ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ် ၁၁ ရက်က ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အလယ် ဘလောက်ရှိ လျှပ်စစ်ပစ္စည်းဆိုင်အပါအဝင် အချိန်အနည်း ငယ်သာခြား၍ နေရာသုံးနေရာ၌ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ထိုသုံးနေရာသည် ပန်းဆိုးတန်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၊ အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်တို့ အတွင်းဖြစ်ကြပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်တွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်းစိန်မြို့နယ် ကြို့ကုန်း အနောက် ပန်းဈေးအနီးရှိ မြက်ခြောက်များ လောင်ခဲ့ ခြင်းဖြစ်ပြီး တာမွေမြို့နယ်တွင် (၁၃၈) လမ်း၌ မီးလောင်ခဲ့ ခြင်းဖြစ်သည်။
''မြက်ခြောက်တွေ လောင်တဲ့ဖြစ်စဉ်နဲ့ တာမွေမှာ မီးလန့်တာလောက်ပဲဖြစ်ခဲ့လို့ ဆုံးရှုံးမှုသိပ်မရှိ ပေမယ့် ပန်းဆိုးတန်းလျှပ်စစ်ဆိုင်ကတော့ အနည်းအကျဉ်း ဆုံးရှုံးခဲ့တယ်''ဟု မီးသတ်အရာရှိတစ်ဦးက ရှင်းပြသည်။
ပန်းဆိုးတန်းလမ်း အလယ်ဘလောက် အမှတ် (၁၄၈/၁၅ဝ/၁၅၂) အာရ်စီအဆောက်အအုံ မြေညီထပ် တိုရှီဘာလျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုသည် မျက်နှာကြက်အတွင်း ဝါယာကြိုးဟောင်းများ အပူလွန်ကဲ ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်တံတား၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း ဌာနချုပ်၊ လသာအရန်မီးသတ်တို့မှ မီးသတ်ယာဉ်စုစုပေါင်း ၂၄ စီး၊ အထောက်အကူပြုယာဉ် စုစုပေါင်း ရှစ်စီး၊ ကွပ်ကဲမှုယာဉ် လေးစီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၅၁ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅၂ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ဝဝ တို့ဖြင့် ငြှိမ်းသတ်ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှု ကြောင့် မျက်နှာကြက်၊ ဝါယာကြိုးအဟောင်းများ၊ ရေခဲ သေတ္တာငါးလုံးမီးလောင်ခဲ့ပြီး ဆိုင်တာဝန်ခံ ဒေါ်အိအိ သန့်ရှိန် (၃၁)နှစ်အား ကျောက်တံတား မြို့မရဲစခန်းက (ပ) ၆၄/၂ဝ၁၅၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment