အကြမ်းဖက်ဖြိုခွဲမှု ရှုတ်ချပွဲနဲ့ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး တောင်းဆို

လက်ပံတန်း ဖြိုခွင်းမှုကို ကန့်ကွက်တဲ့ လက်မှတ်ထိုး တာတွေကို လည်း ပြုလုပ်ခဲ့ ဓာတ်ပုံ (FFSS)
လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက် ဖြိုခွင်း ခံခဲ့ ရတဲ့ အပေါ် ကန့်ကွက် ရှုတ်ချပွဲ နဲ့ အဖမ်းခံ ထားရတဲ့ ကျောင်းသား တွေ ပြန်လွှတ်ရေး တောင်းဆိုပွဲ ကို နာရေး ကူညီမှု အသင်း (ရန်ကုန်) ကနေ ဦးဆောင်ပြီး ကြာသပတေးမှာ ပြုလုပ်ခဲ့ ပါတယ်။

မြောက်ဒဂုံမှာ ရှိတဲ့ နာရေး ကူညီမှု အသင်း ကို ၈၈ ကျောင်းသား ခေါင်းဆောင် တွေ၊ NNER ကိုယ်စားလှယ်တွေ၊ ရုပ်ရှင် အနု ပညာရှင် တွေ နဲ့ အရပ်ဖက် အဖွဲ့ ကိုယ်စားလှယ်တွေ လာပြီးတော့ လက်ပံတန်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်း ကြောင်း နဲ့ ကန့်ကွက် ရှုတ်ချ ကြောင်း ပြောကြားခဲ့ ပါတယ်။

အခမ်း အနားမှာ အနု ပညာရှင် တွေက တေးသီချင်း သီဆို ဖျော်ဖြေ တာတွေ ပြုလုပ်ခဲ့ သလို တက်ရောက် လာသူတွေက လည်း လက်ပံတန်း ကျောင်းသား ဖြိုခွင်းမှုကို ကန့်ကွက်တဲ့ လက်မှတ် ရေးထိုး မှုတွေကို လည်း ပြုလုပ်ခဲ့ ပါတယ်။

တက်ရောက် လာသူတွေဟာ အနက်ရောင် အင်္က࿿ျီ (ဒါမှမဟုတ်) ရင်ဘတ်မှာ အနက်ရောင် ပိတ်စ ဝတ်ဆင်တဲ့ Black Campaign လှုပ်ရှားမှု ကိုလည်း တစ်ပတ် ဆက်တိုက် ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် စာရေး ဆရာတွေနဲ့ ဖွဲ့စည်း ထားတဲ့ pen Myanmar အဖွဲ့ နဲ့ အမုန်း စကား မပျံ့ ပွားရေး ပညာပေး လှုံ့ဆော် မှုတွေ လုပ်နေတဲ့ ပန်းစကား အဖွဲ့ကလည်း အဖြူ ရောင် လှုပ်ရှား မှုကို အခု ရက်ပိုင်း အတွင်း ပြု လုပ်မယ်လို့ စာရေး ဆရာမ မသီတာ စမ်းချောင်းက ပြောပါတယ်။

အခမ်း အနားကို ရွှေပြည်သာ အထည်ချုပ် စက်ရုံက အလုပ် သမားတွေ လည်း တစုတစည်း တည်း တက်ရာက်ခဲ့ ပါတယ်။ စုစုပေါင်း တက်ရောက် လာသူ တွေကတော့ အယောက် (၅၀ဝ) ကျော်လောက် ရှိပါတယ်။

လက်ပံတန်းမှာ ကျောင်းသားတွေ ဖြိုခွင်း ခံရ တာကို ကန့်ကွက်မှု နဲ့ ဖမ်းဆီး ခံထား ရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး လတ်ပတ် ဖြူ လှုပ်ရှား မှုတွေ ကိုလည်း ရန်ကုန် မန္တလေး မြို့ကြီး တွေမှာ သောကြာ နေ့က စလို့ ပြုလုပ်ဖို့ ရှိနေ ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment