ဖမ်းဆီးခံ ကျောင်းသား ၅ ဦး ပြန်လွတ်


သာယာဝတီခရိုင် ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်သားတွေကို တာဝန်ရှိသူတွေက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို တာဝန်ဆိုတဲ့ လက်ပတ်အနီတွေ ပတ်ထားတဲ့ စွမ်းအားရှင်တွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်ရပ်အပေါ် လက်ပံတန်း ပြည်သူလူထုကို ရှင်းလင်း တင်ပြဖို့ ကြိုးစားရင်း ဆန္ဒပြခဲ့ကြတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသား၅ ဦးကို မတ်လ ၆ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံထားရသူတွေကတော့ ကျောက်ဆည်ခရိုင် ကျောင်းသားများ သမဂ္ဂက ရဲမျိုးဆွေ၊ ရဲရင့်ပိုင်မှူး၊ အောင်မင်းခန့်၊ သာအေးအပါအဝင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂက အိသဉ္ဇာမောင် တို့ ဖြစ်ပါတယ်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမြို့မ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သာယာဝတီခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီကနေ့ နံနက် ၉ နာရီ လောက်မှာတော့ လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို  ဖမ်းဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူ ၅ ဦးကို တာဝန်ရှိသူတွေက ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။

ကျောင်းသားတွေကို အမှုဖွင့်အရေးယူမှု တစုံတရာ မပြုလုပ်ဘဲ သူတို့ရဲ့ သဘောဆန္ဒအတိုင်း လုံခြုံရေး ရဲတပ်ရင်းတွေရဲ့ ပိတ်ဆို့ခံထားရတဲ့ လက်ပံတန်း ပင်မသပိတ်စစ်ကြောင်းနေရာကို  ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသီဟက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment