အရှေ့အလယ်ပိုင်းအရှုပ်အထွေး နှစ်ဖက်စလုံးတွင် ပါဝင်နေသော အမေရိကန်

အရှေ့အလယ်ပိုင်းတွင် သြဇာလွှမ်းမိုးနိုင်ရေးတိုက်ပွဲမှာ ရှီးဟိုက်နှင့် ဆွန်နီဟူသော အစ္စလာမ်ဘာသာ၏ ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ရှေးကျသော ရန်လိုမုန်းတီးမှုမှ အစပြုခဲ့ပါသည်။ သို့သော် ယခုအခါ ယင်းကိုမောင်းနှင်နေသော အခြင်းအရာမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဦးဆောင်သော အာရပ်နိုင်ငံများနှင့် အီရန်နိုင်ငံတို့ကြားက ခေတ်သစ်အာဏာလုပွဲ ဖြစ်ပါသည်။
ယင်းတိုက်ပွဲကို ဆီးရီးယားမြောက်ပိုင်းမှ အီရတ်၊ ယီမင်အထိ မိုင်ပေါင်း ၂၀၀၀ ကျော် စစ်မြေပြင်တစ်လျှောက်တွင် ဖြစ်ပေါ်နေချိန်မှာပင် ရှီးဟိုက်နှင့် ဆွန်နီပဋိပက္ခများကို မသိကျိုးကျွန်ပြုခဲ့သော အမေရိကန်နိုင်ငံမှာလည်း အရှုပ်အထွေးအတွင်း ဆွဲသွင်းခံနေရသည်။
ယမန်နေ့ကဆိုလျှင် အမေရိကန်တပ်ဖွဲ့များမှာ နှစ်ဖက်စလုံးတွင် တစ်ပြိုင်နက်တည်း ပါဝင်ပတ်သက်နေသည်။
အီရတ်နိုင်ငံတွင် အမေရိကန်ဦးဆောင်သော တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များက မဟာဗျူဟာကျသော တီကရစ်မြို့မှ ဆွန်နီစစ်သွေးကြွများကို မောင်းထုတ်ရေး ရပ်တန့်နေသော ထိုးစစ်တွင် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် အီရန်ရှီးဟိုက်စစ်တပ်ကို အကူအညီပေးရန် ဒုတိယမြောက်နေ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ယီမင်နိုင်ငံတွင် ဆွန်နီများ လွှမ်းမိုးထားသော နိုင်ငံဒေသအများအပြားကို သိမ်းယူထားပြီး အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ရှီးဟိုက်မွတ်စလင်သူပုန်များကို ဖြုတ်ချရေး ရည်ရွယ်၍ ဆော်ဒီအာရေးဗီးယား၏ ဗုံးကြဲတိုက်ခိုက်မှုများတွင် အမေရိကန်နိုင်ငံက ထောက်လှမ်းရေးနှင့် အခြားစက်ပစ္စည်းအကူအညီများ ထောက်ပံ့နေသည်။
အခြေအနေကို ပိုမိုရှုပ်ထွေးပြီး အန္တရာယ်ပြွမ်းစေသည်ကတော့ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန်ရည်ရွယ်၍ အီရန်ဆွေးနွေးညှိနှိုင်းရေး နောက်ဆုံးရက် သတ်မှတ်ချက်အမီပြီးစီးရန် အမေရိကန်နှင့် အခြားအင်အားကြီးငါးနိုင်ငံက လုပ်ဆောင်နေစဉ် စစ်ရေးတိုက်ခိုက်မှုများ ရှိလာခြင်းဖြစ်သည်။
ယမန်နေ့က သမ္မတအိုဘားမားနှင့် အခြားအင်အားကြီး ငါးနိုင်ငံထံ ရေးသားပေးပို့ခဲ့သောစာတွင် အီရန်သမ္မတရိုဟာနီက ဆော်ဒီအာရေးဗီးယားလေကြောင်းတိုက်ခိုက်မှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။ သို့သော် ယင်းကိစ္စမှာ နျူကလီးယားသဘောတူညီချက်လမ်းပေါ်တွင် ရောက်နေသည်ဟုတော့ မဆိုလိုခဲ့ပေ။
ဆော်ဒီအာရေးဗီးယား၏ တိုက်ခိုက်မှုများမှာ ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေသည်ဟု ၎င်း၏စာပါအကြောင်းအရာကို လူမှုဝက်ဘ်ဆိုက်တွစ်တာမက်ဆေ့ခ်ျတွင် ဖော်ပြခဲ့သည်။
အိမ်ဖြူတော်အရာရှိများကမူ စာတစ်စောင်အကြောင်းသာ ပြောကြားပြီး ရိုဟာနီ၏မက်ဆေ့ခ်ျကိုမူ အငြင်းမပွားခဲ့ပေ။
စိတ်ရှုပ်ထွေးစရာ နာမည်ခံမဟာမိတ်အများအပြားရှိနေသော်ငြားလည်း ဆွန်နီဖြစ်စေ၊ ရှီးဟိုက်ဖြစ်စေ တည်ငြိမ်မှုကို ခြိမ်းခြောက်သော သူပုန်များထက် အခိုင်အမာတည်ရှိသော အစိုးရများကို အမေရိကန်က အကူအညီပေးသည့် အစဉ်အလာကို အရှေ့အလယ်ပိုင်းကျွမ်းကျင်သူများက မြင်တွေ့ကြသည်။
‘‘ဒေသတွင်းမှာ အစိုးရအာဏာကို အကာအကွယ်ပေးတဲ့ပုံစံကို အမေရိကန်က မှန်မှန်ကြီးကျင့်သုံးပါတယ်။ အဲဒါဟာ လက်ရှိဒေသတွင်းက အမျိုးသားရေးပုံသဏ္ဌာန်ပါပဲ’’ ဟု ၀ါရှင်တန်မြို့မှ ဂျွန်ဟော့ပ်ကင်း အဆင့်မြင့် နိုင်ငံတကာ လေ့လာမှုများကျောင်းမှ ပါမောက္ခချုပ် ဗာလီနာဆာက ပြောကြားသည်။
‘‘အိုင်အက်စ်စစ်သွေးကြွတွေကို တိုက်ပွဲဝင်နေတဲ့ အီရတ်နိုင်ငံနဲ့ ဟိုသီသူပုန်တွေ စီးနင်းခံထားရတဲ့ ယီမင်နိုင်ငံတွေမှာ အစိုးရပြိုကွဲပြီး ကျရှုံးသွားတဲ့ နိုင်ငံမျိုးတွေ ဖြစ်လာအောင် လုပ်ဆောင်နေတဲ့ အင်အားစုတွေကို အိုဘားမားအစိုးရက ဆန့်ကျင်နေပါတယ်’’ ဟု တယ်လီဖုန်းဖြင့် မေးမြန်းမှုတွင် နာဆာက ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ ပြောကြားသည်။
ယီမင်နိုင်ငံတွင် ဆော်ဒီ၏ ကြားဝင်ဖြေရှင်းမှု၌ အမေရိကန်နိုင်ငံက ဝေဟင်ထောက်လှမ်းရေးနှင့် မြေပြင်ထောက်လှမ်းရေးအကူအညီအပြင် သယ်ယူပို့ဆောင်ရေး အထောက်အပံ့လည်း ပေးနေသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီးယာ့ဒ်မြို့တွင် ပူးတွဲစစ်ဆင်ရေးစင်တာကို ထူထောင်ထားပြီး လေကြောင်းတိုက်ခိုက်မှုများအတွက် အမေရိကန်နှင့် ဆော်ဒီစစ်ဘက်အရာရှိကြီးများ ပူးတွဲလုပ်ကိုင်နေသည်။
ယီမင်နိုင်ငံတွင် ဆော်ဒီ၏ စစ်ဆင်ရေးကို ထောက်ပံ့ရန် ဆုံးဖြတ်ချက်မှာ အမေရိကန်၏ သမိုင်းဝင် မဟာမိတ်များဖြစ်သော ဆော်ဒီအာရေးဗီးယားနှင့် အခြားပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံငယ်များကို အာမခံချက်ပေးရန် ဖြစ်သည်။
၎င်းတို့ကလည်း အာရေဗျကျွန်းဆွယ်ပေါ်မှ ရှီးဟိုက်တို့၏ ခြိမ်းခြောက်မှုမှာ ၎င်းတို့၏ တည်ရှိမှုကိုပါ အန္တရာယ်ရှိသည်ဟု ရှုမြင်ကြပြီး အထူးသဖြင့် ယခုအခါ အီရန်က ဒေသတွင်း၌ သြဇာကြီးမားလာသည်ဟု ထင်မြင်ကြသည်။
အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ အီရတ်တွင် အိုင်အက်စ်အဖွဲ့အပေါ် စစ်ဆင်ရေးတွင် အမေရိကန်စစ်ဘက်က အီရန်နှင့် မသိမသာ ပူးပေါင်းဆောင်ရွက်မှု၊ အီရန်ကနောက်မှ ထောက်ခံပေးနေသော ဆီးရီးယားစစ်ပွဲတွင် ပါဝင်ရန် အမေရိကန်၏ တွန့်ဆုတ်မှုများမှနေ၍ အမေရိကန်၏ မူဝါဒမှာ အီရန်ဘက်သို့ ယိမ်းယိုင်နေပြီလားဆိုသော အတွေးများ ဆွန်နီအာရပ်နိုင်ငံများကြား ထွက်ပေါ်လာစေခဲ့သည်။
‘‘ငြင်းဆိုမှုတွေ ရှိနေပေမယ့်လည်း အမေရိကန်ဟာ ဆွန်နီအာရပ်တွေဘက်ကနေ တခြားဘက်ကို ယိမ်းသွားသလို ဖြစ်ခဲ့တယ်။ ယီမင်မှာ အခုလို ဆော်ဒီနဲ့အတူ ကြားဝင်မှုအတွက် အမေရိကန်က ဆွန်နီအာရပ်နိုင်ငံတွေကို အခိုင်အမာ ထောက်ခံနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရလာခဲ့တယ်’’ဟု ဗာလီနာဆာကဆိုသည်။
အမေရိကန်အနေဖြင့်လည်း ဆွန်နီအာရပ်မဟာမိတ်များကို အာမခံချက်ပေးရန် အကြောင်းပြချက်များစွာရှိပါသည်။ ဥပမာအားဖြင့်ဆိုလျှင် အီရန်နိုင်ငံဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်ရှိလာစေခဲ့သော နိုင်ငံတကာ ပိတ်ဆို့တားဆီးမှုများ ထိရောက်စေရန် ဆော်ဒီအာရေးဗီးယားနိုင်ငံက ရေနံအမြောက်အမြား ဆက်ထုတ်ခဲ့သည်။ ထို့အပြင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲများတွင် အန္တရာယ်အရှိဆုံး အာရပ်ကျွန်းဆွယ်မှ အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ကြီးထွားမလာစေရန် ယီမင်နိုင်ငံ ဥပဒေမဲ့တိုင်းပြည်ဖြစ်မလာရေး အမေရိကန်က ကာကွယ်ရမည်ဖြစ်သည်။
မျက်နှာစာများစွာ ပါဝင်သော ယီမင်ပြည်တွင်းစစ်တွင် သံတမန်ရေးအရ အဖြေရှာတွေ့ရေး အမေရိကန်က ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သည်။ ဟိုသီသူပုန်များအား အီရန်၏ စစ်ရေးထောက်ပံ့မှုအတိုင်းအတာကိုလည်း မကြာသေးမီအချိန်အထိ ကန်အရာရှိများက အသားပေးပြောဆိုမှုမရှိခဲ့ပေ။ ယခုအခါတွင်မူ ဆော်ဒီအာရေးဗီးယားနိုင်ငံအား လူသိရှင်ကြား ထောက်ခံခြင်း ဖြင့် အမေရိကန်မှာ အကျိုးအမြတ်ရ ရန်ရှိသည်။
ပြယုဂ်လက္ခဏာများ အ လေးပေးသော ဒေသတွင် ယီမင် နိုင်ငံတွင် လေကြောင်းထိုးစစ်များ စတင်သော သတင်းကို သာမန်အားဖြင့် မီဒီယာများနှင့် ရောရောနှောနှောမရှိသော ဆော်ဒီသံအမတ်ကြီးက ၀ါရှင်တန်မြို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယီမင်နိုင်ငံတွင် ကြားဝင်ကိုင်တွယ်ရေးကို ဆော်ဒီအာရေးဗီးယား ပါရှန်ပင်လယ်ကွေ့နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့က အချိန်အတန်ကြာကပင် ဆွေးနွေးခဲ့သည်ဟု ဆော်ဒီသံအမတ်ကြီး ဂျူဘီယာကပြောသည်။ သို့သော် ယီမင်နိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ဖြစ်သော အေဒင်မြို့သို့ ဟိုသီသူပုန်များ လျင်မြန်စွာ ချီတက်လာပြီးနောက်တွင် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံက ဒေသတွင်းစစ်ပွဲတစ်ပွဲကို မစတင်လိုခဲ့ဟု ဂျူဘီယာက ပြောကြားပြီး မိမိတို့၏ စစ်ဆင်ရေးကို ကာတာမှ အီဂျစ်အထိ ဆွန်နီနိုင်ငံများက ထောက်ခံပြီး စစ်ဆင်ရေးတွင် ပါဝင်ရန် ကမ်းလှမ်းကြသည်ဟုလည်း ၎င်းကပြောသည်။ အီရန်နိုင်ငံက ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ဆော်ဒီသံအမတ်များက ပြောကြားပြီး လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်နှင့် လက်ဘနွန်နိုင်ငံတို့တွင် အီရန်လက်နက်များနှင့် အကြံပေးများ ရောက်ရှိနေခြင်းကို ၎င်းကထောက်ပြသည်။ 
အမေရိကန်လွှတ်တော်၏ လက်နက်ကိုင်လုပ်ငန်းများ ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း ဒေသတွင်း မတည်ငြိမ်မှုများအတွက် အီရန်နိုင်ငံအား အပြစ်တင်သည်။ အီရတ်နိုင်ငံတွင် အမေရိကန်စစ်သားများနှင့် မရိမ်းတပ်ဖွဲ့များစွာကို သတ်ဖြတ်ခဲ့သော အီရန်နောက်ခံ ရှီးဟိုက်လက်နက်ကိုင်အဖွဲ့များက အီရန်အစိုးရ၏ စစ်ရေးအစီအစဉ်များကို ဦးဆောင်နေပြီး အိုင်အက်စ်အဖွဲ့ထွက်ပေါ်လာစေခဲ့သည့် ဘာသာရေးတင်းမာမှုများကို ပိုမိုဆိုးရွားလာစေခဲ့သည်ဟု မက်ကိန်းက ပြောသည်။
လူပေါင်းနှစ်သိန်းကျော် သေဆုံးခဲ့သော ဆီးရီးယားစစ်ပွဲတွင်လည်း အီရန်မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဂျွန်မက်ကိန်းကပြောသည်။
ယမန်နေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်နှင့် တွေ့ဆုံချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယီမင်လေကြောင်းတိုက်ခိုက်မှုများအကြောင်း ပြောဆိုခဲ့သည်။
သို့သော် ယင်းမှာ ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမဟုတ်ဘဲ အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် နိုင်ငံတာအသိုင်းအ၀ိုင်း၏ စိုးရိမ်မှုသည်သာ အဓိကကိစ္စဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အိမ်ဖြူတော် မီဒီယာအတွင်းဝန် ဂျော့ရှ်အားနက်စ်ကလည်း ယီမင်လေကြောင်းတိုက်ခိုက်မှုများအား အမေရိကန်က အထောက်အပံ့ပေးခြင်းမှာ အီရန်နှင့် နျူဆွေးနွေးပွဲများကို ထိခိုက်မည်မဟုတ်ဟု ပြောကြားသည်။ နျူသဘောတူညီချက် အောင်မြင်ခဲ့လျှင်ပင် အီရန်၏ အပြုအမူနှင့်ပတ်သက်၍ ရှည်လျားသော စိုးရိမ်ပူပန်မှုများကို ပျောက်ကွယ်သွားစေမည်မဟုတ်ဟု အိမ်ဖြူတော်အတွင်းဝန်ကဆက်ပြောသည်။ 
—Ref: US Finds itself on both sides at ones in Middle East : LA Times
ကြည်နေဝင်းမင်း
Source:7daydaily.com


  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး


  • မျက်နှာမှာ ဆင်နှာမောင်း ပုံစံရှိနေ တာမို့ ဟိန္ဒူ နတ်ဘုရားမှ ဖန်ဆင်းထားသူ အဖြစ် ယုံကြည်နေကြ
  • ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းသွား ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကလေးငယ်
  • ရှုတင်မှာ ဘတ္ထရီတုံး ခေါင်းပေါ်ပြုတ်ကျလို့ ခေါင်းပေါက်သွားခဲ့တဲ့ သွန်းဆက်က သင်္ကြန်ကို           အိမ်မှာနားဖြစ်မယ်လို့ ဆို
  • ဗီဒီယိုပိုင်းမှာ စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်လျော့ချလိုက်တဲ့ မိုးယုစံ
  • မဏ္ဍပ်ထိုင်ဖြစ်ရင် Alpine မဏ္ဍပ်မှာပဲ ရှိပါမယ်လို့ ဆိုလိုက်တဲ့ နန်းဆုဦး
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment