မြေဘုတ်ဘီလူးတို့ရဲ့ လောဘကို အလုပ်သမားတွေဆီ ပုံမချပါနဲ့ – စိမ်းမောင်



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်အဟောင်း၊ အသစ်တွေရဲ့ အဆက် အနွှယ်တွေ၊ အပေါင်းပါခရိုနီတွေက အရေးကြီး တဲ့မြေနေရာအားလုံးကို ၀င်ရောက်ပိုင် ဆိုင်ထားပြီး ဖြစ်ပါတယ် … မြေဈေး မကျပါက ရင်းနှီးမြှုပ်နှံသူများကလည်း လုပ်ခလစာ တိုးမြှင့်ပေး ဖို့ အခက် အခဲရှိ … အလုပ်သမား တွေရရှိမယ့် ထိုက်တန်တဲ့လုပ်ခလစာ ကို မြေရှင်ေ တွက ခေါင်းပုံဖြတ်နေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ရွှေပြည်သာမြို့နယ် စက်မှုဇုန်မှာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြ အလုပ်သမားတွေကို ရဲတပ်ဖွဲ့ဝင် တွေက ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညပိုင်းက အကြမ်းဖက်ဖြိုခွင်းဖို့ကြိုးပမ်းခဲ့ပါတယ်။ ဖြစ်စဉ်မှာ အလုပ်သမား အချို့ဒဏ်ရာရရှိပြီး အလုပ်သမားအချို့ အဖမ်းခံရပါတယ်။ ဦးဆောင်သူတစ်ဦး ကို ပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။ အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြတာ အခြေခံလုပ်ခလစာ တိုးမြှင့် ရရှိရေးဖြစ်ပါ တယ်။ ဖြေရှင်းမှုက သပိတ်ကိုဖြိုခွင်း၊ ဦးဆောင်သူ ဖမ်းဆီးထောင်ချခြင်းနဲ့ အဆုံးအဖြတ်ပြုဖို့ ကြိုးပမ်းနေပုံရပါတယ်။ ရန်ကုန် တိုင်းရဲ့အမြင့်ဆုံးအုပ်ချုပ်သူကလည်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ ရာဇသံပေး လာပြန်ပါတယ်။ ဖေဖော်ဝါ ရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေး ရာညှိနှိုင်းရေး အဖွဲ့နဲ့ မီဒီယာများတွေ့ဆုံပွဲ မှာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာနဲ့ အလုပ်သမားဝန်ကြီး ဦးဇော် အေးမောင်က ““မြန်မာပြည် နယ်တွင်မြေဈေးကြီးမှု အခြေအနေရှိကြောင်း၊ ဗီယက်နမ် မှာမြေ ဈေးလျှော့ယူသလို လုပ်ပေးနိုင်လျှင် အလုပ် သမားများကို လုပ်ခပိုမိုပေးနိုင်ကြောင်း”” ပြောဆိုသွားတာကို မီဒီယာများမှာ တွေ့ရ ပါတယ်။ အလုပ်သမားများ ထိုက်သင့်တဲ့ လုပ်ခလစာတိုးမြှင့်ရရှိရေးမှာ မြေဈေးဟာ အဓိကကျတဲ့ ကိစ္စတစ်ခုအဖြစ်ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုပုံ ရပါတယ်။…

ဒီနေရာမှာ လုပ်ခလစာပြဿနာ ပြေလည်ဖို့ မြေဈေး၊ မြေငှားရမ်းမှုဈေးနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ပါက ပြဿ နာရဲ့ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ပုံရပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မြေငှားရမ်းခ ဈေးနှုန်းတွေနဲ့ မြေဈေး ဘာကြောင့် မြင့်မားနေရပါသလဲ။ အဲဒီမြေနေရာကွက်တွေကို ဘယ်သူတွေကပိုင်ဆိုင်နေကြ ပါသလဲ ဆိုတဲ့မေး ခွန်းပေါ်ထွက်လာပါတယ်။ တစ်ဆက်တည်း ဘာလို့မြေဈေးကိစ္စကို မဖြေရှင်းနိုင်တာလဲ ဆိုတာဆက်ပြီး စဉ်းစား စရာရှိလာပြန်တယ်။ မြေယာဈေးနှုန်းကြီးမြင့်မှု ဖြေရှင်းရေးမှာလည်း ဖြေရှင်းရမယ့် ပေါ်လစီမူဝါဒတွေနဲ့ ယန္တရား တွေဟာ မြေပိုင်ဆိုင်သူတွေကို ကျော်လွှားဖြေရှင်းနိုင်စွမ်း ရှိ၊ မရှိဆိုတာ မေးခွန်း ထုတ်ဖွယ် ရှိလာပါတယ်။

စက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတည်ထောင် လုပ်ကိုင်သူတွေ အနေနဲ့ အရင်းအနှီး၊ မြေယာနဲ့လုပ်အားတို့ အဓိက ကျတဲ့ သွင်းအားစု တွေဖြစ်ကြ ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ဈေးနှုန်းချို သာတဲ့ အလုပ်သမားများ ရှိတယ် ဆိုပြီးမက် လုံးတစ်ခုရှိနေကြပါ တယ်။ နိုင်ငံတကာ သတင်းဌာနတွေနဲ့ ပြည်တွင်း သတင်းဌာန တွေ မှာတော့မြေဈေးနှုန်းကြီးမြင့်မှုဟာ နာ မည်ကြီးသတင်းတွေ ပဲ ဖြစ်လို့နေ ပါတယ်။ ရင်းနှီးမြုပ် နှံသူတွေဟာ ကုန်စည်ထုတ်လုပ်ဖို့ စက်ကိရိယာ ရင်းနှီးမြုပ်နှံမှု တန်ဖိုးအပြင် မြေယာအတွက်လည်း ကြီးမားစွာ ရင်းနှီး မြုပ်နှံမှုပြုရပြန်ပါတယ်။ စက်ကိရိယာတွေနဲ့ မြေယာ တန်ဖိုးနှ စ်ခုပေါင်း ပုံသေအရင်း အနှီးပမာဏဟာ ကြီးမားသွားတဲ့အတွက် လုပ်ငန်း၊ စက်ရုံလည်ပတ်ဖို့အတွက် ကုန် ကျတဲ့ပြုန်းတီးစရိတ်၊ ကုန်ကြမ်းပစ်္စည်း၊ လုပ်အားခနဲ့ အခြားစရိတ်စကတွေဖြစ်တဲ့ လည်ပတ် အရင်းအပေါ်မှာ သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ပုံသေရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမား သွားတဲ့အတွက် ပြုန်းတီးစရိတ် (စက်ပစ္စည်းတန်ဖိုးလျော့မှု၊ မြေငှား ခ…) တန်ဖိုးပိုမိုတွေ ပြားသွားခြင်း၊ မြန်မာပြည် အခြေအနေအရ မလိုလား အပ်တဲ့အခြား စရိတ်စကများ(ဥပမာ-မီးစက်မောင်းရခြင်း) ပိုမိုများပြားခြင်း နဲ့ အရင်းအနှီးအတွက် အတိုးနှုန်းတွေ ပိုမိုကုန်ကျခြင်းတို့ကြောင့်

၎င်းလုပ် ငန်းရဲ့အမြတ်အစွန်း ရရှိရေးအတွက် လုပ်အားခအပေါ် ညှစ်ထုတ်ခြင်းသာ ရွေးချယ် စရာကျန်လာပါတော့ တယ်။ ရင်းနှီးမြှုပ်နှံ သူများအနေနဲ့ မြေဈေးနှုန်းကြီးမြင့်မှု၊ အထွေထွေ စရိတ်စက လျှော့မချနိုင်မှုတွေ ရှိနေစေ ကာမူ ၎င်းတို့ရဲ့ပျမ်းမျှအမြတ်ဟာ ကုန်စည်များရဲ့ ဈေးကွက်ပေါက်ဈေး အတွင်းမှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ထုတ်ကုန်ရဲ့ ဈေးကွက်ပေါက်ဈေးအပေါ် မလွန်ဆန်နိုင်တဲ့ ရင်းနှီးမြှုပ်နှံ သူတွေဟာ အလုပ်သမားတွေ ရဲ့ လုပ်အားစွမ်းရည်ကို ပိုမိုညှစ်ထုတ်ခြင်း၊ အလုပ်လုပ်ချိန်တိုးမြှင့်ခြင်း၊ လုပ်အားခ အပေါ်မှာ ပိုမိုဖြတ်တောက်ခြင်း တို့ကို ဖန်တီးလာကြပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ လုပ်အားတန်ဖိုးထက် ပိုမိုတဲ့ကုန်ထုတ်လုပမှုကို နည်းမျိုး စုံနဲ့ ဖန်တီးပြီး အစွန်းထွက် ကုန်ထုတ် လုပ်မှုတန်ဖိုးကို ဖန်တီးကြပါတော့တယ်။ စက်ရုံအလုပ် ရုံတွေမှာရှိတဲ့ အလုပ်သမား စုစုပေါင်းရဲ့ လုပ်အားတန်ဖိုး ထက်ပိုမိုတဲ့ အစွန်းထွက် တန်ဖိုးကို ဖန်တီးပြီး အစွန်းထွက် တန်ဖိုး စုစုပေါင်းဟာ ရင်း နှီးမြှုပ်နှံသူရဲ့ အပိုရရှိတဲ့ အမြတ်အစွန်းဖြစ်သွားပါတယ်။

အလုပ်သမားဟာ လုပ်အားတန်ဖိုးကို သူ့ရဲ့ အသက်ရှင်နေထိုင် ရပ်တည်ရေး နဲ့ လူမှုရေးလိုအပ် ချက် ဖြည့်တင်း နိုင်ရေး အတွက် လုပ်ခအဖြစ် ရောင်း ချလိုက်ကြရပါတယ်။ စား၊ ၀တ်၊ နေရေးလိုအပ်ချက် အရ လုပ်အားကို လုပ်ခအဖြစ်ရောင်းချကြ ရခြင်းဖြစ်ပါတယ်။ ရရှိတဲ့ လုပ်ခလစာဟာ သူနဲ့သူ့ရဲ့ မိသားစုဘ၀တွေ ရှင်သန်ရေး အတွက် ကုန်စည်တွေဝယ်ယူခြင်းနဲ့ ၀န် ဆောင်မှုတွေ အသုံးပြုကြရတာဖြစ်ပါတယ်။ အလုပ်သမား တစ် ယောက်ဟာ ကုန်ပစ္စည်း တစ်မျိုးထုတ်လုပ်ရေးမှာ ပါဝင်ပြီး အခြား အလုပ်သမားတစ်ဦးကတော့ အခြားကုန် ပစ္စည်းထုတ်လုပ်ရေးမှာ ပါဝင်နေမှာဖြစ်ပါ တယ်။ အလုပ်သမားဟာ သူလိုအပ်တဲ့ အခြားသူများထုတ်လုပ်တဲ့ ကုန်စည်တွေနဲ့ ၀န်ဆောင်မှုတွေကို ၀ယ်ယူစားသုံးရပါတယ်။ အခြားသူများကလည်း ၎င်းတို့ ထုတ်လုပ်တဲ့ ကုန်စည်တွေနဲ့ ၀န်ဆောင်မှု တွေကို ၀ယ်ယူစားသုံးရပြန်ပါတယ်။

မြား မြောင်လှတဲ့ကုန်ပစ္စည်းများကို မြားမြောင် လှတဲ့ကုန်ပစ္စည်း ထုတ်လုပ်သူ (လုပ်သားများ)က လိုရာပစ္စည်းကိုဖလှယ်ပြီး ၀ယ်ယူ စားသုံးကြတဲ့အခါ ဖလှယ်မှု တန်ဖိုးတွေဝင်လာပါတယ်။ အလုပ်သမားတွေဟာ မိမိ တို့လုပ်အားကို ရောင်းချပြီးရရှိလာတဲ့ ငွေ အသပြာနဲ့ မိမိတို့လိုရာပစ္စည်းကို ၀ယ်ယူတဲ့အခါ ဖလှယ်မှုတန်ဖိုး ၀င်လာပါတယ်။ ကုန်ပစ္စည်းတွေကို မိမိ ဘယ်လောက်ဖိုး ၀ယ်ယူစားသုံးနိုင်တယ်ဆိုတာ မိမိရဲ့လုပ်အားရောင်းချခ ဘယ်လောက်ရတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကုန်ပစ္စည်းချင်း၊ ၀န်ဆောင်မှုချင်းဖလှယ်မှု တန်ဖိုးဟာ လူတစ်ဦး အသက်တည်ရပ်ရှင်ရေး အတွက် အနိမ့်ဆုံး လိုအပ်တဲ့ လူမှုရေးလိုအပ်ချက်ကို ပြည့်မီခြင်း ရှိ၊ မရှိအပေါ် မူတည်မှာဖြစ် ပါတယ်။ တစ်နေ့ ကို ၁၂ နာရီခန့် အလုပ်လုပ်ပြီး ရရှိလာတဲ့ လုပ်ခလစာဟာ ၎င်းတို့ရဲ့ဘ၀ ရပ်တည်ရှင်သန်ရေးအတွက် လုံ လောက်ပြည့်စုံမှု မရှိဘူးဆိုရင် လုပ်အားနဲ့ ကုန်စည်ဖလှယ်မှု တန်ဖိုးဟာ မညီမျှဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အလုပ်သမားတစ်ဦးဟာ ၎င်းရဲ့လုပ်အားကို အသုံးချပြီး ကုန်စည် ထုတ်လုပ်မှုလုပ်ငန်းမှာ ၀င်ရောက်လုပ် ကိုင် တာဟာ ၎င်းရဲ့အသက်ရှင် ရပ်တည်ရေး၊ စားဝတ်နေရေး၊ လူမှုရေးလိုအပ်ချက် အရဖြစ်ပါတယ်။ ကုန်ပစ္စည်း ထုတ်လုပ်ရေး နဲ့ အလုပ်သမားရဲ့ ဆက်ဆံရေးဟာ ၎င်းရဲ့ လူမှုရေး လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်တဲ့ အနိမ့် ဆုံးအာမခံချက်ရှိ၊ မရှိအပေါ် မူတည်ပါတယ်။ အလွန်တရာ နိမ့်ကျတဲ့ လုပ်ခလစာနဲ့ မ၀ရေစာ၊ မသေရုံ တမည် သာစား သောက်နေထိုင်ရတဲ့ လူမှုရေးအခြေအနေ ထိနိမ့်ပါးသွားပြီဆိုပါက ၎င်းရဲ့ကုန်ပစ္စည်း ထုတ် လုပ်ရခြင်းနဲ့ ဆက်ဆံရေး ဟာ ဟန်ချက်မညီ ဖြစ်လာကြပါတယ်။ ကုန်ထုတ် ဆက်ဆံရေးဟာ လူမှုရေးလိုအပ်ချက်ကို မဖြည့် ဆည်းနိုင်ခြင်း၊ လူမှုရေးဆင်းရဲကျပ် တည်းလာခြင်းတို့ ဖြစ်လာတဲ့အခါ လူမှုရေး မတည်မငြိမ်မှုတွေ ပေါ်ထွက် လာစေပါတော့တယ်။ အလုပ်သမားဟာ အလုပ်လုပ်ရခြင်း၊ လုပ်အား ကို ရောင်းစားရခြင်းတို့က ၎င်းရဲ့ အခြေခံ လိုအပ်ချက်ကို မဖြည့် ဆည်းပေး နိုင်တော့တဲ့အခါ ၎င်းရဲ့ ကုန်ထုတ်ဆက်ဆံရေး အပေါ် မှာ ပြန်လည်သုံးသပ် လာမှာဖြစ်ပါတယ်။ ကနေဦးအနေနဲ့ အခြေခံ အဆင့်ဖြေ ရှင်းခြင်းကတော့ လုပ်ခပိုမိုရရှိတဲ့လုပ်ငန်း ခွင်ကို ကူးပြောင်းခြင်းနဲ့ လုပ်ခလစာတိုးမြှင့် တောင်းဆိုခြင်းတို့ပဲ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူများဟာ စက်ကိရိယာ၊ မြေတန်ဖိုးစတဲ့ ပုံသေအရင်း ပမာဏာဟာ တစ်စုံတစ်ရာသက်သာ ခွင့်ရခဲ့ ပါက လုပ်ငန်းလည်ပတ် အရင်းများဖြစ်တဲ့ ကုန်ကြမ်း၊ လုပ်အားခမှာ လုပ်အားခကို ညှစ်ထုတ်ပြီး အမြတ်အစွန်း ရှာရမှုမှ အနည်းငယ်သက် သာစေမှာ ဖြစ်ပါတယ်။ စက်ကိရိယာနဲ့ မြေယာတန်ဖိုးမှာ လည်း မြေယာ တန်ဖိုးက လျှော့ချပြောင်းလဲဖို့ အခွင့်အလမ်းက ပိုများမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူဟာမြေယာ ကို မြေယာပိုင်ဆိုင် သူထံက ငှားရမ်းရမှာ ဖြစ်ပါတယ်။ မြေယာပိုင်ဆိုင်သူထံက မြေယာကိုဈေးနှုန်းကြီးကြီးနဲ့ ငှားရမ်းရပါက ရင်းနှီး မြှုပ်နှံသူအတွက် ပုံသေအရင်း ပိုမို ကုန်ကျ မှာဖြစ်ပါတယ်။ မြေယာပိုင်ဆိုင်သူ ရရှိတဲ့မြေငှားရမ်းခကို အကြွင်း မဲ့မြေယာ ငှားရမ်းခအဖြစ် ခေါ်ဝေါ်ကြပါတယ်။ မြေ ယာငှားရမ်းခ ဟာ ယေဘုယျ အားဖြင့် ၎င်းမြေကို ကာလ ပေါက်ဈေးနဲ့ ရောင်းချပြီး ဘဏ်မှာအပ်နှံထား ပါက ရရှိတဲ့ တစ်နှစ်စာ ဘဏ်တိုးနှုန်းနဲ့ညီမျှ တဲ့ နှုန်းနဲ့ ငှားရမ်းလေ့ရှိ တယ်လို့ဆိုပါ တယ်။ မြေယာတန်ဖိုးဈေး ကြီးလေရရှိတဲ့ မြေယာငှားရမ်းခ ပိုမိုရရှိ လေဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံ သူ ကုန်ထုတ်လုပ်သူဟာ ၎င်းရရှိတဲ့ အမြတ်အစွန်းရဲ့ ထက်ဝက်ခန့်ကို မြေယာပိုင်ရှင်ထံမြေငှားခ အဖြစ်ပေး လိုက်ရပါတယ်။ ပုံသေအရင်း၊ ကုန်ကြမ်း၊ လုပ်အားခ၊ စရိတ်စကတွေနဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုးနဲ့ ကုန်ပစ္စည်း တန်ဖိုးတို့ဟာ ဈေးကွက် တွင်း ပေါက်ဈေး သာ ဖြစ်မှာဖြစ်ပါတယ်။ ဈေးကွက်ပေါက်ဈေးဟာလည်း လူများဝယ် ယူသုံးစွဲနိုင်စွမ်းကို ကျော်လွန်လို့မရပါဘူး။ အဲဒီအခါမှာ ရင်းနှီးမြှုပ်နှံ သူဟာ လုပ်အားခအနည်းဆုံး အလုပ်ချိန် အကြာဆုံး၊ ကုန်ထုတ်အများဆုံးနဲ့ အပို လုပ်အားတန်ဖိုးနဲ့ ကုန်ပစ္စည်းအပေါ် အစွန်းထွက်တန်ဖိုးကို ဖန်တီးရပါ တော့တယ်။ ရင်းနှီးမြှုပ်နှံသူရဲ့ အစွန်းထွက်တန်ဖိုးအမြတ် အစွန်းတစ်ဝက်ကို မြေယာပိုင်ရှင်က သဲ့ယူသွားတဲ့ အတွက်၊ ၎င်းရဲ့ အမြတ်အစွန်း အတွက်လုပ်အားခကို ပိုမိုဖြတ်တောက်နှိမ့် ချထားရပါတော့တယ်။ အဲဒီအခါမှာ အလုပ်သမားတွေ အနေနဲ့ အသက်ရှင်နေထိုင်ရေး နဲ့ လူမှုရေး လိုအပ်ချက်ပြည့်မီဖို့ ၎င်းတို့ရဲ့ အသက်သွေး ခဲဖြစ်တဲ့ လုပ်အားကို လုပ်အားခတိုးမြှင့်ရရှိရေးအတွက် မလွှဲမရှောင် သာစုပေါင်းတောင်းဆို လာရပါတော့ တယ်။

ဒီနေရာမှာ ရင်းနှီးမြှုပ်နှံသူရဲ့ အမြတ်အစွန်းလည်း မထိခိုက်အောင်၊ အလုပ်သမားများရဲ့လုပ်အားခလည်း မနိမ့်ကျအောင် မြေယာအပေါ် ကုန်ကျနေရတဲ့စရိတ်ကို လျှော့ချနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြေရှင်ကို အမြတ်အစွန်းရဲ့ တစ်ဝက်ခွဲပေးနေရတဲ့ အကြွင်းမဲ့မြေငှားခကို လျှော့ချပေးရမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံ ရဲ့ မြေယာ ဈေးနှုန်းကြီးမြင့်မှုဟာ နိုင်ငံတကာရင်းနှီး မြှုပ်နှံသူတွေအတွက် အကြီးမားဆုံးသော အခက်အခဲဖြစ် တယ်ဆိုတာ တစ်ကမ္ဘာလုံးက ပြောဆိုနေကြတာဖြစ်ပါတယ်။ မြေယာ ဈေးနှုန်းများလျှော့ချပေးဖို့ တစ်ကမ္ဘာ လုံးက ရင်းနှီးမြှုပ်နှံသူတွေက တစ်ချိန်လုံးတောင်း ဆိုနေကြတာဖြစ်ပါတယ်။ မြေဈေးနှုန်းမကျ ပါက လုပ်ခလစာ အနှိမ်ခံနေရမှာပဲဖြစ်ပါ တယ်။ ဒါဆိုရင် ဘာ့ကြောင့်မြေယာဈေး နှုန်းကျဆင်းရေးကို အစိုးရက မဆောင် ရွက်နိုင် တာလဲဆိုတာ မေးခွန်းထုတ်စရာရှိ လာပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈အခြေခံ ဥပဒေအရ မြေယာအားလုံး ရဲ့ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်သည်လို့ ဆိုထားပါတယ်။ လက်တွေ့မှာ မြေယာအသုံးချမှု ပုံသဏ္ဌာန်အမျိုး မျိုးနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု တွေရှိနေတာဖြစ်ပါတယ်။ မြေယာဈေးနှုန်း နဲ့ မြေယာငှားရမ်းခဟာ ပုဂ္ဂလိကပိုင်ဆိုင် သူတွေ လက်ထဲမှာသာ ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဟာ ပုဂ္ဂလိက ပိုင်ဆိုင်သူ မြေရှင် တွေထံက မြင့်မားတဲ့ မြေဈေးတွေနဲ့ ၀ယ်ယူ၊ ငှားရမ်းလုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ၎င်းတို့ အမြတ်အစွန်း တစ်ဝက်ခန့်ကို မြေရှင်ထံပေးနေရတဲ့ပုံစံ ဖြစ်နေပါ တယ်။ ဒီလိုအခြေနေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ အလုပ်သမားတွေ လုပ်ခလစာထဲ က အမြတ်အစွန်း ကို ရှာရပါတော့တယ်။ အကျိုးဆက်အားဖြင့် လုပ်ခလစာတွေနိမ့် ဆင်းသွားပြီး အလုပ်သမားတွေလုပ်ခလစာ တိုးတောင်းလာကြတာဖြစ်ပါတယ်။

နိုင်ငံတော်ကမြေယာဈေးနှုန်းကြီးမြင့်မှုကို ၀င်ရောက်ကိုင်တွယ် ဖြေရှင်းလိုက်ပါက လုပ်ခလစာ ပြဿနာ လည်း ပြေလည် သွားမှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ဗီယက်နမ်ကဲ့သို့ မြေများလျှော့ ယူသ လို လုပ်ပေးနိုင်လျှင် အလုပ်သမားတွေလုပ်ခပိုမိုပေးနိုင်ကြောင်း ပြောဆိုပြီး အဖြေရှိကြောင်း ထုတ်ပြောသွားပါတယ်။ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးဖို့ အကြီးမားဆုံးအဟန့်အတား ဟာ မြေ ယာ ဈေးနှုန်းဖြစ်နေပုံပါတယ်။ နိုင်ငံတော်ဟာ မြေယာအားလုံးရဲ့ ပင်ရင်းပိုင်ရှင်အမှန်ဖြစ် ရင် ဖြေရှင်းနိုင်ရ မှာဖြစ်ပါတယ်။ စက်မှုလုပ် ငန်းဖွံ့ဖြိုး ရေး၊ စီးပွားရေးတိုးတက်ရေးအတွက် တိကျတဲ့ မြေယာပေါ်လစီ၊ မူဝါဒ တွေရှိရမှာဖြစ်ပါတယ်။ စက်မှုဖွံ့ဖြိုးဖို့ အား ယူနေစနိုင်ငံအချို့မှာ စက်မှုမြေယာကို နိုင်ငံ ပိုင်အဖြစ်ထားရှိပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့ အတွက် စက်မှုဖွံ့ဖြိုးမှုပိုမို လျင်မြန်တာကို တွေ့ရပါတယ်။ ဒီနိုင်ငံရဲ့ စက်မှုမြေယာပိုင်ဆိုင်မှုနဲ့ အသုံးချတန်ဖိုး ဟာ ပုဂ္ဂလိကလက်ထဲမှာရှိနေတဲ့သဘော ဖြစ်ပါတယ်။

ဒါဆိုရင်နိုင်ငံတော်က စက်မှုမြေယာပိုင်ရှင်တွေကို တို့ထိနိုင်လောက်တဲ့ နိုင်ငံတော်အာဏာမရှိဘူးလို့ နိုင်ငံ တကာက ယူဆသွားနိုင်ပါတယ်။ နိုင်ငံတော်အာဏာထက်ကြီးတဲ့ လူတွေကို မလွန်ဆန်နိုင် တဲ့နိုင်ငံကို တူတူ တန်တန် ရင်းနှီးမြှုပ်နှံသူ တွေလာဖို့ ခက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာပြည်ရဲ့ စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် အကွက်အကွင်း ကောင်းတဲ့မြေယာတွေကို ဘယ်သူတွေကများ ပိုင်ဆိုင်နေကြပါ သလဲ။ မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ် အဟောင်း၊ အသစ်တွေရဲ့ အဆက်အနွှယ်တွေ၊ အပေါင်းပါခရိုနီတွေက အရေးကြီးတဲ့ မြေနေရာအားလုံးကို ၀င်ရောက်ပိုင်ဆိုင် ထားပြီးဖြစ်ပါတယ်လို့ နိုင်ငံ တကာနဲ့မြန်မာလူထုက လက်ခံထားပြီးဖြစ်ပါတယ်။

နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့ အခါ စက်ရုံတည်ရန်၊ ရုံးခန်းတွေ ဖွင့်ရန်အတွက် အမြင့်ဆုံးငှားရမ်းခဖြစ်တဲ့ အကြွင်းမဲ့မြေငှားခ အပြင် မြေယာကို အရင်းအနှီး တစ်စိတ်တစ်ပိုင်းအဖြစ်ထည့်ဝင်ပြီး အမြတ်အစွန်းကို ရယူမယ့် ခြားနားမြေငှားခကို လည်းရယူနေ ကြတာဖြစ်ပါတယ်။ အဆိုပါ အကြောင်းအချက် များကြောင့် မြေဈေး တွေ မထိန်းချုပ်နိုင်တာလားဆိုတာ စဉ်းစား စရာဖြစ်နေပါတယ်။ မြေဈေးမ ကျပါက ရင်း နှီးမြှုပ်နှံသူများကလည်း လုပ်ခလစာတိုးမြှင့် ပေးဖို့ အခက်အခဲရှိပုံရ ပါတယ်။ အလုပ်သမားတွေရရှိမယ့် ထိုက်တန်တဲ့ လုပ်ခလစာကို မြေရှင်တွေက ခေါင်းပုံဖြတ်နေပုံရပါ တယ်။ ယနေ့ နိုင်ငံတ ကာက ပြောဆိုနေတာ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးသော အခက်အခဲဟာ မြေဈေးနှုန်း ဖြစ်တယ်လို့ ဆိုနေပါတယ်။ အလုပ်သမားတို့ရဲ့ ရသင့်ရထိုက်တဲ့ လုပ်ခလစာတိုးတောင်းမှုကြောင့် မဟုတ်ပါ ဘူး။ အလုပ်သမားတို့ရဲ့ လုပ်ခလစာတွေကို ခေါင်းပုံဖြတ်ယူစားတဲ့ မြေရှင်တွေကို မတို့မထိရဲဘဲ အလုပ်သမား တွေကို အပြစ်ပုံချတာ မဖြစ်သင့်ပါဘူး။ နိုင်ငံတော်ဟာ လူနည်းစုမြေရှင်လက်တစ် ဆုပ်စာနဲ့ ဧရာမအလုပ်သမား ထုကြီးရဲ့အကျိုး စီးပွားမှာ ဘယ်ဘက်ကရပ်တည်မလဲဆိုတာ မကြာမည်အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီ အဖြေဟာ ဘယ်သူ နိုင်ငံတော်လဲအထိ ရောက်သွားနိုင်ပါတယ်။ အတ္တ-ပရမျှကြပါ လို့တောင်းဆိုလိုပါတယ်။

စိမ်းမောင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment