ပခုက္ကူမြို့တွင် စက်သုံးဆီဆိုင်နှစ်ဆိုင် မီးလောင်မှုဖြစ်ပွား



ပခုက္ကူ မတ် ၂ဝ

ပခုက္ကူမြို့ ပခုက္ကူ-ပေါက်ကား လမ်း မိုင်တိုင်အမှတ် (၆/၆)အနီး ကွန်ပျူတာတက္ကသိုလ်ရှေ့၌ မတ် ၁၉ ရက် ညနေ ၃ နာရီက စက်သုံး ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် စက်သုံးဆီဆိုင်နှစ်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဦးမျိုးလွင် ရွှေချောင်း ကျေးရွာ ပခုက္ကူမြို့နယ်နေသူ ပိုင် ဆိုင်သော ဘဝတက္ကသိုလ်စက်သုံးဆီ အရောင်းဆိုင်တွင် အလုပ်သမား မအိသူခိုင် (၂ဝနှစ်)ပခုက္ကူမြို့နယ် နေသူက အပူရှိန်ရှိသော ပလတ် စတစ်ပုံးအတွင်းသို့ အောက်တိန်းဆီ များကို ဂါလန်ခွက်ဖြင့်လှယ်ထည့်စဉ် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

ထိုမီးလောင်ရာသို့ ခရိုင်မီးသတ် ဦးစီးမှူး ဦခင်မောင်သန်းနှင့် မီးသတ် တပ်ဖွဲ့ဝင် ၈ဝ၊ မီးသတ်ယာဉ် ၁၅ စီးနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ် တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုကြောင့် ဦးမျိုးလွင် ၏ လေးပင်သုံးပင်၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် အဆောက်အအုံတစ်လုံး၊ ဟိုက်ဂျက်ယာဉ်ဟောင်း တစ်စီး၊ ဒစ်ဂျစ်တယ် ပန့်လေးလုံး၊ ဆီပီပါ ငါးလုံး၊ ဝေဟင်စက်သုံးဆီဆိုင် သုံးပင် နှစ်ပင်၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် အဆောက်အအုံတစ်လုံး၊ ဒစ်ဂျစ် တယ် ပန့်လေးလုံး၊ ဆီပီပါငါးလုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး မအိသူခိုင်၏ လက်နှစ်ဖက်မီးဟပ်သည့် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ မအိသူခိုင်အား ပခုက္ကူမြို့နယ် မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment