ပုသိမ်မြို့က ပညာဒါနကျောင်း ဖယ်ရှားဖို့ အာဏာပိုင် ဖိအားပေး

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်။ Photo: ဧရာဝတီ သပိတ်စစ်ကြောင်း

အမျိုးသားပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း သပိတ်စစ်ကြောင်း စတင်စုရုံးခဲ့တဲ့ ပုသိမ်မြို့ ဇေယျဝတီလမ်းက အခမဲ့ ပညာဒါနကျောင်း ကို အာဏာပိုင်တွေ ဖိအားပေးတဲ့အတွက် ဆက်မငှား တော့ကြောင်း အိမ်ရှင်က အကြောင်းကြား ထားတယ်လို့ သပိတ်စစ်ကြောင်း ဝန်းရံကော်မတီက မနေ့က ပြောပါတယ်။

အိမ်ရှင်ဟာ ငပုတောမြို့နယ် ကျွန်းကလေးရွာကဖြစ်ပြီး အဲ့ဒီကျောင်းကို ဆက်ငှားရင် ချိတ်ပိတ်ပစ်မယ်လို့ တိုင်းဒေသကြီးအစိုးရက နီးစပ်ရာကတဆင့် ပြော လာတဲ့အတွက် ဆက်မငှားနိုင်တော့ကြောင်း၊ ပညာဒါန ကျောင်းကို အကြောင်းကြားလာတာလို့ သိရပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်းဟာ သပိတ်နားထားပေမဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ဖြေရှင်းပုံကို စောင့်ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ အဲ့ဒီပညာဒါနကျောင်းမှာ စောင့်ကြည့်ရေး စခန်းဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်း ပန်းတနော်မြို့ကို ရောက်ရှိချိန်က တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေဟာ ကျောင်း သားတွေနဲ့ တွေ့ဆုံပြီး၊ သပိတ်စစ်ကြောင်း ဝန်းရံသူတွေနဲ့ အကူအညီပေးသူတွေကို အရေးမယူဘူးလို့ ပြောကြား ခဲ့ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ

  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း

  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း

  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment