ဝန်ကြီးဌာန ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုနှင့် ဆီးသီးပန်းဋီကာ



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘတ်ဂျက်အလွဲသုံးစား ပြုရာမှာ အောက်ခြေ၀န်ထမ်းတွေ ပြုလုပ်တာက နည်းပြီး ရာထူးအဆင့် အတန်း မြင့်မားသူ အများအပြားပါဝင်နေကြတယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(3-52)-04၂၀၁၄ခု၊ စက်တင်ဘာ ၁၆ရက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ “ဆီးသီးဗန်းမှောက်ကျ”ပုံနဲ့ ဥပမာ ပေးခိုင်းနှိုင်းပြော ဆိုချက်က ဌာနဆိုင်ရာ တွေ ဘတ်ဂျက်ငွေသုံးစွဲမှုအတွက် အချက် ပေးခေါင်းလောင်း သံဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီ ယာလောကမှာ ၂၀၁၄ ခုရဲ့ အပြောင်မြောက်ဆုံးစကားလုံးအဖြစ် “ဆီးသီးဗန်းမှောက်ကျ” တာကို မကြာခဏ ကိုးကားသုံးစွဲခဲ့ကြတယ်။

အစိုးရ၀န်ကြီးဌာနတွေ ဘတ်ဂျက်ငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဦးခင်အောင်မြင့် က “ပွဲဈေးတန်းမှာ ဆီးသီး ဗန်းမှောက်ကျ သလို ပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား ၊ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလို ဖြစ်နေတယ်” လို့ပြောဆိုခဲ့တယ်။

ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ ၀န်ကြီးဌာနစီမံကိန်းတွေမှာ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်း၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ လေ့လာစုံစမ်းမှု တွေပြုလုပ်ဖို့၊ အထောက်အထားတွေ ရှာဖွေစုဆောင်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ သိရတယ်။…

ဦးခင်အောင်မြင့် သတိပေးပြောဆိုပြီး နောက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာ သမ္မတစီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က အစိုးရစာရင်းအင်းစနစ် ပိုမို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲသင့် ကြောင်း၊ ကိုယ်လို ရာ ဆွဲပြီးဖော်ပြတဲ့“ဘုန်း တော်ဘွဲ့”စာရင်းအင်းခေတ်ကို အဆုံးသတ် ရမယ့်အချိန် ရောက် လာပြီဖြစ်ကြောင်း၊ ဗဟို စာရင်းအင်းအဖွဲ့ (CSO) ကို ဥပဒေ အတိုင်း လုပ်ပိုင်ခွင့်အပြည့်အ၀ပေးဖို့ လို အပ်ကြောင်း ထုတ်ဖော်ရေးသား ခဲ့တယ်။

တကယ်တော့ ဦးခင်အောင်မြင့်နဲ့ ဒေါက်တာဦးမြင့်တို့ ရဲ့ ပြောဆို ချက်၊ ရေးသားချက်တွေက အစိုးရယန္တရား ထဲက အရှိတရား နဲ့ ဖြစ်တည်မှုတွေကို ဖော်ပြနေခြင်း ပဲဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ လွှတ်တော် ဘတ်ဂျက်အစည်းအဝေးမှာတော့ ၀န်ကြီး ဌာနအတော်များများရဲ့ ဘဏ္ဍာ ရေးစည်း မျဉ်းစည်းကမ်း ချိုးဖောက်မှု အကြောင်းအရာက စာရွက်ပေါ်မှာ“မင်နီ”သားခံရတဲ့အဆင့် ကိုရောက် သွားတယ်။ အစိုးရဘတ်ဂျက်ဆို တာ ပြည်သူ့ဘဏ္ဍာေ ငွဖြစ်လို့ မြန်မာပြည် မှာရှိတဲ့ ၅၁ သန်းသော ပြည် သူတွေ အားလုံးနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့်အစိုးရ ဘတ်ဂျက်ခွဲဝေမှု၊ သုံးစွဲမှုတွေကို ပြည်သူ တွေကလေ့လာ ဆန်း စစ်ခြင်းအားဖြင့် အစိုးရကို စောင့်ကြည့်ဖို့လိုတယ်။

ပြည်သူတွေက အစိုးရကို စောင့်ကြည့်မှုမြင့်တက်လာရင် အစိုးရကလည်း ပြည်သူတွေကိုပိုပြီး အာရုံစိုက်အလေး ထားရတော့မှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ နိုင်ငံ တကာမှာအစိုးရနဲ့ပြည်သူ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance)ကို မြှင့်တင်နေကြတာပဲ မဟုတ်ပါလား။

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တာနဲ့ ပတ်သက်ပြီး ဝေဖန်နှိုင်းယှဉ်စရာတွေ အတော်များများ ရှိနေပေမယ့် အများပြည်သူအတွက် အဓိကကျတဲ့ အချက်၂ချက်ကို “ဆွဲထုတ်”ပြစရာ ဖြစ်လာတယ်။ ပထမ အချက်က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုပုံသဏ္ဌာန်ဖြစ်ပါတယ်။ ဒုတိယ အချက်က ဘတ်ဂျက်အလွဲ သုံးစား မှုဖြစ်ပေါ်လာရတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်က လွှတ်တော်ထဲမှာ ပြည်သူ့ငွေစာရင်းကော် မတီဝင် ဒေါ်တင်နွယ်ဦးက ၀န်ကြီးဌာနတွေ ဘတ်ဂျက်အလွဲသုံးစားပြုရာမှာ အောက် ခြေ၀န်ထမ်းတွေပြုလုပ်တာက နည်းပြီး ရာထူး အဆင့်အတန်းမြင့်မားသူ အများ အပြားပါဝင်နေကြတယ်လို့ ဖွင့်ချလိုက် တယ်။ ဒီပြောဆိုချက်က အစိုးရ ယန္တရား ကြီးတစ်ခုလုံးရဲ့ ငွေကြေးစီးဆင်းသုံးစွဲမှုကို ပင်စည်ကနေကိုင်ပြီး လှုပ်ခါလိုက်သလို ဖြစ်သွားတယ်။ အစိုးရ၀န်ထမ်းလောကရဲ့ အတွင်းသရုပ်လက္ခဏာကို ထင်ဟပ်နေတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်အစိုးရတက် လာပြီးနောက် တစ်လျှောက်လုံး တွင်တွင် ပြောလာခဲ့တဲ့ “သန့်ရှင်းသောအစိုးရ”ဆိုတဲ့ ဝေါဟာကို ပြင်းထန်တဲ့ တန်ပြန်ထိုးနှက်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ဘတ်ဂျက် အလွဲသုံးစားပြုခြင်းအပေါ် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီရဲ့ လေ့လာ သုံးသပ် အစီရင်ခံစာနဲ့ပတ်သက်ပြီး ဒေါ်တင်နွယ်ဦး က အခုလိုထုတ်ဖော်ပြောဆိုခဲ့တယ်။

“ဒီအလွဲသုံးစားမှုလုပ်တာက အောက် ခြေ၀န်ထမ်းကနည်းနည်းဖြစ်ပြီးတော့ ညွှန် ချုပ်ရေးမှူးအဆင့်တွေ ပါတာ ကို တွေ့ရမှာ ပါ။ အဲဒီတော့ညွှန်ကြားရေးမှူးတွေ၊ သိပ္ပံ နဲ့နည်းပညာမှာဆိုရင် ကျောင်းအုပ်တွေ၊ အဲဒီလိုအဆင့် အတန်းမြင့်တဲ့အထဲက၊ ရာ ထူးအဆင့်မြင့်တဲ့အထဲက ပါဝင်တာဖြစ်ပါတယ်။

“ပြည်ထဲရေးမှာဆိုရင် ညွှန်ကြားရေး မှူးအဆင့်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး အဆင့်တွေ အများကြီးပါတာတွေ့ ရတယ်။ နောက်တစ်ခါ နယ်စပ်စည်ပင်မှာဆိုရင် လည်းဒီလိုပါပဲ။ ပြောရမယ်ဆိုရင် ပြည်ထဲ ရေးဝန်ထမ်းများထဲ ကဆိုရင် ၂၅၆ယောက် တောင်ရှိပါတယ်”

“နောက်တစ်ခု အံ့သြစရာကောင်းတာ က နိုင်ငံခြားရေးဝန်ကြီးဌာနမှာဆိုရင် သံ အမတ်တွေရယ်၊ ညွှန်ကြား ရေးမှူးချုပ်တွေရယ် ပါဝင်တယ်။ လယ်/ဆည်မှာဆိုရင် သူ့အောက်မှာရှိတဲ့ ဦးစီးဌာနတွေရှိတယ်။ ဆည်မြောင်း ဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦး စီးဌာနတွေမှာ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ ကပါ သတိပေးခံရတာဖြစ်ပါတယ်”

“တကယ်တန်းကျတော့ အဲဒီအဆင့်တွေကို ဒီ Sanctioning Authority ရတဲ့ သမ္မတ သို့မဟုတ် သမ္မတက တာဝန်ပေး အပ်သူက နေလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ဆင့်တွေကနေ သွားလိုက်တာ ၀န်ကြီး၊ ဒုဝန်ကြီး၊ နောက်ဆုံးကျတော့ ဦးစီးဌာန၊ ဟိုးအောက်ဆုံးမှာရှိတဲ့ အောက်တန်းစာရေးအထိ အကုန်လုံး မှား ယွင်းကုန်တာဖြစ်ပါတယ်”

ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုး ဖောက်မှုဆိုရာမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိ နေတယ်။ အဲဒီလိုပုံသဏ္ဌာန် ပေါင်းစုံကိုလေ့လာလိုက်တဲ့အခါ ၁၀ ချက်ကျော်ရှိနေတာ တွေ့ရတယ်။

၁) ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်း ကမ်းမလိုက်နာခြင်း (၀ါ) လိုက်နာမှုအား နည်းခြင်း၊

၂) နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားပြု လုပ်ခြင်း၊ ကိုယ်ကျိုးအတွက်အသုံးပြု ခြင်း၊

၃) ၀န်ကြီးဌာနအချို့မှာ ရသုံးမှန်းခြေ ငွေစာရင်းကို တိတိကျကျဆောင်ရွက်မှု မရှိခြင်း၊

၎) ပြည်ထောင်စုအစိုးရကချပေးလိုက်တဲ့ ဘတ်ဂျက်ငွေကို စီမံကိန်းအကောင် အထည်ဖော်တဲ့အခါ သတ်မှတ် ကာလ အတွင်းမသုံးစွဲခြင်း၊

၅) ပြည်ထောင်စုအစိုးရက ချပေးတဲ့ ဘတ်ဂျက်ငွေကို အခြားလုပ်ငန်းများတွင် အသုံးပြုခြင်း၊

၆) ပြည်ထောင်စုအစိုးရက ချပေး လိုက်တဲ့ဘတ်ဂျက်ငွေကို သတ်မှတ်ကာလ အတွင်း အသုံးမပြုနိုင်ပါက ပြန်လည်အပ် နှံမှုမရှိခြင်း၊

၇) နိုင်ငံတော်မှ ရရှိမယ့် အကျိုးစီးပွား များကို သက်ဆိုင်ရာတာဝန်ရှိသူ အဆင့် ဆင့်က စီးပွားရေးလုပ်ငန်းရှင် အချို့နှင့်ပူး ပေါင်းကာ ကိုယ်ကျိုးအတွက်အသုံးချခြင်း၊

၈) လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီများထံ လက်သိပ်ထိုးအပ်နှံခြင်း၊

၉) ပစ္စည်းများဝယ်ယူရာမှာ ပွင့်လင်း မြင်သာမှုမရှိခြင်း၊

၁၀) ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းနှင့်စာရင်းဇယားများ ပြီးပြတ်အောင် ဆောင်ရွက်ရမှာ ဖြစ်သော်လည်း ဘဏ္ဍာရေးနှစ်ကုန်ပြီးမှသာ အပြီးသတ်နိုင်ခြင်း၊

၁၁) နိုင်ငံတော်၏ ရသုံးဘဏ္ဍာပိုလျှံ ငွေများကို မတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပေမယ့် သတ်မှတ် ရက်ထက် ကျော်လွန်အပ်နှံခြင်း၊

၁၂) ဘတ်ဂျက်သုံးစွဲမှုတွင် မပါဝင်သော လုပ်ငန်းများအား မသက်ဆိုင်သော လုပ်ငန်းခေါင်းစဉ်အောက်မှ ထုတ်နုတ်သုံး စွဲခြင်း၊

၁၃) ဘတ်ဂျက်လျာထားမှုမှ ပိုလျှံငွေ များကို ပြန်လည်အပ်နှံမှုမရှိခြင်း၊

၁၄) မသုံးစွဲဖြစ်လိုက်တဲ့ (၀ါ) ပိုလျှံ ဘဏ္ဍာငွေတွေကို ဌာနဆိုင်ရာဘဏ်စာရင်း ထဲမှာ ထားခြင်း၊ တာဝန်ရှိသူ တစ်ဦးဦးရဲ့ ကိုယ်ပိုင်ငွေစာရင်းထဲမှာ ထည့်သွင်းထား ခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း၊

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့တဲ့ ၂၀၁၃/၁၄ဘဏ္ဍာနှစ် နိုင်ငံတော် အရအသုံးစာရင်းများအပေါ် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာပေါ်မှာ ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီက လေ့လာသုံးသပ် တဲ့အခါ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းချိုးဖောက်မှုတွေ ယခင်နှစ်ထက်ပိုများ လာတယ်လို့ ဆိုပါတယ်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးမောင်တိုးက “ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတွေကို နှိုင်း ယှဉ်ကြည့်ရင် ၂၀၁၂/၁၃ ဘဏ္ဍာရေးနှစ်ထက် ၂၀၁၃/၁၄ ဘဏ္ဍာရေးနှစ်မှာ နှစ်ဆကျော် တိုးလာတာတွေ့ရ တယ်။ ဒါဟာကောင်းတဲ့ လက္ခဏာ၊ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး”လို့ ပြောဆိုခဲ့တယ်။

ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်တာနဲ့ ပတ်သက်ပြီးဒုတိယ “ဆွဲထုတ်”ပြစရာ အချက်က ဘတ်ဂျက်အလွဲ သုံးစားမှုဖြစ် ပေါ်လာရတဲ့ အကြောင်းတရားတွေပဲဖြစ် ပါတယ်။

ငွေကြေးအလွဲသုံးစားမှုတွေ ဖြစ်ပေါ် လာရတဲ့ အဓိကရေသောက်မြစ်ကတော့ လစာငွေမလုံလောက်ခြင်းပဲ ဖြစ် ပါတယ်။ အစိုးရ၀န်ထမ်းတွေရရှိတဲ့ လစာငွေ၊ ထောက်ပံ့ကြေးတွေက တရိပ်ရိပ်တက်နေ တဲ့ကုန်ဈေးနှုန်း၊ လူနေ မှုစရိတ်၊ သားသမီးတွေရဲ့ပညာသင်ကြားစရိတ် အစရှိတာတွေ နဲ့ မကာမိတော့လို့ ငွေကြေးအလွဲသုံးစား မှုတွေဆီကို တွန်းပို့နေသလို ရှိနေတယ်။

လစာငွေမလုံလောက်တာကို အခြေခံ ပြီးဖြစ်ပေါ်လာတဲ့ ဆင့်ပွားအချက် ၂ချက် ကလည်း ငွေကြေးအလွဲ သုံးစားမှု လမ်းကြောင်းပေါ် ရောက်ရှိသွားစေတယ်။ အဲဒီ ဆင့်ပွားအချက်တွေက “လောဘ”နဲ့“ထိန်း ကျောင်းကြပ်မတ်မှု နည်းပါးခြင်း”တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ထုံးလုပ်နည်းအရ ငွေ ကြေးအလွဲသုံးစားမှုတွေ၊ ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်း ချိုးဖောက် မှု တွေဆီကိုတွန်း ပို့နေတဲ့ အခြေခံအချက် ၂ ချက်လည်း ရှိ နေပါတယ်။

ပထမအချက်က အစိုးရဌာနအချို့မှာ ဌာနတွင်းစာရင်းစစ်မရှိခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်း လုပ်ငန်း တွေ ကို အလေးထားဆောင်ရွက်မှု မရှိခြင်းဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဌာနတွင်းစာရင်းစစ်တွေက တစ်ဆင့် စာရင်းအင်းတွေကို အောက်ခြေအဆင့်မှာပဲ စနစ်တကျစိစစ်ပြုစုသွားမယ် ဆိုရင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းချိုး ဖောက်မှုတွေ လျော့သွားမှာဖြစ်သလို ငွေ ကြေးအလွဲသုံးစားမှုတွေကိုလည်း ဟန့်တားနိုင်မှာ ဖြစ် ပါတယ်။

ဒုတိယအချက်က ပြည်သူ့ဘဏ္ဍာရေး နှင့်ငွေကြေးဥပဒေမရှိခြင်းဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်း ဥပဒေရေး ဆွဲပြဌာန်းထားခြင်း မရှိသေးလို့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေဖြစ်ပေါ်လာတဲ့အခါ၊ ငွေ ကြေး အလွဲသုံးစားမှုတွေ ဖြစ်ပေါ်လာတဲ့ အခါ ပြည်ထောင်စုစာရင်းစစ်ချုပ်က ဌာနဆိုင်ရာတွေကို တရားစွဲဆိုခြင်း၊ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ ဌာနဆိုင်ရာ တွေမှာ လက်ရှိဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့ပဲလုပ်ဆောင်နေရတဲ့အခါမှာ လိုက်နာ ကျင့်သုံးမှုအားနည်းသလို အရေး ယူမှုနည်း ပါးတာကိုတွေ့ရပါတယ်။

အားလုံးကို ပြန်ချုပ်လိုက်ရင် သမ်္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နှစ်စဉ် ဘဏ္ဍာရေးလိုငွေပြခြင်း အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက် မှု၊ငွေကြေး အလွဲသုံးစားမှုတွေကြောင့်“တစ်ပူပေါ် တစ်ပူဆင့်”လာစေတယ်။ ဒါကြောင့် ပြည်သူတွေ ယုံကြည်မှုရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်လာအောင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုတွေကို မေးခွန်းထုတ် စရာဖြစ် လာတယ် မဟုတ်ပါလား။

မောင်သုတ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment