" ပင်မကျောင်းသားသပိတ် အကြမ်းဖက်နှိမ်နင်းခံရ "

လက်ပံတန်းမှာ ပိတ်ဆို့ တားဆီးခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည်ပိုင်းမှာ အင်အားသုံး နှိမ်နင်း ဖြိုခွဲလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကိုရော၊ အဲဒီမှာသတင်းယူဖို့ ရောက်နေတဲ့ သတင်းမီဒီယာသမားတွေကိုပါ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ က နံပါတ်တုတ်တွေသုံးပြီး အင်အားသုံး အတင်းဝင်ရောက် နှိမ်နင်းဖြိုခွဲတယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေ မြန်မာဌာန သတင်းထောက်ကပြောပါတယ်။

ဒဏ်ရာရသူအများအပြားရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဆန္ဒပြကျောင်းသားအများအပြားလည်း အဖမ်းခံကြရပါတယ်။

အဲဒီအကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့၊ လှည်းတန်းဈေးရှေ့မှာ နေ့လည် ၃ နာရီလောက်ကနေ ၂ နာရီနီးပါးကြာ ဆန္ဒပြပွဲတခုကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းသားတဦးကို ရဲတွေက ရိုက်နှက်ဖမ်းဆီးပြီး ဆန္ဒပြပွဲကို တားဆီးခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ အဲဒီကျောင်းသားကို ပြန်လွှတ်ပေးခဲ့သလို ဆန္ဒပြပွဲကိုလည်း ရပ်နားလိုက်ပါတယ်။

Source ; ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment