ကိုးကန့် ဒေသ အတွင်း တိုက်ပွဲ ပြင်းထန်ဆဲ အစိုးရ တပ်မတော် အများအပြား သေ

ဓါတ်ပုံ- ကျရှုံးမြန်မာစစ်သားများနှင့် ကိုးကန့်တပ်မှ သိမ်းဆည်းခံရ ပစ္စည်းများ (Photo:
http://blog.sina.cn )
မတ်ခ်ျ ၁၉ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း မြန်မာ အစိုးရ တပ်မတော် နှင့် ဖုန်ကြားရှင်းတို့ ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုကြောင့် အစိုးရ တပ်မတော်ဘက် ထိခိုက်ကျဆုံးမှု များပြားသည်ဟု ဆိုသည်။

မတ်ခ်ျ ၁၆ ရက်နေ့ မှစ၍ ယနေ့အထိ အစိုးရတပ်မတော် တပ်မ ၆၆ ၊ ၁၁ နှင့် ဖုန်ကြားရှင်း ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဆက်တိုက်ဖြစ်ပွားနေသေးသည်ဟု ဆိုသည်။

“ကျနော်တို့က ခံစစ်။ တက်လာတော့ပစ်ခတ်ခံရတယ်။ တိုက်ပွဲသဘောသဘာဝဘဲ။ အခု ထပ်လာ တာက တပ်မ ၆၆။ သူတို့နဲ့ဖြစ်နေတာ ၃ - ၄ ရက်ရှိပြီ။ သတင်းစာမျက်နှာ ပျံ့နေတဲ့ ဓါတ်ပုံတွေက တပ်မ ၁၁ ရဲ့ပုံတွေ။ အဲဒါက လောက်ကိုင် ပတ်ဝန်းကျင်မှာ ဖြစ်တဲ့တိုက်ပွဲတွေ” - ဟု MNDAA ပြောရေးဆိုခွင့် ထွန်းမြတ်လင်းကပြောသည်။

တပ်မ ၁၁ လက်အောက်ခံ ရဲဘော် ကေဒါ စစ်သည်များ သေကြေဒဏ်ရာရရှိမှု ၁၅၀ ကျော်ရှိကြောင်း၊ အစိုးရတပ်မတော်များထံမှ လက်နက်နှင့် စစ်သည်အလောင်း အများအပြား ရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြောသည်။

အဆိုပါသေဆုံးမှုများ သီးခြားအတည်ပြုချက်မရသေးသော်လည်း အစိုးရတပ်မတော်ဘက် ကျဆုံးမှုများအား http://blog.sina.cn တရုတ်ဘာသာ ဘလောက်သတင်းစာမျက်နှာတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

တနင်္လာနေ့ အစိုးရ ထုတ်ပြန်ကြေငြာချက်တွင်မူ ကုန်းကြမ်းမြို့နယ် တိုက်ပွဲ၌ အစိုးရ တပ်ဘက် ၃ ဦး ကျဆုံးပြီး ၄ ဦးဒဏ်ရာရှိသည်ဟု ဆိုသည်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့ စတင်လာသည့် ကိုးကန့်တိုက်ပွဲသည် တလကျော်ပြီဖြစ်သော်လည်း တိုက်ပွဲအဆုံးသတ်နိုင်ခြင်းမရှိသေးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment