ကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ပိုင်ဆိုင်စေဖို့ မဖြစ်မနေသိထားသင့်တဲ့ အခြေခံ အချက်များ






လူတစ်ယောက်အတွက် ဆံကေသာအလှဟာ အလွန်ကို အရေးပါလွန်းလှပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ ကိုယ့်ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အချက်တွေကို သိထားသင့်ပြီး ဆေးတွေ ခဏခဏဆိုးတာမျိုး၊ ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာမျိုးတွေကြောင့် ပျက်စီးနေတဲ့ ဆံပင်တွေကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတဲ့ အချက်တွေကလည်း အရေးပါလွန်းတာမို့ ဆံကေသာ ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြပေးလိုက်ပါတယ်။
၁။ဆံပင်ကို သန့်ရှင်းအောင်ထားပါ။ ခေါင်းပုံမှန်လျှော်ပေးတာမျိုး၊ ခေါင်းလျှော်တဲ့အခါ ပျော့ဆေး ထည့်လျှော်ပေးတာမျိုးတွေ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်မှတစ်ခါ ခေါင်းလျှော်တာမျိုးထက် စာရင် နှစ်ရက်တစ်ခါ၊ သုံးရက် တစ်ခါလောက်တော့ လျှော်ပေးသင့်ပါတယ်။
၂။ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို အနည်းဆုံး နှစ်မိနစ်ခန့် နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။
၃။တစ်ပတ်တစ်ခါ အိမ်မှာပဲ ဆံပင်ကို ပေါင်းတင်ပေးတာမျိး မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါဟာ ပျက်စီးနေတဲ့ ဆံသားတွေအတွက် ပိုမိုသင့်တော်တဲ့ နည်းလမ်းတစ်ခုပါပဲ။
၎။ကိုယ့်ဆံပင်အတွက် ကိုယ်အသုံးပြုနေတဲ့ ထုတ်ကုန်တွေက ကိုယ်နဲ့တကယ်သင့်တော်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ ကိုယ့်ဆံသားနဲ့ တည့်လားမတည့်ဘူးလား။ ဗောက်ထစေတာမျိုးတွေလား၊ ဦးရေပြား ယားယံတာမျိုးတွေ ဖြစ်စေသလားဆိုတာ ဆန်းစစ်ပါ။
၅။ခေါင်းလျှော်ပြီး ခြောက်ခါစဆံပင်တွေကို ဘီးအကျဲတွေနဲ့သာ ဖြီးသင့်ပါတယ်။ ဆံပင်ကျွတ်တာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ပါ။
၆။ဆံပင်ကို သုံးလတစ်ခါ ဆိုးတာမျိုး၊ လေးလတစ်ခါ ပြောင်းဆိုတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဆံပင်ဆိုးတော့မယ်ဆိုရင် ဆံပင်အလှပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ဆိုးပါ။
၇။ကိုယ့်ဆံပင်ပျက်စီးနေတယ်လို့ ခံစားနေရပြီဆိုရင် တစ်လတစ်ခါ ဆိုင်မှာသွားပြီး အပူပေါင်း ပေါင်းတင်တာမျိုးလုပ်ပေးပါ။ ဒါဟာ တကယ်ကို ထိရောက်တဲ့နည်းပါ။
၈။အပြင်သွားခါနီး ဆံပင်ကို အပူချောင်းနဲ့ ကောက်မယ်၊ ဖြောင့်မယ်ဆိုရင် အပူခံနိုင်မယ့် ဆေးတစ်မျိုးမျိုးလိမ်းပြီးမှ လုပ်ပါ။ တစ်ခါ၊ နှစ်ခါနဲ့ မသိသာပေမယ့် အပူချောင်းတွေသုံးတာဟာ ကြာလာတာနဲ့အမျှ ဆံပင်သားကို ပျက်စီးလာစေနိုင်လို့ပါ။
၉။ဆံပင်ကို သန်စွမ်းစေမယ့်၊ ဗီတာမင်ဖြည့်ပေးနိုင်မယ့် ဆီတစ်မျိုးမျိုး ပုံမှန်လိမ်းပေးပါ။
၁၀။ကိုယ်သုံးနေကျ hair spray တွေ၊ မုစ်အမျိုးအစားတွေ ပြောင်းသုံးမယ်ဆို အလှကုန်ကောင်တာမှာ သေချာမေးမြန်းပြီးမှ ၀ယ်ယူပြောင်းသုံးသင့်ပါတယ်။
Ref:womenshealthmag
ဟန်နီ
Source:trend.com.mm




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment