တစ်ထောင်တန်အတုများ သယ်လာသည့် အိန္ဒိယ နိုင်ငံသားနှစ်ဦးကို အမှုဖွင့်

 မြန်မာငွေကျပ် တစ်ထောင်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသော အိန္ဒိယနိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အိန္ဒိယနိုင်ငံအခြေစိုက် Fox Star Studio မှ ပုဂံဒေသသို့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရန်လာ သော ရိုက်ကူးရေးအဖွဲ့ဝင် ဆယ့် နှစ်ဦးထံမှ မြန်မာကျပ်ငွေ တစ် ထောင်တန်ပုံစံတူ ၃၆၃ သိန်းခန့် တွေ့ ရှိရသဖြင့် ထို ဆယ့်နှစ်ဦး ထဲမှ ခေါင်းဆောင်နှစ်ဦးကို လေ ကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)က တရားလိုပြုလုပ်၍ အမှုဖွင့်ထား ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက 7Day Daily အား ပြောသည်။
‘‘မင်္ဂလာဒုံမြို့မရဲတပ်ဖွဲ့မှာ တရားလိုလုပ်ပြီး တရားစွဲထားပါ တယ်။ ခေါင်းဆောင်ပိုင်းက နှစ်ယောက်ကိုပဲ ဒီပုဒ်မတွေနဲ့ တရားစွဲထားတာပါ။ ကျန်လူတွေကိုတော့ ပြန်လွှတ်ထားပါတယ်။ ပြီးတော့ အိန္ဒိယသံရုံးကိုလည်း အ ကြောင်းကြားထားပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။ မတ်လ ၂၃ ရက် နံနက် ၉ နာရီတွင် ထိုင်းလေကြောင်းလိုင်း လေ ယာဉ်အမှတ် TG-303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ရောက်ရှိလာသော အိန္ဒိယနိုင်ငံသား ၁၂ ဦးထံမှ ယင်းကျပ်ငွေများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ် သည်။
အဆိုပါ အိန္ဒိယနိုင်ငံသား ၁၂ ဦးအနက် နှစ်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင် မတ်လ ၂၄ ရက်မှစတင်၍ ချုပ်ရမန်ယူကာ ထိန်း သိမ်းထားကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲမှူးဝင်းရွှေက ပြော သည်။‘‘အချက်အလက်အတိအ ကျနဲ့ ရည်ရွယ်ချက်ကို သိရဖို့တော့စစ်ဆေးနေဆဲပါ။ နိုင်ငံခြားသား တွေဆိုတော့ စစ်ရတာလည်း ဘာသာစကားဆိုင်ရာ ပြဿနာလေး တော့ရှိပါတယ်။ သေချာအောင် စစ်ဆေးသွားမှာပါ’’ ဟု ၎င်းက ပြောသည်။ အဆိုပါရိုက်ကူးရေးအဖွဲ့က ရုပ်ရှင်ရိုက်ကူးရန် စက်ပစ္စည်းစာ ရင်းများကို ကြိုတင်တင်ပြထား သော်လည်း စာရင်းတွင် ငွေစက္ကူ ပုံစံတူ ပါဝင်ခြင်းမရှိကြောင်း လေ ဆိပ်လုံခြုံရေးတာဝန်ကျ အရာရှိ တစ်ဦးက ပြောသည်။
အဆိုပါအမှုတွင် ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားပါက ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅ အရ ငွေ စက္ကူအတုမှန်းသိလျက်ဖြင့် သုံးစွဲ မှုဖြစ်ပြီး ထောင်ဒဏ် သုံးနှစ်ထိ ကျနိုင်ကာ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆ အရ ငွေအတုအား ပြည်ပမှ တင်သွင်းမှု (သို့) တင်ပို့မှုအဖြစ် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ကျနိုင်ကြောင်း အ ထက်တန်းရှေ့နေ ဦးခင်ဇော် (မ ရမ်းကုန်း)က ပြောသည်။
ရန်နိုင်ဦး
Source:7daydaily





Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment