မဲဆန္ဒရှင်စာရင်း ယခင်ရွေးကောက်ပွဲထက် အချိန်ပေး၍ ကြေညာမည်

ကျင်းပပြီးစီးခဲ့သောကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် မဲစာရင်းစစ်ဆေးနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ သည့် မဲဆန္ဒရှင်စာရင်းများကို အ များပြည်သူသိရှိရန် ပြီးခဲ့သည့်ရွေးကောက်ပွဲများထက်   အချိန်ပိုပေး၍ ကြေညာမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
၂၀၁၀   အထွေထွေရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင် စာရင်းကြေညာချိန်ကို ၇ ရက် ကြာ ကြေညာပေးခဲ့သော်လည်း လာမည့် အထွေထွေရွေးကောက် ပွဲတွင် ၁၄ ရက်ကြာ ကပ်ထား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိ ရသည်။
‘‘အရင် ရွေးကောက်ပွဲတွေ ထက် ပိုကြာအောင် ကပ်ပေး မယ်။ အချိန်ပိုကြာအောင် အသိ ပေးထားတဲ့ သဘောကတော့ မဲ စာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါ ကို မဲဆန္ဒရှင်တွေက စိစစ်ရပါ မယ်။ မပါရင် ဆိုင်ရာကိုအ ကြောင်းကြားပေးပါ။ မဲမပေး လိုက်ရတဲ့သူ မရှိအောင် ရည်ရွယ် ပြီး လုပ်ပေးတဲ့သဘောပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး   ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုကပြော ကြားသည်။
၂၀၁၅   အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာ ရင်းများကို ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် ၁၄ ရက်ကြိုတင် ၍ ကြေညာသွားရန် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း လက်စွဲစာစောင်တွင် ပါရှိသည်။
မဲဆန္ဒရှင်များ    မဲစာရင်း ကြည့်ရှုရာတွင် အဆင်ပြေစေရန် ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ရုံးပိတ်ရက်များ၌   နံနက် ၁၀ နာရီမှ  ညနေ ၄နာရီအထိ  ကြေ ညာပေးမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံမှ သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေ ဖြင့် ၎င်းတို့၏အမည်များကို မဲ စာရင်းများတွင် အလွယ်တကူရှာဖွေနိုင်ရန် မဲစာရင်းစာရွက်များ ကို ရပ်ကွက်၊ ကျေးရွာအုပ်စုများ တွင် ဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲ အသိပေးသွားမည် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအ တွက် တစ်နိုင်ငံလုံးမှ မဲဆန္ဒရှင် မဲစာရင်းပြုစုခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာတွင် စတင်ခဲ့ကာ ၂၀၁၅ မေလ၌ အပြီးဆောင်ရွက်သွား မည်ဖြစ်သည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment