( DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ် တာဝန်မှအနားယူ


ပုံစာ - ယနေ့မှစတင်ကာ တာဝန်မှ အနားယူသွားသည့် ဗိုလ်ချုပ်ကြီးစောလားပွယ်။
မတ် - ၂၁ - ၂၀၁၅

ဒီမိုကရေဒီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ စစ်ဦးးစီးချုပ်သည် ကျန်းမာရေး အခြေအနေကြောင့် ယနေ့မှစတင်ကာ တာဝန်မှ အနားယူလိုက်ပြီး ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မိုရှေးကို အစားထိုးခန့်အပ်လိုက်သည်။

၎င်းအနားယူသည့် ထုတ်ပြန်ချက်ကို ယနေ့ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး (DKBA) အဆင့်မြင့် တပ်မှူးများ အပါအ၀င် အခြေချ စစ်ဗျူမှူးများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ်တို့ကိုလည်း မိတ္တူ များ ပေးပို့ခဲ့ငည်။

အဆိုပါ ထုတ်ပြန်ချက် မှန်ကန်သည့်အကြောင်း (DKBA) ဌာနချုပ်မှ ဗိုလ်မှူးထွန်းထွန်း (စစ်ဦးစီးဒုတိယတန်း) က ကရင်အမျိုးသား (မီဒီယာ) ကို အတည်ပြု ပြောဆိုခဲ့သည်။

ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မိုရှေးသည် ယနေ့မှစတင်ကာ စစ်ဦးစီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ပြီးဟုလည်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment