အလုပ်အတွက် အင်တာဗျူးမဖြေခင် သင့်ဘက်က ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၅) ချက်


အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေရတော့မယ်ဆို သင့်အနေနဲ့ ဘယ်လိုအချက်တွေ 
ကြိုတင်ပြင်ဆင်သွားသင့်သလဲ၊ ဘယ်လိုအရာမျိုးတွေက အင်တာဗျူးအတွက် သင့်ကို အမှတ်ပိုသွားစေမလဲ၊
 သူတို့ဘက်က အထင်ကြီးသွားစေမလဲဆိုတာ သိထားဖို့ လိုပါတယ်။ အင်တာဗျူးဖြေဆိုမှုနဲ့ ပတ်သက်ပြီး 
အကျိုးရှိမယ့်အချက်လေးတွေ ပြောပြရရင်ဖြင့်
၁။သင်လျှောက်ထားတဲ့အလုပ်နဲ့ သင့်ရဲ့အရည်အချင်း ကွက်တိကျရဲ့လား
အလုပ်လျှောက်တဲ့အခါ ကိုယ့်ဘက်က ဘာတွေလုပ်နိုင်တယ်၊ ဘယ်လိုအရည်အချင်းမျိုးတွေ ရှိတယ်ဆိုပြီး 
အကုန်ချရေးလိုက်ပေမယ့် တကယ်အင်တာဗျူးသွားတဲ့အခါမှာတော့ သင့်အနေနဲ့ ကိုယ့်ဘာသာကိုယ် 
ဘယ်အရာတွေအားသာတယ်၊ အားနည်းတယ်ဆိုတာ ကြိုသုံးသပ်ထားသင့်ပါတယ်။ အဓိကကတော့
 အားသာချက်၊ အရည်အချင်းကို ပိုဖော်ပြနိုင်ဖို့ပါပဲ။ အင်တာဗျူးတဲ့လူက ငါတို့ဘာ့ကြောင့် မင်းကို 
အလုပ်ခန့်သင့်သလဲလို့ မေးလာတဲ့အခါ သင့်ဘက်က အဖြေရှိအောင် ကြိုးစားထားပါ။
၂။သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့အရာရှိ၊ ဘော့စ်က ဘယ်သူဆိုတာ သိအောင်လုပ်ပါ။
တစ်ခါတစ်လေ လုပ်ငန်းတာဝန်တွေအကြောင်း မေးရင်းပြောရင်းနဲ့ ဘာရယ်မဟုတ် ခု ကုမ္ပဏီရဲ့အရာရှိ၊ ဘော့စ်၊ ပိုင်ရှင်နာမည်ဘယ်သူလဲဆိုတာ သိပါသလားလို့ မေးလိုက်လို့ သင့်ဘက်က နိုးဆိုရင်တော့ အမှတ်တွေ လျော့သွားပြီသာမှတ်။
၃။သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ အခြေအနေနဲ့ နောက်ကြောင်းရာဇ၀င်ကို သိအောင်လုပ်ပါ။
သတင်းအချက်အလက်တွေ စုစည်းပြီး ခု ကုမ္ပဏီအခြေအနေဟာ ဘယ်လိုရှိတယ်။ ဘယ်လိုအသံတွေ 
ကြားနေရတယ်။ ဘယ်လိုကောင်းအောင် လုပ်ဆောင်နိုင်ဦးမလဲ စတာတွေကို သင်ကြိုတင်သိအောင် 
လုပ်သွားပါ။ သူတို့က ဆွေးနွေးခိုင်းတဲ့အခါ ဘာမှမပြောတတ်တာထက် စာရင် သိသလောက် 
ဝင်ရောက်ပြောဆိုနိုင်တော့ ကောင်းတာပေါ့။
၎။အရင်အလုပ်တွေက လေ့လာခဲ့၊ တတ်မြောက်ခဲ့တာတွေက ဘာဆိုတာ စဉ်းစားထားပါ။
အခု အလုပ်အသစ်အတွက် အင်တာဗျူးဖြေရမှာ ဖြစ်ပေမယ့် အရင်က အလုပ်ဟောင်းတွေကနေ 
သင်ဘယ်လိုအတွေ့အကြုံကောင်းတွေ လေ့လာသင်ယူခဲ့ရတယ်ဆိုတာကလည်း အရေးကြီးတဲ့အချက်ပါပဲ။
 ဒါတွေကို ခုအလုပ်အတွက် ဘယ်လိုအသုံးချနိုင်မယ်ဆိုတာ သူတို့ကို ပြောပြပေးနိုင်ပါလိမ့်မယ်။
၅။နောက်ငါးနှစ်မှာ သင်ဟာဘယ်လိုလူမျိုးဖြစ်နေပြီလဲဆိုတာ ကြိုတင်တွေးတောသွားလိုက်ပါ။
အလုပ်အင်တာဗျူးတော်တော်များများမှာ နောက်ဆုံးမေးလေ့ ရှိတာက နောက်ငါးနှစ်ဆိုရင်
 မင်းဘာဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကို မြင်မိသလဲဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းအတွက် အကောင်းဆုံး
 ပြောပြနိုင်ဖို့ သင့်ဘက်က ကြိုစဉ်းစားထားဖို့တော့ လိုပါလိမ့်မယ်။
Ref:womanitely.com
မေသော်
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment