တာဝန်ရှိအဖွဲ့အစည်းများမှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် လျက်ရှိသည်။ မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင် ဒေါ်ပေါက်စ(ခ) ဒေါ်ခင် အုန်းမြင့်အား ကြံခင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment