![]() |
| http://earthquake.usgs.gov/earthquakes/eventpage |
ယနေ့ညနေငါးနာရီအချိန်က အင်အားပြင်းထန်သော ငလျင်တခုလှုပ်သွားပြီး ဆယ်မိနစ်ခန့် အကြာတွင် နောက်ဆက်တွဲ ငလျင်ငယ်တခု ထပ်မံလှုပ်သွားကြောင်း၊ ငလျင်ဒဏ်ကြောင့် လူ၊ပစ္စည်းတစုံတရာ ထိခိုက်မှု
ရှိသည့်အသံ မကြားရသော်လည်း ကွမ်းလုံမြို့တွင် ငလျင်လှုပ်ပြီး ကတည်းက မီးပျက်သွားသည်မှာ ယခုထိ (ညနေခြောက်နာရီထိ) မီးပြန်မလာသေးကြောင်း ကွမ်းလုံမြို့ခံ ဦးမိုးကျော်က ပြောသည်။
ကွမ်းလုံ၊ ချင်းရွှေဟော်ဒေသတွင် သတင်းသွားရောက်ယူနေသည့် မန္တလေးမြို့အခြေစိုက် သတင်းသမားတစ်ဦးဖြစ်သည့် ဦးအိမ်ခိုင်မြဲကလည်း သူ ချင်းရွှေဟော်မြို့တွင် သတင်းယူနေခိုက် ငလျင်ဒဏ်ကြုံလိုက်ရပြီး ပထမအစက လက်နက်ကြီးကျည် ကျသောကြောင့် မြေတုန်သွားသည်ဟုပင် ထင်မိကြောင်း၊ပြီးမှ
ငလျင်လှုပ်မှန်းသိသည်ဟု သူ့လူမှုစာမျက်နှာတွင် ရေးသားထားသည်။
စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily


0 comments:
Post a Comment