ခြောက်ပွင့်ဆိုင်ဆွေးနွေပွဲ ရက်ပိုင်း အတွင်းစတင်မယ်လို့ သူရဦးရွှေ မန်းပြော

ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်။ photo from youtube
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်အပြင် နိုင်ငံရေးပါတီတချို့က လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်လာရေး အတွက် ဆွေးနွေးတယ်လို့ သိရပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ မကြာမီရက်ပိုင်းအတွင်းပေါ်ပေါက် လာတော့မှာဖြစ်ကြောင်း၊ တွေ့ဆုံမယ့် နေ့ရက်အတိအကျ မသိရသေးပေမဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မှာပါဝင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ အခုရက်ပိုင်းအတွင်း ခရီးမသွားကြဖို့ လွှတ်တော်နာယက သူရဦးရွေှ့မန်းက အသိပေး ထားကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။

"နိုင်ငံတော်သမ္မတကြီးကာကွယ်ရေးဦးစီးချုပ်တို့ နဲ့လေ ပြည်ထောင်စုလွှတ်တော်ဘက် ကတွေ့ဖို့ဟာလေ၊ အဲ့ဒါလေးကအကောင်အထည်ပေါ် လာနိုင်တယ်၊ ဒီရက်ပိုင်းအတွင်းမှာ ခရီးစဉ်တွေကိုရပ်ထားပေးပါလို့ လွှတ်တော်နာယကကြီးက စကားဦးသန်းလာ တာ ပေါ့လေ၊ ၆ ပွင့်ဆိုင်လေး ကမကြာခင်ဖြစ်လာနိုင်တယ်၊ ပြီးခဲ့တဲ့ကာလမှာ သမ္မတကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့တယ်၊ လွှတ်တော်နာယကကြီးနဲ့ သမ္မတကြီးက ပြီးခဲ့တဲ့ ကာလလေးတစ်ခုမှာတွေ့ခဲ့တယ် လို့ ပြောပါတယ်၊ ဒီလိုပဲ ပြည်ထောင်စု လွှတ်တော်နာယကကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကလဲတွေ့ခဲ့တယ် လို့ပြောပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် ၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုမယ့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်တို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလက ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment