ကျောင်းသားသပိတ်ဖြိုခွဲမှု အနောက်နိုင်ငံများ ကန့်ကွက်ရှုတ်ချ


ပဲခူးတိုင်းလက်ပံတန်းမြို့မှာ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား တွေ အကြမ်းဖက်ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးကို လေးစားဖို့ တိုက်တွန်းလိုက်ပြီး အင်အားသုံးဖြေရှင်းတာကို ကန့်ကွက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်းဆာကီးက ပုံမှန်နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျောင်းသားတွေနဲ့ သတင်းထောက်တွေကို ရဲတွေနဲ့ တာဝန်ရှိသူတွေက အကြမ်းဖက် ဖမ်းဆီးတဲ့ အပေါ် အလွန်ကို စိုးရိမ်မိသလို အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက လက်ပံတန်းက ဆန္ဒပြတဲ့သူတွေအပေါ် အင်အားသုံးဖြေရှင်းတာနဲ့ မတ် ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြမှုကို ပုံမှန်မဟုတ်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေသုံးပြီး ဖြေရှင်းတာကို ဗြိတိန်က စိုးရိမ်ပူပန်မိတယ်လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

ဒါအပြင် မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးခဲ့တဲ့ ဥရောပသမဂ္ဂ (အီးယူ)ကတော့ ဒီဖြစ်ရပ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ဟာ ဥရောပသမဂ္ဂရဲ့ အခြေခံကျတဲ့ တန်ဖိုးတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

အီးယူအနေနဲ့ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုက်ရိုက်တောင်းဆိုမှုကြောင့် ရဲတပ်ဖွဲ့ကို သင်တန်းပေးခဲ့တာဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီစေဖို့ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေနဲ့ အီးယူတို့ အရင်သီ တင်းပတ်က ဆွေးနွေးခဲ့ပြီး အပြန်အလှန်နားလည် ညှိနှိုင်းဖို့ ဆွေးနွေးဖို့ လိုအပ်ချက်ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment