ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်းတောမြို့နယ်တို့၌ ဓားပြတိုက်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူ


နေပြည်တော် မတ် ၆

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် ည ဝဝး၃ဝ နာရီခန့်က ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျီးနှုတ်သီးကျေးရွာနေ ဘာဆာမျှာ ၏ နေအိမ်နှင့် အဒူကော်နီ၏ နေအိမ် တို့သို့ လူတစ်စုက ဓားပြတိုက်စဉ် အိမ်ရှင်မိသားစုများက ပြန်လည်ခုခံ ခဲ့ရာ ဓားပြတိုက်သည့်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အဒူကော်နီ၏သား ရာဟာမောက်အူ လာနှင့် အန်နီမူလာတို့ သေဆုံးခဲ့ပြီး ရော်ဟီမူလာနှင့် အလုပ်သမားဖြစ်သူ အဒူမော်နာတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူ ပေးရန် အဒူကော်နီက တိုင်တန်းခဲ့ရာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ နယ်မြေရဲစခန်း (ပ)၁ဝ/ ၂ဝ၁၅ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်လှစ် ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့သည်။

ယင်းသို့ စုံစမ်းနေစဉ် ဖေဖော်ဝါရီ ၁၆ ရက်ည ၁ဝ နာရီ မိနစ် ၅ဝ တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ၌ နေအိမ်သို့ ဓားပြတိုက် ရန် ချဉ်းကပ်လာသူများကို တွေ့ရှိသဖြင့် အိမ်ရှင်ဖြစ်သူက အော်ဟစ် အကူအညီတောင်းရာ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက် နေသော ငန်းချောင်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များ၊ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူ များက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ ပြစ်မှုကျူးလွန်သူများအနက် နူရ်အာ လောင်(ခ)နိုရာလောင် (၅၅ နှစ်)ကို အသေ ဖမ်းဆီးရမိခဲ့ပြီး ရှော်ဘီ အူလ္လာ(ခ)အိုဖာနာတာ(ခ)အိုဖေါ်နွန် ဒေါ်(၂၈)နှစ်ကို ပြောင်းရှည် လုပ်သေနတ်တစ်လက်နှင့်အတူ ဖမ်း ဆီးရမိခဲ့သောကြောင့် ငါခူးရနယ်မြေ ရဲစခန်း (ပ) ၆/၂ဝ၁၅ ပြစ်မှုပုဒ်မ ၃၉၇ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေး ဖော်ထုတ်ချက်အရ ထွက်ပြေးသွားသည့် ကျန်ပြစ်မှုကျူး လွန်သူများမှာ အာလီဂျူဟတ်(၂၅ နှစ်)၊ ဟန်ဇာဒူလာ(ခ) အန်ဆော့ အူလ္လာ(၂၇ နှစ်)၊ ဟိုမာရုံ(ခ)ဟိုမာ ရော်ယာရှိတ်(၂၇ နှစ်)၊ မာမတ်ရော် ဖိတ်(၄ဝ နှစ်)၊ ရော်မူလာ (၄၅ နှစ်)၊ ဟာလာဆော်လိမ်(၃ဝ နှစ်)၊ အဒူရော် ဇော်(၂၅ နှစ်)၊ မာရှတော်ကာမာ(ခ)ကျောင်းဆရာကာမာ(၃၅ နှစ်)၊ နူရာ မောက်(ခ)ဖွေဇာလောင်(၂ဝ နှစ်)နှင့် မာမွတ်အာလောင်(၄၅ နှစ်)တို့ ဖြစ် ကြောင်း သိရှိရသည်။ ထွက်ပြေး တိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ဖမ်းဆီးရာ အာလီဂျူဟတ်အား ကျောက်ပြင်ဆိပ်အရှေ့ ကျေးရွာ၌ လည်းကောင်း၊ ဟန်ဇာဒူလာ(ခ) အန် ဆော့အူလ္လာအား မျောတောင်ကျေး ရွာ၌လည်းကောင်း၊ ဟိုမာရုံ(ခ) ဟိုမာရော်ယာရှိတ်အား နတ်မြစ်ဘေး ရှိ ပုစွန်ကန်အနီးမှလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဆက်လက် စစ်ဆေးချက်အရ အဆိုပါ ဓားပြအဖွဲ့ခေါင်းဆောင်များ မှာ ရှော်ဘီအူလ္လာ(ခ)အိုဖာနာတာ (ခ)အိုဖေါ်နွန်ဒေါ်နှင့် မာမတ်ရော် ဖိတ်တို့ဖြစ်ပြီး ၄င်းတို့ ၁၂ ဦး အဖွဲ့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူဆိုနီ ဒုက္ခသည်စခန်း၌ နေထိုင်သူများ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ကျီးနှုတ်သီးကျေးရွာ နေ အဒူကော်နီ၏ နေအိမ်နှင့် ဘာဆာမျှာတို့၏နေအိမ်များကို ဓားပြ တိုက်ခဲ့ကြောင်း၊ ဓားပြတိုက်မှုကျူး လွန်ပြီးနောက် အဆိုပါဓားပြ ၁၂ ဦး အဖွဲ့သည် မေယုတောင်တန်းကို ကျော်ဖြတ်ကာ မူဆိုနီဒုက္ခသည်စခန်း သို့ ပြန်လာစဉ် ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီက မောင်တောမြို့နယ် ငန်းချောင်းကျေးရွာအနီးသို့ ရောက်ရှိ ရပ်နားခဲ့ပြီး ည ၁ဝ နာရီခွဲတွင် ငန်း ချောင်းကျေးရွာတွင် ထပ်မံဓားပြ တိုက်ရန် ချဉ်းကပ်စဉ် ရဲတပ်ဖွဲ့ဝင် များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် ကျန်လူများ ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် ကျေးနှုတ်သီးကျေးရွာနှင့်မောင်တောမြို့နယ် ငန်းချောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ် များမှ ပြစ်မှုကျူးလွန်သူ ၁၂ ဦးအနက် ငါးဦးကို ပြစ်မှုကျူးလွန်စဉ် ကိုင် ဆောင်အသုံးပြုခဲ့သည့် လက်နက် များနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မာမတ် ရော်ဖိတ်ပါ ခုနစ်ဦးတို့ကို ဖမ်းဆီး ရမိရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment