အနုပညာရှင်တစ်ယောက်ရဲ့ဘ၀ဖြတ်သန်းမှုကိုလဲ သူက “ ဒီတိုင်းကြည့်ရင်တော့ ဘုရင်တပါးလိုပေါ့။ မင်းသား မင်းသမီးတွေကို အပေါ်ယံကြည့်ရင် အရမ်း ကံကောင်းတယ်။ သူများတွေရဲ့ မြှောက်ပင့်ခြင်း ခံရတယ်။ သာသာယာယာပဲပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်အလုပ်မှ လွယ်ကူတာ မဟုတ်ပါဘူး။ သူများထက် ပိုသာချင်ရင် ပိုကြိုးစားရတယ်။ လွယ်လွယ်ကူကူနဲ့ ရခဲ့တဲ့အရာရယ်လို့ မရှိပါဘူး။ တကယ်လို့ လွယ်လွယ်ကူကူနဲ့ ရခဲ့တယ်ဆိုရင်လဲ ဘယ်တော့မှ ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနုပညာအလုပ်က မလုပ်ကြည့်လို့ မသိကြတာပါ။ လုပ်ကြည့်မှ သိတာပါ။ နေပူမရှောင် မိုးရွာမရှောင် ရိုက်ရတယ်။ တောထဲတောင်ထဲလဲ သွားရတယ်။ ခဲရာခဲဆစ်နဲ့လုပ်ခဲ့တဲ့ အရာတွေအားလုံးကလဲ အရာပြန်ထင်လိမ့်မယ်လို့မျှော်လင့်မိတယ်။ အပြောအဆို အတိုက်အခိုက်တွေခံပြီး နေရာတစ်နေရာကို ရလာခဲ့တာပါ။ ကိုယ့်ကိုချစ်တဲ့လူလဲ ရှိသလို မုန်းတဲ့သူလဲရှိတဲ့အတွက် သည်းခံခဲ့ရတဲ့အရာတွေကိုလဲ ပြောပြရင်တောင်အချိန် ရမှာ မဟုတ်ပါဘူး။ သူများကိုမကောင်းတဲ့ စိတ်လဲမထားခဲ့ဘူး။ ကျွန်တော့ကို တိုက်ခိုက်ခဲ့တဲ့သူတွေ၊ နာမည်ကျအောင်လုပ်တဲ့သူတွေကို ဘာစိတ်မှလဲပြန်မထားဘူး။ စိတ်ကိုကြည်ကြည်လင်လင်ပဲ ထားပါတယ်။ နေရာတစ်နေရာကို တူတူလျှောက်လာကြတယ်။ ရှေ့မှာရယ်ပြ အကောင်းတွေပြော နောက်မှာကျတော့ ကျွန်တော်မဟုတ်တဲ့ အကြောင်းတွေလျှောက်ဖွတယ်။ အဲ့ဒါတွေနဲ့လဲ ရင်ဆိုင်ခဲ့ရဖူးတယ်။ အနုပညာအလုပ်က ကံနဲ့စန်းနဲ့လဲဆိုင်တယ်။ ကျွန်တော် ၀ါသနာမပါပဲနဲ့ လုပ်ခဲ့တယ်။ အလုပ်ကို အစပိုင်းမှာ သေချာမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကံတရားက ဒီဖက်မှာပါခဲ့တယ်။ ဆိုတော့ ခုချိန်ထိဖြစ်လာခဲ့တယ်ပေါ့။ တိုက်ပိုင်လဲ ရလာခဲ့တယ်။ ခေါင်းဆောင်မင်းသား တစ်ယောက်လဲဖြစ်လာခဲ့တယ်”တဲ့။
ခင်ဆွေသက်
Source:trend.com.mm
- မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
0 comments:
Post a Comment